ရပ်ဝေးမှာအလုပ်လုပ်ရင်း အိမ်သို့ခနအလည်ပြန်ခဲ့တဲ့သမီးဖြစ်သူအား နွေးထွေးစွာ ကြိုဆိုကာ အိမ်ထဲအထိပွေ့ချီရင်း ဝမ်းသာစိတ်လှုပ်ရှားနေခဲ့တဲ့ ဖခင်တစ်ဦး(ရုပ်သံ)

မိဘအများစုအတွက် ၎င်းတို့ရဲ့သားသမီးများဟာ ဘယ်လောက်ဘဲအသက်ကြီးလာနေပါစေ ၎င်းတို့အတွက် ကလေးလေးလိုဘဲရှိနေစေတတ်ကြပါတယ်။ မကြာသေးခင်က ဖခင်တစ်ဦးရဲ့ တိုင်းတစ်ပါးဖြစ်တဲ့ထိုင်ဝမ်မှာ အလုပ်သွားလုပ်ရင်း အိမ်သို့အားလပ်ရက်အဖြစ်ခနပြန်လာတဲ့သမီးဖြစ်သူအား အနွေးထွေးဆုံးဖြင့်ကြိုဆိုပေးနေခဲ့တဲ့ဗီဒီယိုဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ Batangas မြို့ရှိ Batangas State University မှ စက်မှုပညာရေး BS ဘွဲ့ရတဲ့ သမီးဖြစ်သူ Jeaprilyn De Padua II ဟာ ထိုင်ဝမ် Taichung မြို့ရှိ Lingsen Precision Ind. Ltd ကုမ္ပဏီမှာ အလုပ်လုပ်နေသူတစ်ဦးဖြစ်ပါတယ်။

များစွာသော ပြည်ပလုပ်သား(OFWs)များကဲ့သို့ပင် Jeaprilyn ဟာ သူမရဲ့အလုပ်ကြောင့် မိသားစုဝင်များနှင့်အနည်းဆုံးတစ်နှစ်အကြာ ဝေးကွာနေခဲ့ရပါတယ်။ နည်းပညာများကြောင့် မိသားစုဝင်များနှင့်ဆက်သွယ်ရလွယ်ကူပေမဲ့လည်း Jeaprilyn နှင့်သူမရဲ့မိဘများအတွက် စိတ်ပိုင်းဆိုင်ရာမှာ ခက်ခဲစေခဲ့ကြပါတယ်။

နောက်ဆုံးတော့ Jeaprilyn ဟာ သူမရဲ့အားလပ်ရက်ကို ယူနိုင်ခဲ့တဲ့အခါ သူမဟာ သုံးဘီးဆိုင်ကယ်ဖြင့်သူမတို့ရဲ့နေအိမ်ရှေ့သို့ ရောက်လာခဲ့ပြီး သမီးဖြစ်သူကိုပြန်တွေ့ဖို့အရမ်းစိတ်လှုပ်ရှားနေခဲ့တဲ့အဖေဖြစ်သူက သူမအား နွေးထွေးစွာနှုတ်ဆက်ကြိုဆိုခဲ့ပါတော့တယ်။

ထို့နောက် အဖေဖြစ်သူဟာ သူမအား ကလေးတစ်ယောက်လိုပွေ့ဖက်ရင်း ချီလိုက်ပါတယ်။ သမီးဖြစ်သူအိမ်ပြန်ရောက်လာတော့ ဝမ်းသာမျက်ရည်များဖြင့်အော်ဟစ်ရင်း အရွယ်ရောက်နေပြီဖြစ်တဲ့သမီးကိုအိမ်ထဲသို့ပွေ့ချီဝင်ခဲ့တဲ့ဖခင်တစ်ဦးကို မြင်ရခြင်းက အရမ်းကို ချိုမြိန်လှပါတယ်။

၎င်းဗီဒီယိုဖိုင်ဟာ ပျံ့နှံ့သွားခဲ့ပြီးနောက် netizen များက ၎င်းတို့ရဲ့ဖခင်များကိုလည်း လွမ်းဆွတ်စေမိပြီး ၎င်းတို့လည်း ထိုကဲ့သို့သော အတွေ့အကြုံမျိုးကို ကြုံလာစေဖို့ ဆုတောင်းနေခဲ့ကြပါတယ်။

အချို့ကလည်း သူမရဲ့ဖခင်က အမေဖြစ်သူကိုတောင် သမီးအိမ်ပြန်လာတာကို သတိမပေးနိုင်တော့တဲ့အထိ သမီးကိုငိုရင်းပွေ့ဖက်ထားခဲ့ပုံကိုကြည့်ခြင်းအားဖြင့် သမီးဖြစ်သူကို သူဘယ်လောက်လွမ်းနေလိုက်မလဲဆိုတာကို ခန့်မှန်းမိစေကြောင်း ဆိုခဲ့ကြပါတယ်။

အချို့ကလည်း ၎င်းတို့ရဲ့အဖေလည်း ၎င်းတို့အိမ်ပြန်ရောက်ရင် ထိုကဲ့သို့ပွေ့ချီနိုင်ရန် ၎င်းတို့ရဲ့ကိုယ်အလေးချိန်ကိုကျထားဖို့လိုအပ်ကြောင်းဟု အရွှန်းဖောက်ခဲ့ကြပါသေးတယ်။ ဟုတ်ပါတယ် ၊ မိဘတိုင်းကတော့ ကိုယ့်ရဲ့သားသမီးတွေကို ငွေရှာဖို့ ဘာဘဲလုပ်ရလုပ်ရဖို့အတွက် လွတ်ပေးထားတတ်ပေမဲ့ တစ်ကယ်တမ်း သူတို့ဟာ အထူးသဖြင့် သူတို့နဲ့ဝေးကွာလွန်းတဲ့နေရာမှာ အလုပ်သွားလုပ်ရတဲ့သားသမီးတွေကို ရင်ထဲသမမနဲ့ စိတ်ပူကာတွေးတောနေတတ်ကြပါတယ်။

Mia (Mckzone Daily)

  • Leave a Comment

Categories