မနက်အိပ်ရာထကတည်းက ကြည်ကြည်လင်လင်နဲ့ မနိုးလာဘဲ တစ်နေကုန်အလွဲတွေချည်း ကြုံနေရတဲ့ နေ့တွေကို ဖြတ်သန်းဖူးကြမှာပါ။ အဲ့ဒီလိုနေ့တွေကိုတော့ ကံဆိုးတဲ့နေ့လို့ ခေါ်ကြပြီး စိတ်ဓာတ်မကြံခိုင်သူတွေအတွက်ဆို ဝမ်းနည်းစရာနေ့ဆိုးကြီးအဖြစ်တောင် ပြောင်းလဲသွားပါတယ်။ ကိုယ့်ကိုကိုယ် ကံဆိုးလှပြီလို့ ထင်နေကြသူတွေအနေနဲ့ ကိုယ့်ထပ်အခြေအနေ ပိုဆိုးသူတွေကို တွေ့တဲ့အခါမှာတော့ စိတ်သက်သာရာရသွားနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ဘယ်သူမှ မကြုံဖူးချင်လောက်မယ့် အလွဲတွေကို ကြုံတွေ့ခဲ့ရသူတွေရဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။
(၁)
ခေါက်ဆွဲစားရတာကို လူတိုင်းကြိုက်နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။
ဒါပေမယ့် အခုလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးမှာ ခေါက်ဆွဲတွေအများကြီး အတင်ခံရမယ်ဆိုရင်တော့ လုပ်ချင်သူရှိလောက်ပါ့မလား။
ဒါကလည်း တကယ့်ရူးသွပ်နည်းတစ်မျိုးပါပဲနော်။
(၂)
ပန်းကန်နဲ့စားရတာ ရိုးသွားလို့ ဖိနပ်ထဲပဲ ပြောင်းထည့်လိုက်တာများလား..
အဲ့ဒီဖိနပ်နေရာမှာ အကြိုက်ဆုံး ဖိနပ်လေးဖြစ်နေမယ်ဆိုရင် စာဖတ်သူတို့ရဲ့ ခံစားချက်က?
(၃)
လေယာဉ်ပြတင်းပေါက်နေ အပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာ…
လူတိုင်းမမြင်ချင်လောက်မယ့် မြင်ကွင်း…
(၄)
“ပါကင်က စိတ်ညစ်စရာ ကင်းစင်အောင် ဖန်တီးထားပါတယ်” လို့ တံဆိပ်ရိုက်ထားတဲ့ စာအိတ်ကိုဖြဲလိုက်တာ …
အဆင်မပြေလို့ ဒေါသမထွက်ဘဲ မနေနိုင်တော့ဘူးနော်။
(၅)
အစားအသောက်တွေ ဖိတ်စင်တဲ့အခါမျိုးတွေမှာ …
ပြန်သိမ်းဆည်းရတာလောက် စိတ်ညစ်ဖို့ကောင်းတာမရှိပါဘူး။
(၆)
ရေခဲမုန့်ကြိုက်သူတွေအနေနဲ့ ပုံထဲကလို အခြေအနေနဲ့ ကြုံရတဲ့အခါမှာ…
ရေခဲမုန့်ကို စားချင်စိတ် ရှိလောက်သေးလား သိချင်ပါတယ်နော်။
(၇)
ကဲ… အိမ်ပြောင်းကြစို့ … အစကတည်းကမှ ဒီအိမ်ကို ငါသဘောမကျဘူး
(၈)
တစ်ခါတစ်လေမှာ ရုံးတက်ရတဲ့ တနင်္လာ မနက်ခင်းတွေဟာ …
ထင်ထားတာထက် ပိုပြီးအခြေအနေဆိုးပါတယ်။
(၉)
အရေးတကြီးသွားစရာရှိလို့ …
ကားလိုအပ်နေပါတယ်ဆိုမှ…
(၁၀)
ခေတ်သစ်ပန်းချီကားတစ်ချပ်လို့ ထင်ရလောက်တဲ့ ဒီဓာတ်ပုံဟာ …
တကယ်တော့ ကြမ်းပြင်ပေါ်ကျကွဲသွားတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။
(၁၁)
တိုက်ဆိုင်တတ်လေခြင်းနော်..
