တီထွင်ဖန်တီးမှုတွေ ဆိုတာ တစ်နေ့တစ်ခြား မှိုလိုပေါ်ပေါက်လျက်ရှိပါတယ်။ အကောင်းဆုံးတီထွင်ဖန်တီးနိုင်မှုကတော့ လူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေသွားနိုင်စေပါတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ မြင်သူတိုင်းကို အံ့သြသွားစေနိုင်မယ့် တီထွင်ဖန်တီးသူတို့ရဲ့ အကောင်းဆုံးတီထွင်ဖန်တီးမှုတွေပဲဖြစ်ပါတယ်။
(၁)
ပလပ်ကြိုးရဲ့ အရင်းကို လက်နဲ့ တိုက်ရိုက်ကိုင်ပြီး ဆွဲဖြုတ်ခြင်းက အန္တရာယ်အရမ်းများလွန်းပါတယ်။
ဒီအချက်ကို ဖြေရှင်းလိုက်နိုင်တဲ့ မီးပလက်ကြိုး ဖန်တီးမှုတစ်ခုပါ။
(၂)
အဝတ်လျှော်စက်ထဲ အဝတ်တွေ ထည့်လျှော်ပြီး ခဏကြာမှ လျှော်ဖို့ အဝတ်တွေကျန်နေခဲ့တာမျိုး ကို အလုပ်ရှုပ်သူတိုင်း ကြုံဖူးလေ့ရှိပါတယ်။
ဒီပြသာနာကို သိထားတဲ့ တီထွင်ဖန်တီးသူတွေကတော့ အဝတ်လျှော်စက်အလုပ်လုပ်နေတုန်း မေ့ကျန်ခဲ့တဲ့ အဝတ်တွေကို ထပ်ထည့်ဖို့အတွက် အပိုနေရာလေးကို ထည့်ပြီးတီထွင်ပေးလိုက်ကြပါတယ်။
(၃)
ကိုယ့်ရဲ့ လုပ်ငန်းလိပ်စာကတ်ကို ဘယ်သွားသွားအရေးတယူ ဆောင်သွားတာမျိုးကို လိုချင်ပါသလား။
ဒီပုံထဲ လိပ်စာကတ်ဟာ မီးသီးပုံစံမျိုးဖန်တီးထားတာဖြစ်ပြီး မီးသီးလေးကို အပေါ်ထောင်လိုက်ရင် အမှောင်ထဲမှ အလင်းပေးနိုင်မှာဖြစ်ပါတယ်။
(၄)
အနံ့စွဲမှာကြောက်လို့ လက်နဲ့ မကိုင်ချင်ရင်တော့ အခုလိုမျိုး ထိုးစိုက်ထားပြီး
လှီးလို့ ရမယ့် အရာလေးကိုလည်း ဖန်တီးထားကြပါသေးတယ်။
(၅)
ကိုယ့်ရဲ့ သေးငယ်တဲ့ တီထွင်ဖန်တီးမှုတစ်ခုကလည်း ကမ္ဘာကြီးကို အလှဆင်နိုင်ပါတယ်နော်..
တောထဲက သေးငယ်တဲ့တိရစ္ဆာန်လေးတွေ လမ်းဖြတ်ကူးရင် တက်နင်းမိမှာစိုးလို့ လူတစ်ယောက်က သတိပေးတဲ့အနေနဲ့ ဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်။
(၆)
လမ်းကြောင်းအချက်ပြခြင်းကို ကားတွေမှာပဲ တွေ့နိုင်တာမဟုတ်ဘူးနော်…
စက်ဘီးအမြဲတမ်းစီးနေရတဲ့သူတွေလည်း အချက်ပြအင်္ကျီကို ဝတ်ဆင်နိုင်ပါတယ်။
(၇)
သံပုရာရနံ့ လေထု သန့်စင်စက်..သံပုရာရနံ့က လူ့ရဲ့ စိတ်ကိုကြည်လင်စေပါတယ်။
ပတ်ဝန်းကျင်လေထု ကိုလည်း သန့်စင်ပေးနိုင်တဲ့အပြင် သံပုရာရနံ့လေးနဲ့ဆိုတော့ တစ်နေကုန် စိတ်ကြည်လင်လန်းဆန်းစေနိုင်တယ်နော်..
