နှလုံးခွဲစိတ်ဖို့အတွက် ကြောက်လန့်ပြီးငိုကြွေးနေတဲ့ကလေးမလေးအား အချိန်ယူကာ နှစ်သိမ့်ပေးနေခဲ့တဲ့ ကြင်နာတတ်တဲ့ဆရာဝန်တစ်ဦး

တရုတ်နိုင်ငံ Zhejiang မြို့ရှိဆေးရုံတစ်ခုမှာ သူမရဲ့နှလုံးခွဲစိတ်မှုအား စောင့်ဆိုင်းနေသည့် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ကြောက်လန့်ကာ ငိုကြွေးနေခဲ့ပါတယ်။ ထို့ကြောင့် ၎င်းဆေးရုံရှိ နှလုံးခွဲစိတ်မှု၏ဒုတိယညွှန်ကြားရေးမှူးဖြစ်တဲ့ Dr. Shi Zhuo ဟာ အဆိုပါကလေးမလေးအား သူ့ရဲ့ပေါင်ပေါ်သို့ ထိုင်စေပြီး သူ့ဖုန်းဖြင့် ကာတွန်းကားအချို့ကို ကြည့်စေခဲ့ပါတယ်။ကြောက်လန့်ပြီး စိတ်ရှုပ်ထွေးနေခဲ့တဲ့ အဆိုပါကလေးမလေးဟာ နောက်ဆုံးမှာ စိတ်သက်သာရာရသွားခဲ့ပြီး ဆရာဝန်များကလည်း ခွဲစိတ်ရန်အိပ်ပျော်သွားစေဖို့ သူမအား မေ့ဆေးထိုးပေးခဲ့ကြပါတယ်။

သို့ပေမဲ့ ၎င်း Dr. Shi Zhuo နှင့်ကလေးမလေးတို့ရဲ့၎င်းအခိုက်အတန့်လေးကို မလွတ်သွားစေဖို့ မေ့ဆေးဆရာဝန် Jin Ziying က ကင်မရာဖြင့် ရိုက်ယူထားနိုင်ခဲ့ပါတယ်။ထို့နောက် social media ပေါ်မှာ တင်လိုက်ပြီးတာနဲ့တစ်ပြိုင်နက် ၎င်း story ဟာ ချက်ချင်းပင် ပျံ့နှံ့ကာ လူသိများသွားခဲ့ပါတယ်။

ခွဲစိတ်ဆရာဝန်များဟာ ၎င်းတို့ရဲ့လူနာများဖြစ်တဲ့ လူငယ်များနှင့်လူကြီးများအား ခွဲစိတ်ရန် ကြောက်စရာကောင်းသည့်အလုပ်တစ်ခုကို ရင်ဆိုင်ရသော်လည်း ၎င်းတို့ဟာ လူနာများကို စိတ်ငြိမ်သွားအောင် ကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေးရန် မလိုအပ်ပါဘူး။

အထူးသဖြင့် ၎င်းတာဝန်များက ခွဲစိတ်ခန်းထဲသို့မဝင်ခင်မှာ အတော်များများအကူသူနာပြုများကသာ လုပ်ကြရပါတယ်။ ကလေးမလေးအား မေ့ဆေးမပေးခင် အငြိမ်လေးဖြစ်နေအောင်လုပ်ပေးဖို့ မိဘဖြစ်သူတွေကို ခနခေါ်လိုက်လို့ရပေမဲ့လည်း Dr. Shi ဟာ သူ့ရဲ့အလုပ်လို့သဘောထားပြီး သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းဖြင့် ကလေးမလေးကို အနည်းငယ် စိတ်သက်သာရာရသွားအောင်လုပ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Dr.Shi ဟာ သူကိုယ်တိုင်မှာက ၆ နှစ်အရွယ်သားလေးတစ်ယောက်ရှိနေတာကို သိခဲ့ရပါတယ်။

