သူစိမ်းတစ်ဦးအတွက် ကားဆီဖြည့်ခကိုငွေပေးချေပေးခဲ့ပြီးနောက် သူ့ရဲ့ရှစ်နှစ်ခန့်လစာနှင့် ညီမျှတဲ့ဆုငွေကို ပြန်လည်ရရှိခဲ့ရတဲ့ ဝန်ထမ်းတစ်ဦး

Monet van Deventer အမည်ရှိအမျိုးသမီးတစ်ဦးဟာ Cape Town မှ တောင်အာဖရိကသို့သွားရန် သူမရဲ့ကားကိုဆီဖြည့်ရန် ဆီဆိုင်သို့ဝင်သွားခဲ့ပေမဲ့ သူမရဲ့ကားကို ဆီမဖြည့်ခင်မှာဘဲ သူမကဒ်နှင့်ငွေသား မေ့ကျန်ခဲ့တာကို သတိထားမိခဲ့ပါတယ်။ထိုအချိန်မှာ Nkosikho Mbele အမည်ရှိသဘောထားပြည့်ဝတဲ့၀န်ထမ်းကောင်လေးက သူမရဲ့ကားမှန်ကိုသန့်ရှင်းပေးနေတာကြောင့် Monet က ချက်ချင်းပင် သူ့အားမတိုက်ရန် ကြိုးစားပြောခဲ့ရပါတယ်။Monet က သူမရဲ့ပိုက်ဆံကဒ်ကိုမေ့ခဲ့ပြီး ကားဆီမဖြည့်တော့တာကြောင့် ကားမှန်ကို သန့်ရှင်းပေးစရာမလိုဘူး လို့ ထိုကောင်လေးအား ရှင်းပြခဲ့ပါတယ်။သို့ပေမဲ့ ထိုကောင်လေးက သူမကားရှိ လောင်စာတိုင်းကိရိယာရဲ့အနီရောင်သတိပေးမီးကို သတိပြုမိသွားခဲ့ပြီး “ ခင်ဗျား highway လမ်းမှာ ဆီကုန်သွားလို့မဖြစ်ဘူး ၊ ကျွန်တော် ခင်ဗျားအတွက် R ၁၀၀ ပေးပေးပါ့မယ်၊ခင်ဗျားပြန်လာတဲ့အခါမှ R 100 ကို ပြန်ပေးနိုင်တယ် “ လို့ Monet အား ပြောလိုက်ပြီးနောက် Monet အတွက် စဉ်းစားချိန်တောင်မပေးဘဲ သူမရဲ့ဆီတိုင်ကီထဲသို့ ဆီဖြည့်ထည့်ပေးခဲ့ပါတယ်။

အစပိုင်းမှာ Monet က သူမရဲ့၎င်းကုန်ကျစရိတ်အတွက် ဆီဆိုင်ကရှင်းပေးခဲ့တာလို့ထင်ခဲ့ပေမဲ့ ထိုကောင်လေးက သူ့ကိုယ်ပိုင်ဘဏ်ကဒ်ကိုသုံးပြီးဆီဖိုးအချို့ကိုပေးနေခဲ့တာကို သူမ သတိထားမိသွားခဲ့ပါတယ်။ Monet ဟာ သူမက သူ့အားငွေပြန်လာမပေးတော့ရင်တောင် ထိုကောင်လေးက သူ့ငွေကိုနှမြောခဲ့ပုံမပေါ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ရက်အနည်းငယ်အကြာမှာတော့ Monetဟာ ပိုက်ဆံနှင့်အတူ ချောကလက်တစ်ဘူးဖြင့် ၎င်းသို့ ပြန်သွားခဲ့ပါတယ်။သို့ပေမဲ့ အံ့အားသင့်စရာ က ချောကလက်တစ်ဘူးတည်းနဲ့တင် မရပ်တန့်ခဲ့ဘဲ Nkosikho ရဲ့ဘဝကို ပြောင်းလဲသွားစေမဲ့အရာလည်း ပါရှိနေခဲ့ပါတယ်။Monet ဟာ ခရီးမှပြန်လာခဲ့ပြီးနောက် ၎င်းဖြစ်ရပ်ကို သူမရဲ့ Facebook pageမှာ တင်ခဲ့ပြီး အဆိုပါကောင်လေး Nkosikho ကလည်း ချက်ချင်းလူသိများသွားခဲ့ပါတယ်။

