အိမ်အတွက် ဝင်ငွေရအောင် ဟင်းသီးဟင်းရွက်များကိုရှာဖွေကာ တစ်ကိုယ်တည်းစျေးထဲသွားရောင်းပြီးမှ ကျောင်းသို့ဆက်သွားလေ့ရှိတဲ့ အသက် ၁၀ နှစ်အရွယ် ကောင်လေးတစ်ဦး

ဆင်းရဲတဲ့မိသားစုမှကလေးများဟာ များသောအားဖြင့် စောစီးစွာ ရင့်ကျက်လာကြရပါတယ်။ တရုတ်နိုင်ငံ Guizhou ပြည်နယ် တွင်နေထိုင်တဲ့ Tintin အမည်ရှိကောင်လေးဟာ အပေါ်ကစားသားကအမှန်ဖြစ်ကြောင်းသက်သေပြတဲ့ဥပမာများထဲကတစ်ခုသာဖြစ်ပါတယ်။ Tintin ရဲ့မိဘများဟာ မြို့ပေါ်မှာ အလုပ်လုပ်ကြပြီး သူဟာ အဖွားဖြစ်သူနှင့်အတူအိမ်မှာနေခဲ့ရပါတယ်။ အဖွားဖြစ်သူကလည်း အသက်ကြီးနေပြီဖြစ်သလို နေမကောင်းလည်းဖြစ်နေတာကြောင့် အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ Tintin ဟာ သူ့အဖွားကိုစောင့်ရှောက်ရန်ပေးရမဲ့တာဝန်ကို ယူခဲ့ရပါတယ်။

Tintinမှာ ညီလေးတစ်ယောက်နှင့် ညီမလေးတစ်ယောက်တို့ရှိပြီး သူဟာ အကြီးဆုံးဖြစ်တာကြောင့် သူ့ရဲ့တာဝန်များကိုလည်း အလိုက်တသိရှိနေခဲ့ပါတယ်။ Tintin ဟာ ဟင်းသီးဟင်းရွက်များကို ရှာဖွေရန် တောင်ပေါ်သို့မကြာခဏတက်ပြီး မိသားစုအတွက် ဝင်ငွေရှိရန် ၎င်းဟင်းသီးဟင်းရွက်များကို စျေးထဲမှာ ပြန်လည်ရောင်းချလေ့ရှိပါတယ်။

Tintin ဟာ ကတ်ဖာသေးသေးလေးတစ်ဖာစာရှိတဲ့ တောထဲမှဟင်းသီးဟင်းရွက်အချို့ကို ကျောင်းသို့မသွားခင် ၎င်းအားစျေးထဲသို့သယ်သွားကာ ရောင်းချလေ့ရှိပါတယ်။အိမ်ရှင်မများနှင့် အဘွားတော်တော်များများကလည်း Tintin ကို သဘောကျကာ သူ့ရဲ့ပစ္စည်းများကို ဝယ်ယူဖို့ စျေးမေးတဲ့အခါတိုင်း Tintin က ဝမ်းသာအားရစွာ ပြန်ဖြေပေးတတ်ပါသေးတယ်။

ပထမတော့ Tintinဟာ သူ့ရဲ့ကျောင်းချိန်ပြီးမှ စျေးရဲ့ထောင့်လေးတစ်နေရာမှာ ရောင်းခဲ့ပေမဲ့ ရောင်းမကောင်းတာကြောင့် သူဟာ မနက်အစောထပြီး စျေးရောင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက်မှ သူဟာ ဟင်းသီးဟင်းရွက်များကုန်တာနဲ့ ကျောင်းကို တန်းသွားခဲ့ပါတယ်။ ပထမတော့ Tintin ဟာ စျေးရောင်းရတာကို ကြောက်လန့်နေခဲ့ပြီး သူ့ရဲ့ဟင်းသီးဟင်းရွက်များကို ဘယ်သူမှမဝယ်မှာကို စိုးရိမ်နေခဲ့ရပါတယ်။

သို့ပေမဲ့ အိမ်ရှင်မများက အသက်ငယ်ငယ်လေးနဲ့ ကြိုးစားနေတဲ့သူ့ကို သဘောကျကြတာကြောင့် သူ့ဆီမှ ဟင်းသီးဟင်းရွက်များကို ဝယ်ယူပေးခဲ့ကြပါတယ်။ Tintin ဟာ ဟင်းသီးဟင်းရွက်များကို ချိန်ခွင်ဖြင့် ချိန်ပြီးရောင်းပေမဲ့ သူ့ရဲ့ အလေးချိန် ချိန်တဲ့စကေးက မရှိသေးပေမဲ့ အိမ်ရှင်မများက သူဆေးအေးလုပ်နိုင်ဖို့အတွက် စိတ်ရှည်လက်ရှည်စောင့်ပေးခဲ့ကြပါသေးတယ်။

ထို့အပြင် အိမ်ရှင်မတစ်ဦးက သူ့ထံ စျေးဝယ်ရင်း သူ့အား ငွေအချို့ကို ပိုပေးခဲ့ပေမဲ့ Tintin ဟာ လက်မခံဘဲ သူ့ထံမှ စျေးဝယ်ပေးတာနဲ့တင် ကျေးဇူးတင်ကြောင်းပြန်ပြောကာ ၎င်းငွေများကို ငြင်းဆန်ခဲ့ပါတယ်။ ထို့အပြင် နောက်ထပ်သော အိမ်ရှင်မတစ်ဦးကလည်း ဂိမ်းအမြဲဆော့နေတဲ့သူမရဲ့အိမ်ကTintinနှင့်ရွယ်တူဖြစ်တဲ့သားက Tintin နှင့် တစ်ခြားစီဖြစ်နေတာကြောင့် Tintinအား ပြုံးပြရင်းချီးကျူးခဲ့သလို သူမရဲ့မျက်လုံးများကလည်း နီရဲကာ မျက်ရည်များပါစီးကျနေခဲ့ပါတယ်။

တစ်ကယ်လည်း Tintin ဟာ မိဘများရဲ့သွန်သင်ဆုံးမမှုနှင့် ဘဝအခြေအနေများကြောင့် မိဘများက ပြန်အားကိုးရတဲ့ အခြားသောကလေးအများစုနှင့်နှိုင်းယှဉ်လျှင် သူဟာ အလွန်ကိုရင့်ကျက်တဲ့ကောင်လေးတစ်ယောက်ဘဲ ဖြစ်ပါတယ်။

Mia (KBdailynews)

Reference : goodtimes

  • Leave a Comment

Categories