ရေခဲမုန့်ရောင်းပြီး မိသားစုအတွက် ထောက်ပံ့ပေးတဲ့ မျက်မမြင်ဖခင်ကို အန္တရာယ်မကြုံစေရန် နေ့တိုင်းဦးဆောင်လမ်းညွှန်ပေးခဲ့တဲ့ ကောင်လေး

ပြီးခဲ့တဲ့ လက Netizen Archel Novecio Reli ဟာ ရေခဲမုန့်ရောင်းတဲ့ အမျိုးသားတစ်ဦး နဲ့ သူရဲ့သားလေးရဲ့ ဓာတ်ပုံကို မျှဝေခဲ့ပါတယ် ။ Reli ရဲ့ အဆိုအရ ကောင်လေးရဲ့ဖခင်ဟာ မျက်မမြင်ဖြစ်နေသော်လည်း သူ့မိသားစုကို ထောက်ပံ့ပေးနိုင်ရန် ရေခဲမုန့်ကို ဆက်လက်ရောင်းချခဲ့ပါတယ် ။ အထူးသဖြင့် အမြန်ယာဉ်လမ်းများပေါ်မှာ ဖွင့်ထားတဲ့ တူးမြောင်းများရှိပြီး ထိုဖခင်အတွက် အန္တရာယ်ရှိနိုင်ပါတယ် ။ ဒါပေမဲ့ သူ့မှာ အလွန်ယုံကြည်ရတဲ့ လမ်းညွှန်သူသားလေး ရှိနေခဲ့တာပါ ။ မျက်မမြင်ဖြစ်ပေမဲ့ ဆင်းရဲမွဲတေမှုက သူတို့ကို ဒီလိုလုပ်ဖို့တွန်းအားပေးနေတာ ကြောင့်ပါ ။ ဒါပေမယ့် ဒီပို့စ်ဟာ ပျံ့နှံ့ပြီး လူတော်တော်များများက လက်မလျှော့တက်တဲ့ ဒီအဖေကိုချီးကျူးစကားပြောခဲ့ပါတယ် ။

သူတို့က ကလေးလေးကို သနားပေမယ့် သူ့အဖေကို ကူညီဖို့ သူတတ်နိုင်သမျှလုပ်နေတာကို ဂုဏ်ယူခဲ့ပါတယ် ။ ကောင်လေးက စာတွေလေ့လာနေတုန်းပါပဲ။ ဒါကြောင့်သူကအသက်ကြီးလာတဲ့အခါ သူ့မိသားစုအတွက် ပိုကောင်းတဲ့ ဘဝကိုပံ့ပိုးပေးနိုင်မယ်လို့ ငါတို့မျှော်လင့်ပါတယ် ။ Reli ကို ဆက်သွယ်ပြီး ကောင်လေးနဲ့သူ့မျက်မမြင်ဖခင်အတွက် သူတို့တတ်နိုင်တာတွေကို လှူဒါန်းဖို့ ဆက်သွယ်နေတဲ့ Netizen များစွာလည်းရှိပါတယ် ။

JRose (Mckzone Daily)

Zawgyi




JRose (Mckzone Daily)

  • Leave a Comment

Categories