ကြင်နာတတ်တဲ့ Dr . Shi က “ မိဘတစ်ယောက်အနေနဲ့ ကလေးတွေက အခုလိုအခြေအနေမျိုးဆို ကြောက်ရွံ့ကြပြီး မိသားစုဆီကနေ ဂရုစိုက်ချင်ကြတာကို ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်” ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါဟာ အံ့သြစရာကောင်းလှပါတယ်။ရှိသမျှ ဆရာဝန်များနှင့်ဆေးရုံဝန်ထမ်းများအားလုံးကလည်း Dr.Shi ကဲ့သို့ ကြင်နာတတ်ပြီး နားလည်မှုတွေပါပေးစွမ်းနိုင်ရင်တော့ အရမ်းကို အံ့ဩစရာကောင်းနေမှာ အမှန်ပါဘဲ။

ကလေးမလေးရဲ့အဖေဖြစ်သူက သူမဟာ ပိုကောင်းလာနေပြီဖြစ်ကြောင်းနှင့် ခွဲစိတ်မှုဟာလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်းကို ပြန်လည်ပြောကြားခဲ့ပါတယ်။

သတင်းထောက်များအား ပြောကြားရာမှာတော့ “အဖေတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့သမီးကို ဒီလိုနည်းနဲ့ပြုစုပေးခဲ့တဲ့အတွက် Dr. Shi ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်” ဟု ဖခင်ဖြစ်သူက ထို့ကဲ့သို့ ဝမ်းသာကြည်နူးစွာ ဖြေကြားပေးခဲ့ပါတယ်။

JRose (Mckzone Daily)

Zawgyi

ႏွလုံးခြဲစိတ္ဖို႔အတြက္ ေၾကာက္လန႔္ၿပီးငိုေႂကြးေနတဲ့ကေလးမေလးအား အခ်ိန္ယူကာ ႏွစ္သိမ့္ေပးေနခဲ့တဲ့ ၾကင္နာတတ္တဲ့ဆရာဝန္တစ္ဦး

တ႐ုတ္ႏိုင္ငံ Zhejiang ၿမိဳ႕ရွိေဆး႐ုံတစ္ခုမွာ သူမရဲ႕ႏွလုံးခြဲစိတ္မႈအား ေစာင့္ဆိုင္းေနသည့္ ၂ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးဟာ ေၾကာက္လန႔္ကာ ငိုေႂကြးေနခဲ့ပါတယ္။ ထို႔ေၾကာင့္ ၎ေဆး႐ုံရွိ ႏွလုံးခြဲစိတ္မႈ၏ဒုတိယၫႊန္ၾကားေရးမႉးျဖစ္တဲ့ Dr. Shi Zhuo ဟာ အဆိုပါကေလးမေလးအား သူ႔ရဲ႕ေပါင္ေပၚသို႔ ထိုင္ေစၿပီး သူ႔ဖုန္းျဖင့္ ကာတြန္းကားအခ်ိဳ႕ကို ၾကည့္ေစခဲ့ပါတယ္။ေၾကာက္လန႔္ၿပီး စိတ္ရႈပ္ေထြးေနခဲ့တဲ့ အဆိုပါကေလးမေလးဟာ ေနာက္ဆုံးမွာ စိတ္သက္သာရာရသြားခဲ့ၿပီး ဆရာဝန္မ်ားကလည္း ခြဲစိတ္ရန္အိပ္ေပ်ာ္သြားေစဖို႔ သူမအား ေမ့ေဆးထိုးေပးခဲ့ၾကပါတယ္။

သို႔ေပမဲ့ ၎ Dr. Shi Zhuo ႏွင့္ကေလးမေလးတို႔ရဲ႕၎အခိုက္အတန႔္ေလးကို မလြတ္သြားေစဖို႔ ေမ့ေဆးဆရာဝန္ Jin Ziying က ကင္မရာျဖင့္ ႐ိုက္ယူထားႏိုင္ခဲ့ပါတယ္။ထို႔ေနာက္ social media ေပၚမွာ တင္လိုက္ၿပီးတာနဲ႔တစ္ၿပိဳင္နက္ ၎ story ဟာ ခ်က္ခ်င္းပင္ ပ်ံ႕ႏွံ႔ကာ လူသိမ်ားသြားခဲ့ပါတယ္။