(၈)
ဝေးကွာနေတဲ့ချစ်သူတွေနီးစပ်သလို ခံစားရစေမယ့် အထူးခေါင်းအုံး…
တကယ်လို့ တစ်ဘက်မှာ ကိုယ့်ချစ်သူက အိပ်တော့မယ်ဆိုရင် ကိုယ့်ဆီက ခေါင်းအုံးကို အချက်လာပေးမှာပါ။
နှစ်ယောက်သားအိပ်စက်နေချိန်မှာလည်း တစ်ယောက်ရဲ့ နှလုံးခုန်သံ တစ်ယောက်ကြားနိုင်ဖို့အထိပါ ဖန်တီးထားတာပါ။ ကဲ ဘယ်လောက်မိုက်လိုက်သလဲ…
(၉)
ကိုယ့်မုန့်ဘူးကို လာလာနှိုက်စားတတ်သူတွေရှိနေလို့ စိတ်တိုနေရရင် ဒီအဖုံးပိတ်စက်လေးက မဆိုးဘူးနော်..
မုန့်အဖုံးကို ဖွင့်ချင်ရင် လျို့ဝှတ်နံပါတ်သိရမှာဖြစ်တာဆိုတော့ ကိုယ်တစ်ယောက်တည်း ကြိုက်သလို စားလို့ရပြီလေ
(၁၀)
ရေချိုးရခက်တဲ့ခွေးလေးတွေအတွက် အဆင်ပြေလွယ်ကူစွာနဲ့ သန့်ရှင်းရေး လုပ်ပေးနိုင်မယ့် တီထွင်မှု
(၁၁)
မနက်ခင်း အိပ်ရာထဖို့ အချက်လည်းပြပေးမယ့်အပြင်
ကော်ဖီကိုပါ တစ်ခါတည်း ဖျော်ပေးမယ့် အလန်းနာရီ..အဆင်ပြေလိုက်တာ။
(၁၂)
ဟင်းချက်ရာမှာ ဘယ်လောက်အချိုးအဆ ထည့်ရမယ်ဆိုပြီး တိတိကျကျ ထည့်ဖို့လိုအပ်လာရင် ဒီဇွန်းလေးက အဆင်ပြေစေပါလိမ့်မယ်။
ဇွန်းပေါ်တင်လိုက်တဲ့ အရာရဲ့ ပမာဏကို ဇွန်းပေါ်မှာတင် ဖော်ပြပေးတာကြောင့်ဖြစ်ပါတယ်။
(၁၃)
နေရာကျဉ်းတဲ့ အိမ်တွေမှာဆိုရင်
ဒီလိုဖန်တီးမှုတွေက အရမ်းကို အသုံးဝင်စေပါတယ်။
(၁၄)
အအေးသို့မဟုတ် ကော်ဖီ ဖျော်တဲ့အခါမှာ ဇွန်းက ခွက်ထဲကို ပြုတ်ကျသွားတတ်ပါတယ်။
ဒီပြသာနာကို ဖြေရှင်းဖို့ ခွက်နှုတ်ခမ်းဝမှာ ချိတ်လို့ရတဲ့ ဇွန်းကိုပါ တီထွင်ပေးထားကြပါတယ်။
(၁၅)
အခုလိုမျိုး အရာရာ တိုးတက်နေတဲ့ခေတ်ကြီးမှာ
ဖုန်းနဲ့တောင်မှာ အလုပ်တွေ လုပ်လို့အဆင်ပြေနေပြီနော်။
(၁၆)
အိုးတစ်လုံးထဲမှာ အကြော်ဟင်းငါးမျိုးလုံးကို တစ်ခါတည်းကြော်ချက်လို့ရတယ်ဆိုတော့
အိမ်ရှင်မတွေ ဘယ်လောက်တောင်ကျေနပ်ကြမလဲ။
(၁၇)
အလေးတုံးပုံစံမျိုးထုတ်လုပ်ထားတဲ့ ရေသန့်ဘူး…
ရေကုန်သွားလည်း ရေထပ်ထည့်ပြီး နည်းပေါင်းစုံနဲ့ အသုံးဝင်တာဆိုတော့ လူကြိုက်များနိုင်တယ်နော်။
(၁၈)
ရေကူးစသင်တဲ့သူတွေ အလွယ်တကူပဲ ရေမြန်မြန်ကူးနိုင်အောင် ရေယက်ပုံစံမျိုး ဖန်တီးပေးထားတာပါ။
အဆင်ပြေချက်ပဲနော်။
(၁၉)
မျက်စိမမြင်တဲ့သူတွေ လမ်းဖြတ်ကူးရင် အန္တရာယ်ကင်းစေဖို့အတွက် လမ်းဘေးမှာ ဒီလိုစက်လေးကို တပ်ဆင်ပေးထားတာပါ။
လမ်းဖြတ်ကူးဖို့အတွက် လမ်းက ဘယ်လောက်လိုသေးတယ်…မီးပွိုင့် ဘယ်မှာရှိတယ် စသဖြင့် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကိုပြောပြပေးတာပါ။
(၂၀)
ချောကလက်ယိုကို ဒီအတိုင်း လက်နဲ့ နှိုက်စားမယ့် အစား လက်မှာအစွပ်ပံုစံမျိုး စွပ်ပြီး တို့စားလို့ရတဲ့ မုန့်လေးဆိုတော့
ကလေးလူကြီး အားလုံးအတွက် သိပ်ကို အဆင်ပြေတာနော်။
(၂၁)
ရေကန်တွေနား ထိုင်ပြီး အပန်းဖြေဖို့အတွက် ထိုင်ခုံတွေကို တကူးတက တောင်ယူသွားစရာမလိုဘူးနော်..