ထို့နောက် Monet ဟာ Nkosikho အတွက်ရန်ပုံငွေပွဲတစ်ခုကိုစတင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။၎င်းရန်ပုံငွေရှိအလှူငွေမှန်သမျှက Khayelitsha ပြည်နယ်မှာ အတူတူနေထိုင်နေကြတဲ့ Nkosikho ရဲ့အမေနဲ့အစ်ကိုတို့အတွက် အကျိုးရှိလိမ့်မယ်လို့ Monet က ရေးထားခဲ့ပါတယ်။ထိုရန်ပုံငွေပွဲကို ဒေါ်လာ ၉၄,၀၀၀ ၀န်းကျင် ( ၁၅၅ သိန်းနီးပါး)အထိစုနိုင်ခဲ့ပါတယ်။ထိုငွေများအားလုံးက Nkosikho ရဲ့ ရှစ်နှစ်ခန့်လစာနှင့်ညီမျှပြီး သူ့အတွက် လုံးဝမယုံနိုင်တဲ့ပမာဏ ဖြစ်ပါတယ်။ထို့အပြင် ၎င်းဆီဆိုင်ကုမ္ပဏီရဲ့ဒေသတွင်း၀န်းကျင်ဆိုင်ရာထူးချွန်ဆုအတွက် Nkosikhoကို အမည်စာရင်းတင်သွင်းပေးခဲ့ပါသေးတယ်။၎င်းတို့ရဲ့ ဥက္ကဋ္ဌ Hloniphizwe Mtolo ကလည်း Nkosikho ကို ကိုယ်တိုင်ဖုန်းလှမ်းဆက်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။Nkosikho ကတော့ ကိုယ်ပြုလိုက်တဲ့ကြင်နာမှုသေးသေးလေးတစ်ခုက ဒီလောက်ထိရှည်လျားသွားနိုင်တာလားလို့တွေးနေမိမှာအမှန်ပါဘဲဗျာ။

Mia (KB Chimmy One)

Zawgyi

သူစိမ္းတစ္ဦးအတြက္ ကားဆီျဖည့္ခကိုေငြေပးေခ်ေပးခဲ့ၿပီးေနာက္ သူ႔ရဲ႕ရွစ္ႏွစ္ခန႔္လစာႏွင့္ ညီမွ်တဲ့ဆုေငြကို ျပန္လည္ရရွိခဲ့ရတဲ့ ဝန္ထမ္းတစ္ဦး

Monet van Deventer အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ Cape Town မွ ေတာင္အာဖရိကသို႔သြားရန္ သူမရဲ႕ကားကိုဆီျဖည့္ရန္ ဆီဆိုင္သို႔ဝင္သြားခဲ့ေပမဲ့ သူမရဲ႕ကားကို ဆီမျဖည့္ခင္မွာဘဲ သူမကဒ္ႏွင့္ေငြသား ေမ့က်န္ခဲ့တာကို သတိထားမိခဲ့ပါတယ္။ထိုအခ်ိန္မွာ Nkosikho Mbele အမည္ရွိသေဘာထားျပည့္ဝတဲ့၀န္ထမ္းေကာင္ေလးက သူမရဲ႕ကားမွန္ကိုသန႔္ရွင္းေပးေနတာေၾကာင့္ Monet က ခ်က္ခ်င္းပင္ သူ႔အားမတိုက္ရန္ ႀကိဳးစားေျပာခဲ့ရပါတယ္။Monet က သူမရဲ႕ပိုက္ဆံကဒ္ကိုေမ့ခဲ့ၿပီး ကားဆီမျဖည့္ေတာ့တာေၾကာင့္ ကားမွန္ကို သန႔္ရွင္းေပးစရာမလိုဘူး လို႔ ထိုေကာင္ေလးအား ရွင္းျပခဲ့ပါတယ္။သို႔ေပမဲ့ ထိုေကာင္ေလးက သူမကားရွိ ေလာင္စာတိုင္းကိရိယာရဲ႕အနီေရာင္သတိေပးမီးကို သတိျပဳမိသြားခဲ့ၿပီး “ ခင္ဗ်ား highway လမ္းမွာ ဆီကုန္သြားလို႔မျဖစ္ဘူး ၊ ကြၽန္ေတာ္ ခင္ဗ်ားအတြက္ R ၁၀၀ ေပးေပးပါ့မယ္၊ခင္ဗ်ားျပန္လာတဲ့အခါမွ R 100 ကို ျပန္ေပးႏိုင္တယ္ “ လို႔ Monet အား ေျပာလိုက္ၿပီးေနာက္ Monet အတြက္ စဥ္းစားခ်ိန္ေတာင္မေပးဘဲ သူမရဲ႕ဆီတိုင္ကီထဲသို႔ ဆီျဖည့္ထည့္ေပးခဲ့ပါတယ္။