ခြဲစိတ္ဆရာဝန္မ်ားဟာ ၎တို႔ရဲ႕လူနာမ်ားျဖစ္တဲ့ လူငယ္မ်ားႏွင့္လူႀကီးမ်ားအား ခြဲစိတ္ရန္ ေၾကာက္စရာေကာင္းသည့္အလုပ္တစ္ခုကို ရင္ဆိုင္ရေသာ္လည္း ၎တို႔ဟာ လူနာမ်ားကို စိတ္ၿငိမ္သြားေအာင္ ကိုယ္တိုင္ကိုယ္က်ျပဳလုပ္ေပးရန္ မလိုအပ္ပါဘူး။

အထူးသျဖင့္ ၎တာဝန္မ်ားက ခြဲစိတ္ခန္းထဲသို႔မဝင္ခင္မွာ အေတာ္မ်ားမ်ားအကူသူနာျပဳမ်ားကသာ လုပ္ၾကရပါတယ္။ ကေလးမေလးအား ေမ့ေဆးမေပးခင္ အၿငိမ္ေလးျဖစ္ေနေအာင္လုပ္ေပးဖို႔ မိဘျဖစ္သူေတြကို ခနေခၚလိုက္လို႔ရေပမဲ့လည္း Dr. Shi ဟာ သူ႔ရဲ႕အလုပ္လို႔သေဘာထားၿပီး သူ႔ရဲ႕ကိုယ္ပိုင္နည္းလမ္းျဖင့္ ကေလးမေလးကို အနည္းငယ္ စိတ္သက္သာရာရသြားေအာင္လုပ္ေပးခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့ Dr.Shi ဟာ သူကိုယ္တိုင္မွာက ၆ ႏွစ္အ႐ြယ္သားေလးတစ္ေယာက္ရွိေနတာကို သိခဲ့ရပါတယ္။

ၾကင္နာတတ္တဲ့ Dr . Shi က “ မိဘတစ္ေယာက္အေနနဲ႔ ကေလးေတြက အခုလိုအေျခအေနမ်ိဳးဆို ေၾကာက္႐ြံ႕ၾကၿပီး မိသားစုဆီကေန ဂ႐ုစိုက္ခ်င္ၾကတာကို ကြၽန္ေတာ္ေကာင္းေကာင္းနားလည္ပါတယ္” ဟု ျပန္လည္ေျပာၾကားခဲ့ပါတယ္။

ဒါဟာ အံ့ၾသစရာေကာင္းလွပါတယ္။ရွိသမွ် ဆရာဝန္မ်ားႏွင့္ေဆး႐ုံဝန္ထမ္းမ်ားအားလုံးကလည္း Dr.Shi ကဲ့သို႔ ၾကင္နာတတ္ၿပီး နားလည္မႈေတြပါေပးစြမ္းႏိုင္ရင္ေတာ့ အရမ္းကို အံ့ဩစရာေကာင္းေနမွာ အမွန္ပါဘဲ။

ကေလးမေလးရဲ႕အေဖျဖစ္သူက သူမဟာ ပိုေကာင္းလာေနၿပီျဖစ္ေၾကာင္းႏွင့္ ခြဲစိတ္မႈဟာလည္း ေအာင္ျမင္စြာ ၿပီးဆုံးခဲ့ေၾကာင္းကို ျပန္လည္ေျပာၾကားခဲ့ပါတယ္။

သတင္းေထာက္မ်ားအား ေျပာၾကားရာမွာေတာ့ “အေဖတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ့္ရဲ႕သမီးကို ဒီလိုနည္းနဲ႔ျပဳစုေပးခဲ့တဲ့အတြက္ Dr. Shi ကို ကြၽန္ေတာ္ အရမ္းေက်းဇူးတင္ပါတယ္” ဟု ဖခင္ျဖစ္သူက ထို႔ကဲ့သို႔ ဝမ္းသာၾကည္ႏူးစြာ ေျဖၾကားေပးခဲ့ပါတယ္။

JRose (Mckzone Daily)

  • Leave a Comment

Categories