တံတားလေးမှာ ထိုင်ခုံလေးပါ တွဲဆောက်ထားတာဖြစ်ပါတယ်။
(၂၂)
ကြွက်သားရှိချင်ယောင်ဆောင်ချင်တဲ့ သူတွေအတွက် ကွက်တိနော်…နောက်တာပါ။
ပေါင်မုန့်ကိုတောင် ပြီးစလွယ်မရောင်းချဘဲ စိတ်ဝင်စားအောင် တီထွင်တတ်ကြတယ်။
(၂၃)
သြစတေးလျက ရေကို ဘီယာဘူးပုံစံ ဆန်းသစ်စွာ ဖန်တီးထားပဲ ဖြစ်ပါတယ်။
(၂၄)
ဆေးခန်းကို စက်ဘီးနဲ့ လာပြတဲ့သူတွေကို သွားပုံမှန်တိုက်ဖို့အတွက် စက်ဘီးထားတဲ့ နေရာလေးကို သွားတိုက်ဆေးပုံစံ လေးနဲ့ ပညာပေးထားတာပါ။
တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။
(၂၅)
ဆားနဲ့ငရုတ်သီးကို တစ်ခါတည်း ရောသမမွှေပြီးမှ ထည့်လို့ရမယ့် ဘူးလေး..
ဘူးသေးသေးလေးမို့ အထင်မသေးလိုက်နဲ့နော်… အရသာကောင်းမွန်တဲ့ ဟင်းတစ်ခွက်တော့ရမှာအသေအချာ
(၂၆)
အချဉ်ရည်ပုလင်းတွေကို ဂရုတစိုက်မသယ်ရင် ကွဲမှာစိုးလို့ ပေါက်ကွဲလွယ်တဲ့ ဗုံးပုံစံမျိုး ထုတ်ပိုးထားတာပါ။
ကောင်းလိုက်တဲ့အိုင်ဒီယာ…တစ်ခုပဲ ရုတ်တရက် မသိတဲ့သူက တကယ့်ဗုံးထင်နေမှ အလုပ်တွေ ရှုပ်နေအုံးမယ်။
(၂၇)
ညဘက်မှာ မီးလေးနည်းနည်းထွန်းထားရုံနဲ့
ဆိုင်နာမည်ကို အရိပ်ပေါ်စေတဲ့ ဆိုင်းဘုတ် ဖန်တီးမှု
(၂၈)
စာအုပ်ပုံစံမျိုးလေး ဖန်တီးထားတဲ့ အနားယူအပန်းဖြေစရာခုံလေး….
အမြင်လေးလည်းဆန်းတော့ ဓာတ်ပုံရိုက်ချင်တဲ့သူတွေ အတွက်လည်း ကွက်တိပဲနော်။
(၂၉)
စာအုပ်မှတ်တဲ့ ကတ္ထူလေးတွေကို အရုပ်ပုံစံလေးတွေ ဖန်တီးထားတာပါ။
စာအုပ်ချစ်တတ်သူတွေဆိုရင် ဒီစာအုပ်မှတ်တဲ့ ကတ္ထူလေးကကွက်တိပဲ။
(၃၀)
ခရီးသွားဝါသနာပါသူလေးတွေ ကိုယ့်ဘယ်နိုင်ငံကို ရောက်ပြီးသွားပြီလဲဆိုတာကို မှတ်သားလို့ရမယ့် ပက်စ်စပို့ အိတ်လေး..
ချစ်စရာကောင်းတယ်နော်။
ပရိသတ်တို့ရေ လူတိုင်းကို အဆင်ပြေသက်သာစေနိုင်တဲ့ ဖန်တီးမှုတွေကို ကြည့်ပြီး သဘောကျ ကြမယ်ထင်ပါတယ်နော်…
ကိုယ်ကြိုက်တဲ့ ဖန်တီးမှုတွေရှိရင်လည်း ပြန်ပြောပြပေးခဲ့ကြအုံးနော်.
Credit-Shwenyanshin