ဖက်တီးဖြစ်နေချိန်က ကြိုက်မယ့်သူတစ်ယောက်မှ မရှိသော်လည်း ဝိတ်ချပြီးနောက် အလှပဂေးမလေးဖြစ်သွားချိန်တွင် ရည်းစားတော်ချင်တဲ့သူများလွန်း၍ ခါချနေရသည့် မိန်းကလေး

အချစ်စစ်တွင် ရုပ်ရည်ပကာသနများနှင့် မသက်ဆိုင်သော်လည်း များသောဖြင့် ချောမောလှပနေသည့်သူများကိုသာ ရည်းစားတော်ချင်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၁၉နှစ်အရွယ် မိန်းကလေးသည် တက္ကသိုလ်တစ်ခုတွင် ကျောင်းတက်နေရင်း ဖက်တီးမလေးဖြစ်နေတာကြောင့် ခေါ်ပြောမည့်သူငယ်ချင်းလည်း မရှိပဲ အထီးကျန်နေခဲ့ရသည်။

မိန်းကလေးသည် အစားမက်သည့်အတွက် သူမဧ။် ခန္ဓာကိုယ်အလေးချိန်မှာ ၆၀ကီလိုဂရမ်ထိ တက်ခဲ့ပြီး အဝလွန်နေကာ အတန်းဖော်များဧ။် လှောင်ပြောင်ခြင်းများစွာကို ခံခဲ့ရသည်။

ထို့ကြောင့် မိန်းကလေးသည် ကျောင်းပိတ်ရက်တွင် လေ့ကျင့်ခန်းများလုပ်ကာ အစားအသောက်ကိုလည်း လျှော့စားခဲ့ပြီး ညစာများကို တစ်ခါတစ်လေမှသာ စားခဲ့သည့်အတွက် ၃လအကြာတွင် စွဲမက်ဖွယ်ကောင်းသော ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးဖြစ်သွားခဲ့သည်။

မိန်းကလေးသည် အရင်ကပုံနှင့် လုံးဝကိုကွာခြားသွားပြီး ချောမောလှပလာကာ မြင်သူတိုင်းငေးရပြီး ကောင်လေးအများစုမှာ ရည်းစားဖြစ်ရန် တောင်းဆိုခဲ့ကြရာ ရွေးချယ်ရခက်နေခဲ့သည်။

Rain (For Ialinks)

Zawgyi







Rain (For Ialinks)

  • Leave a Comment

Categories