အစပိုင္းမွာ Monet က သူမရဲ႕၎ကုန္က်စရိတ္အတြက္ ဆီဆိုင္ကရွင္းေပးခဲ့တာလို႔ထင္ခဲ့ေပမဲ့ ထိုေကာင္ေလးက သူ႔ကိုယ္ပိုင္ဘဏ္ကဒ္ကိုသုံးၿပီးဆီဖိုးအခ်ိဳ႕ကိုေပးေနခဲ့တာကို သူမ သတိထားမိသြားခဲ့ပါတယ္။ Monet ဟာ သူမက သူ႔အားေငြျပန္လာမေပးေတာ့ရင္ေတာင္ ထိုေကာင္ေလးက သူ႔ေငြကိုႏွေျမာခဲ့ပုံမေပၚဘူးလို႔လည္း ဆိုခဲ့ပါတယ္။ရက္အနည္းငယ္အၾကာမွာေတာ့ Monetဟာ ပိုက္ဆံႏွင့္အတူ ေခ်ာကလက္တစ္ဘူးျဖင့္ ၎သို႔ ျပန္သြားခဲ့ပါတယ္။သို႔ေပမဲ့ အံ့အားသင့္စရာ က ေခ်ာကလက္တစ္ဘူးတည္းနဲ႔တင္ မရပ္တန႔္ခဲ့ဘဲ Nkosikho ရဲ႕ဘဝကို ေျပာင္းလဲသြားေစမဲ့အရာလည္း ပါရွိေနခဲ့ပါတယ္။Monet ဟာ ခရီးမွျပန္လာခဲ့ၿပီးေနာက္ ၎ျဖစ္ရပ္ကို သူမရဲ႕ Facebook pageမွာ တင္ခဲ့ၿပီး အဆိုပါေကာင္ေလး Nkosikho ကလည္း ခ်က္ခ်င္းလူသိမ်ားသြားခဲ့ပါတယ္။

ထို႔ေနာက္ Monet ဟာ Nkosikho အတြက္ရန္ပုံေငြပြဲတစ္ခုကိုစတင္ရန္ဆုံးျဖတ္ခဲ့ပါတယ္။၎ရန္ပုံေငြရွိအလႉေငြမွန္သမွ်က Khayelitsha ျပည္နယ္မွာ အတူတူေနထိုင္ေနၾကတဲ့ Nkosikho ရဲ႕အေမနဲ႔အစ္ကိုတို႔အတြက္ အက်ိဳးရွိလိမ့္မယ္လို႔ Monet က ေရးထားခဲ့ပါတယ္။ထိုရန္ပုံေငြပြဲကို ေဒၚလာ ၉၄,၀၀၀ ၀န္းက်င္ ( ၁၅၅ သိန္းနီးပါး)အထိစုႏိုင္ခဲ့ပါတယ္။ထိုေငြမ်ားအားလုံးက Nkosikho ရဲ႕ ရွစ္ႏွစ္ခန႔္လစာႏွင့္ညီမွ်ၿပီး သူ႔အတြက္ လုံးဝမယုံႏိုင္တဲ့ပမာဏ ျဖစ္ပါတယ္။ထို႔အျပင္ ၎ဆီဆိုင္ကုမၸဏီရဲ႕ေဒသတြင္း၀န္းက်င္ဆိုင္ရာထူးခြၽန္ဆုအတြက္ Nkosikhoကို အမည္စာရင္းတင္သြင္းေပးခဲ့ပါေသးတယ္။၎တို႔ရဲ႕ ဥကၠ႒ Hloniphizwe Mtolo ကလည္း Nkosikho ကို ကိုယ္တိုင္ဖုန္းလွမ္းဆက္ၿပီး ဂုဏ္ျပဳေပးခဲ့ပါတယ္။Nkosikho ကေတာ့ ကိုယ္ျပဳလိုက္တဲ့ၾကင္နာမႈေသးေသးေလးတစ္ခုက ဒီေလာက္ထိရွည္လ်ားသြားႏိုင္တာလားလို႔ေတြးေနမိမွာအမွန္ပါဘဲဗ်ာ။

Mia (KB Chimmy One)

  • Leave a Comment

Categories