ရဲကားကိုမှ အနောက်ကနေ အရှိန်နဲ့ ဆောင့်ရတယ်လို့..
(၁၂)
ကိုယ်တိုင်အိမ်မှာ ဖန်တီးထားတဲ့ VR မျက်မှန်လေ..
ဗိုက်ဆာရင်လည်း အထဲက မုန့်ကို ယူစားလိုက်ရုံပဲ။
(၁၃)
မီးဖိုပေါ်မှာ ပန်းကန်ကိုတိုက်ရိုက်အပူပေးပြီး
တင်လိုက်လို့ ကွဲသွားတာထင်ပါတယ်။
(၁၄)
ဒါက ဘယ်လိုတွေတောင်ဖြစ်ပျက်နေတာတုန်းဟင်…
ပြုတ်ကျလိုက်ရင်လည်း မခံသာဘူး။
(၁၅)
ကဲ လိုက်ကာခန်းစီးလေးနဲ့ ပြတင်းပေါက်ကို ကာပြီး …
မသိသလို နေလိုက်တာ ကောင်းပါတယ်။
(၁၆)
အချိန်တွေကိုသာ နောက်ပြန်ဆုတ်ခွင့်ရမယ်ဆိုရင်…
ပိုက်ဆံတွေမပြဲသွားအောင် စာအိတ်ကို ဂရုတစိုက်ဖောက်မှာပါ။
(၁၇)
ဘယ်လိုအကြောင်းကြောင့် ကယ်ဆယ်ရေးတွေပါရောက်လာပြီး …
ကူညီရတဲ့ အဆင့်ထိ ဖြစ်သွားတာတုန်း
(၁၈)
ခွက်ထည့်လို့ရတယ်ဆိုလို့ အအေးခွက်လေးထည့်မိပါတယ်။
အအေးတောင်မသောက်လိုက်ရဘူး။
(၁၉)
ကိုယ်တွေ ချစ်ရတဲ့ SpongeBob လေးတောင် သနားစရာလေးဖြစ်နေပြီ။
(၂၀)
ကားပေါ်မှာ အအေးတို့ ရေတို့ ဖိတ်ကျတာကမှ တော်သေးတယ်။
အိမ်သုတ်ဆေးဘူးလိုက်ကြီး မှောက်တာကျတော့
ဘယ်ပြောကောင်းမလဲ..စိတ်ကူးတောင်ယဉ်ကြည့်လို့မရဘူး။
(၂၁)
တစ်ခုတည်းသာကျန်တော့တဲ့ သန့်စင်ခန်းသုံးတစ်သျှူးသာ …
အခုလိုဖြစ်သွားတဲ့ အခြေအနေကို ကြုံတွေ့လိုက်ရမယ်ဆိုရင်?
