အစီအစဥ်တကျဖြစ်နေတဲ့ အရာဝတ္ထုပစ္စည်းတွေဟာ ကြည့်ပျော်ရှူပျော်ဖြစ်ပြီး စိတ်ကျေနပ်မှုကို ရရှိနိုင်မှာတော့အမှန်ပါပဲ။ ထိုကဲ့သို့ပဲ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့အရာများနဲ့ အရာဝတ္ထုပစ္စည်းတွေကိုလည်း အစီအစဉ်တကျနဲ့ တွေ့မြင်လိုက်ရတဲ့အခါမှာ စိတ်ကျေနပ်စရာကောင်းလှတဲ့ခံစားမှုကို ရစေနိုင်မှာပါ။ အောက်ဘက်မှာတော့ ကြည့်လိုက်တာနဲ့ စိတ်ကျေနပ်စရာကောင်းလှတဲ့ အရာဝတ္ထုပစ္စည်းတွေရဲ့ဓာတ်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။
၂။ ကြည့်လိုက်တာနဲ့တင် လုပ်ပေးထားသူက ဘယ်လောက်တောင် စေတနာရှိလဲသိနိုင်တယ်။ ဒီလောက်အထိ စီစီရီရီ ထားဖို့ဆိုတာ စိတ်ပါမှပဲ လုပ်ရကိုင်ရအဆင်ပြေမှာပါ။
၃။ ဈေးထဲမှာရောင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စနစ်တကျ လှလှပပနဲ့ ကိုထားထားတာပါ။ သေချာတာကတော့ ပုံပျက်အောင် မလုပ်ရက်တော့ဘူးဆိုတာပါပဲ။
၄။ ရေခဲတောင်ကြီးရယ် သူ့ရဲ့ကျနေတဲ့အရိပ်ရယ်က ရေပြင်ကြီးကို တိတိကျကျပဲ လေးပိုင်းခွဲထားသလို ဖြစ်နေပါတယ်။
၅။ စာအုပ်ပေါ်ကတောင်တန်းကို အပြင်မှာတွေ့ခဲ့ပြီ။
၆။ ပြတင်းပေါက်ကနေ ကျနေတဲ့နေရောင်က တိုက်တိုက်ဆိုင်ဆိုင် ပန်းချီးကားချပ်ထဲမှ မီးပြတိုက်က မီးထွန်းနေသလိုပါပဲ။
၇။ ကြက်ဥအနှစ်လေးတွေ ညီညီညာညာနဲ့ ကြည့်ကောင်းနေတယ်
၈။
၉။ ကမ်းခြေမှာရှိတဲ့ လှိုင်းလုံးကြီးတွေဟာ ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။
၁၀။
၁၁။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သေသေချာချာလေးစီထားတော့ ကြည့်ရတာစိတ်ချမ်းသာတယ်။
၁၂။ နေပူနေတဲ့အခြမ်းနဲ့ နေရိပ်နေတဲ့အခြမ်းက တစ်ဝက်စီကွက်တိဖြစ်နေပါတယ်။
၁၃။ ရေပိုက်ခေါင်းကနေ ကျလာတဲ့ရေက ရေစီးပေါက်ထဲကို ကွက်ထိ ဝင်သွားခဲ့ပုံ။
၁၄။ သဘာဝအတိုင်း ကုဗတုံးပုံစံဖြစ်ပေါ်နေတဲ့ ကျောက်တုံးဖြစ်ပါတယ်။
၁၅။ အညှာကနေ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတဲ့ ငရုတ်သီးအရောင်
၁၆။ ကုလားထိုင်ကြားထဲကနေ အလင်းရောင်ဖောက်ထွက်လာတာကြောင့် စားပွဲခုံပေါ်မှာ ရောင်စဉ်လေးတွေ လှလှပပလေးပေါ်နေတာဖြစ်ပါတယ်။
၁၇။ ရောင်စုံပန်းချီကားတစ်ချပ်လို့ တင်စားရလောက်အောင် လှပနေတဲ့သစ်ပင်ကြီး
၁၈။ အရိပ်က ကြွေပြားရဲ့ထောင့်မှာ ကွက်တိကျနေတယ်။
၁၉။ ဘောလုံးတစ်လုံးလိုလုံးနေတဲ့ နှင်းလုံးကြီး
၂၀။ ကော်ဖီထဲကို သကြားခဲလေးထည့်လိုက်တာ အကော်ဖီခွက်ထဲ သကြားခဲထည့်လိုက်တဲ့အချိန်မှာ ရိုက်ထားတဲ့ဓာတ်ပုံ
၂၁။ သဘာဝအတိုင်း ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်နေတဲ့ကျောက်ပြားဝိုင်း
၂၂။
၂၃။ ကြောင်လေးက အစာအိတ်နောက်ထဲ ဝင်ချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ရိုက်ကူးမိခဲ့တဲ့ဓာတ်ပုံ
၂၄။ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ရဲ့အရောင်ဒီဇိုင်းက စင်ပေါ်က ဇကာပေါက်နဲ့ တူနေတယ်။
၂၅။
Credit-megaquiz