ဖိနပ်အဟောင်းထဲစွန့်ပစ်ခံထားရတဲ့ခွေးလေးတကောင်ရဲ့ ဝမ်းနည်း၊ ဝမ်းသာ ကြုံခဲ့ရတဲ့ဓာတ်ပုံလေးများ

ပိုင်ရှင်တွေက မလိုတော့လို့စွန့်ပစ်ထားတဲ့ ခွေးလေးတကောင်ကို ဂိုရမ်ဆိုတဲ့အမျိုးသားကတွေ့ခဲ့ပါတယ်။ ခွေးလေးက ဖိနပ်အဟောင်းတခုထဲမှာ အိပ်နေပြီး၊ ဘယ်မှမသွားတတ်မလာတတ်လို့ ဒုက္ခရောက်နေတဲ့ပုံစံနဲ့ပါ။ အတော်လေးကိုလည်း စုတ်ပျက်နေပါတယ်။

လမ်းဘေးခွေးတွေကိုစွန့်ပစ်ခံရတိုင်း ကယ်တင်နေတဲ့ ဂိုရမ်ဟာ ခွေးလေးကိုလည်းကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသားလေးတွေအရင်ကျွေးပြီး၊ ယဉ်ပါးလာအောင်လုပ်ခဲ့ကာ သူ့ကိုခင်လာရင် အိမ်ခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

အစွန့်ပစ်ခံလေးတွေရဲ့ထုံးစံအတိုင်း သူတို့အပေါ်ကောင်းတဲ့သူတွေ့ချိန်မှာ ချက်ချင်းကို လိုက်လာခဲ့ပါတယ်။ ပုံလေးတွေသေချာရိုက်ထားခဲ့ကာ မလိုဘဲစွန့်ပစ်တဲ့ခွေးလေးတွေဟာ ပိုချစ်ဖို့ကောင်းတယ်ဆိုတာ ဂိုရမ်က သက်သေပြခဲ့ပါတယ်။

ခြောက်လအကြာမှာပဲ တကယ့်ကို လှပတဲ့ခွေးတကောင်ဖြစ်နေခဲ့ပါပြီ။ စမတ်စတန်လို့ ခွေးလေးကို နာမည်ပေးထားပြီး၊ သူပိုင်တဲ့ခွေးလေးတွေထဲက သွားလေရာကိုအမြဲလိုက်ရတဲ့ ခွေးလေးပါ။ အခုလိုပြောရတာက ဂိုရမ်က စွန့်ပစ်ခံရတဲ့ခွေးလေးတိုင်းကို မွေးစားပါတယ်။

ကြောင်၊ ခွေး အကောင် ၁၀၀လောက်ကို နေ့တိုင်ကျွေးမွေးထားပြီး၊ တနေရာမှာ စွန့်ပစ်ခံရတယ်ကြားတိုင်း သွားကယ်တတ်သူပါ။ အခုလိုသွားကယ်တဲ့ ဂိုရမ်က ဆားဘီးယားနိုင်ငံ၊ ခရာဂျီဗိုမြို့မှာ နေတယ်လို့ သိရပါတယ်။

Ref:boredpanda

Credit-Shwetoday

Zawgyi

ဖိနပ္အေဟာင္းထဲစြန႔္ပစ္ခံထားရတဲ့ေခြးေလးတေကာင္ရဲ႕ ဝမ္းနည္း၊ ဝမ္းသာ ႀကဳံခဲ့ရတဲ့ဓာတ္ပုံေလးမ်ား

ပိုင္ရွင္ေတြက မလိုေတာ့လို႔စြန႔္ပစ္ထားတဲ့ ေခြးေလးတေကာင္ကို ဂိုရမ္ဆိုတဲ့အမ်ိဳးသားကေတြ႕ခဲ့ပါတယ္။ ေခြးေလးက ဖိနပ္အေဟာင္းတခုထဲမွာ အိပ္ေနၿပီး၊ ဘယ္မွမသြားတတ္မလာတတ္လို႔ ဒုကၡေရာက္ေနတဲ့ပုံစံနဲ႔ပါ။ အေတာ္ေလးကိုလည္း စုတ္ပ်က္ေနပါတယ္။

လမ္းေဘးေခြးေတြကိုစြန႔္ပစ္ခံရတိုင္း ကယ္တင္ေနတဲ့ ဂိုရမ္ဟာ ေခြးေလးကိုလည္းကယ္တင္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အသားေလးေတြအရင္ေကြၽးၿပီး၊ ယဥ္ပါးလာေအာင္လုပ္ခဲ့ကာ သူ႔ကိုခင္လာရင္ အိမ္ေခၚသြားမယ္လို႔ဆုံးျဖတ္လိုက္ပါတယ္။

အစြန႔္ပစ္ခံေလးေတြရဲ႕ထုံးစံအတိုင္း သူတို႔အေပၚေကာင္းတဲ့သူေတြ႕ခ်ိန္မွာ ခ်က္ခ်င္းကို လိုက္လာခဲ့ပါတယ္။ ပုံေလးေတြေသခ်ာ႐ိုက္ထားခဲ့ကာ မလိုဘဲစြန႔္ပစ္တဲ့ေခြးေလးေတြဟာ ပိုခ်စ္ဖို႔ေကာင္းတယ္ဆိုတာ ဂိုရမ္က သက္ေသျပခဲ့ပါတယ္။

ေျခာက္လအၾကာမွာပဲ တကယ့္ကို လွပတဲ့ေခြးတေကာင္ျဖစ္ေနခဲ့ပါၿပီ။ စမတ္စတန္လို႔ ေခြးေလးကို နာမည္ေပးထားၿပီး၊ သူပိုင္တဲ့ေခြးေလးေတြထဲက သြားေလရာကိုအၿမဲလိုက္ရတဲ့ ေခြးေလးပါ။ အခုလိုေျပာရတာက ဂိုရမ္က စြန႔္ပစ္ခံရတဲ့ေခြးေလးတိုင္းကို ေမြးစားပါတယ္။

ေၾကာင္၊ ေခြး အေကာင္ ၁၀၀ေလာက္ကို ေန႔တိုင္ေကြၽးေမြးထားၿပီး၊ တေနရာမွာ စြန႔္ပစ္ခံရတယ္ၾကားတိုင္း သြားကယ္တတ္သူပါ။ အခုလိုသြားကယ္တဲ့ ဂိုရမ္က ဆားဘီးယားႏိုင္ငံ၊ ခရာဂ်ီဗိုၿမိဳ႕မွာ ေနတယ္လို႔ သိရပါတယ္။

Ref:boredpanda

Credit-Shwetoday

  • Leave a Comment

Categories