(၂၂)
ဒီလိုအခြေအနေမျိုးသာကြုံလာရပြီဆိုရင်တော့
ဖြတ်ထိုးညဏ်ကောင်းကောင်းနဲ့ ဖြေရှင်းနိုင်မှပဲရတော့မယ်။
(၂၃) အိမ်ကနေ ထွက်လာတဲ့ တိမ်တွေ
ဒီပုံကိုကြည့်ပြီး တိမ်တွေ အိမ်ထဲကနေ လမ်းလျှောက်ထွက်လာတယ်လို့ ပရိသတ်တို့ ထင်မိကြမှာပါ။
တကယ်တော့ အဲဒီအဖြူရောင်တွေက တိမ်တွေမဟုတ်ဘဲ ဆပ်ပြာရေမြှုပ်တွေသာဖြစ်ပါတယ်။
အိမ်ပိုင်ရှင်ဖြစ်သူက အဝတ်လျှော်စက်ထဲ ဆပ်ပြာမှုန့်တော်တော်များများကို ထည့်လိုက်လို့ အခုလို အိမ်အပြင်ဘက်ကိုပါ ဆပ်ပြာမှုန့်တွေ ထွက်လာခဲ့တာပဲဖြစ်ပါတယ်။
(၂၄) ဖြစ်တောင့်ဖြစ်ခဲနေရာမှာ ကားသော့ကျပျောက်ခဲ့သူ
ဒီဓာတ်ပုံကို သေချာကြည့်လိုက်မယ်ဆိုရင် ကားရဲ့ ကိုယ်ထဲ အမြောင်းကြားမှာ မြင်နေရတဲ့ ငွေရောင်ပစ္စည်းလေးကို မြင်တွေ့ရမှာပါ။
အဲဒီပစ္စည်းလေးက ကားပိုင်ရှင်ရဲ့ ကားသော့ပဲဖြစ်ပြီး တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲနေရာမှာ ကျသွားတာပဲဖြစ်ပါတယ်။
ပိုစ့်ပိုင်ရှင်ဖြစ်သူကတော့ သူ့ရဲ့ ကားသော့ကို ဘယ်လိုမှပြန်ထုတ်လို့မရတဲ့အတွက်ကြောင့် ဝပ်ရှော့သွားပြီး ထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။
(၂၅) ညသန်းခေါင် ရေထသောက်ရာမှာ အဖြစ်ဆိုးနဲ့ကြုံခဲ့ရသူ
ညနက်သန်းခေါင်းမှာ ရေဆာလေ့ရှိကြတာကြောင့် အိပ်ချင်မူးတူးနဲ့ ရေသွားသောက်မိကြမှာပါ။
ဒီလူကလည်း ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်ပြီး ရေသောက်ဖို့ ကြံစည်ခဲ့ချိန်မှာပဲ နဂိုက မခိုင်တဲ့ တံခါးက အလိုလိုလက်ထဲပါလာတာပဲဖြစ်ပါတယ်။
(၂၆)
သော့ခဏခဏ ပျောက်တတ်သူများ အတုယူပါ…ငါးပါးမှောက်သွားပါလိမ့်မယ်။
ကျွန်တော့် ရည်းစားက သူမရဲ့သော့တွေကို မပျောက်စေချင်လို့ ဒီလိုသိမ်းဆည်းထားခဲ့ပါတယ်ဆိုပြီး လူတစ်ယောက်က တင်ခဲ့တာဖြစ်ပါတယ်။
သော့မပျောက်အောင်ဆိုပြီး သော့တွေကို သော့ခလောက်မှာ ဒီလိုချိတ်ထားခဲ့တော့ သော့ဖွင့်တဲ့အခါ ဘယ်လိုဖွင့်ရမလဲဆိုတာ အားလုံးဝိုင်းဝန်းစဉ်းစား ပေးလိုက်ကြပါဦး။
(၂၇)
အရှိန်လွန်သွားလို့ပါ…
အရှိန်လွန်ရင် ဘယ်အရာမှ မကောင်းပါဘူးနော်…
အခုလည်း အားသွင်းကြိုးကိုထုတ်ဖို့ ကတ်ကြေးနဲ့ညှပ်လိုက်တာ အားသွင်းကြိုးကိုပါ အရှိန်လွန်ပြီး ညှပ်မိသွားတဲ့အခါမှာတော့…။
တစ်ခါတစ်လေ ကြုံတွေ့ရတဲ့ အလွဲတွေက တစ်နေ့တာလုံးကို ဖျက်စီးပစ်နိုင်တယ်လို့ ထင်နေသေးလား စာဖတ်သူတို့ရေ…
ဘယ်ကိစ္စပဲကြုံကြုံ အေးအေးဆေးဆေးကျော်လွှားနိုင်မယ်လို့ ယုံကြည်ထားရင် စိတ်ပူစရာဘာမှမရှိတော့ပါဘူးနော်..
စာဖတ်သူတွေသဘောကျခဲ့တဲ့ ဓာတ်ပုံလေးတွေ ရှိရင်လည်း ပြောပြခဲ့ပါအုံးနော်။
Credit- Shwe Nyan Shin