မြို့ကြီးတိုင်း အတုယူသင့်တဲ့ ဆန်းသစ်လှတဲ့ မြို့ပြဒီဇိုင်းတီထွင်မှု (၂၁) ခု

ဒီတစ်ခေါက်မှာတော့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လွန်းလှတဲ့ နိုင်ငံကြီးတွေရဲ့ မြို့ပြဒီဇိုင်း တီထွင်မှုတွေအကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

နိုင်ငံသူနိုင်ငံသားတွေအတွက် အရာရာအဆင်ပြေအောင် စဉ်းစားဖြည့်ဆည်း ပြီး တီထွင်ပေးလိုက်မှုတွေက တကယ့်ကို အားကျအတုယူစရာလည်း ကောင်းလွန်းလှပါတယ်။ ကဲ ဘယ်လိုအချက်တွေကို ဖြည့်ဆည်းပေးတဲ့ တီထွင်မှု တွေပါလဲဆိုတာ အခုပဲဖတ်ရှုလိုက်ရအောင်ပါ။

(၁)မီးပွိုင့်နီနေသလား၊ စိမ်းနေသလားဆိုတာ ခေါင်းမော့မကြည့်ပဲ သိနိုင်အောင်မြေပြင်မှာ လုပ်ပေးထားတာပါ။

သင်ဟာလမ်းသွားရင်းနဲ့ မဖြစ်မနေ ဖုန်းသုံးဖို့လိုလာခဲ့မယ်ဆိုရင် ယာဉ်အန္တရယ်ရှိနိုင်ပါတယ်။ ဒါကိုအလွယ် တကူဖြေရှင်းနိုင်ဖို့ဆိုရင် လမ်းကူးတဲ့နေရာ တွေမှာ မီးပွိုင့်နီနေသလား၊ စိမ်းနေသလားဆိုတာကို သင့်ခြေထောက်အောက်မှာ မြင်ရအောင် မီးရောင်သင်္ကေတနဲ့ ပြထားပေးတာဖြစ်လို့ ဖုန်းကိုငုံံ့သုံး နေရင်းနဲ့ အဆင်ပြေပြေ လမ်းကူးသွားလို့လည်းရအောင် စီစဉ်ပေးထားတာကတော့ တကယ့်ကို အားကျစရာကောင်းတယ်လို့တောင် ဆိုရမှာပဲ ဖြစ်ပါတယ်။

(၂)တစ်ကိုယ်စာ ဆေးလိပ်သောက်သုံးရန်နေရာ

ဆေးလိပ်သောက်ခြင်းဆိုတာ ကိုယ်တိုင်သောက်သုံးသူအတွက်ရော၊ ဘေးနားကတဆင့်အငွေ့ ရှူရှိုက်ရသူ တွေအတွက်ပါ ကောင်းကျိုးမပေးပါဘူး။ ဒီတော့သင်ဟာ ဆေးလိပ်သောက်တတ်သူဖြစ်ရင် တခြားလူတွေ ကို အန္တရယ်မဖြစ်စေဖို့ ဘယ်သူ့ဆီကိုမှ မီးခိုးငွေ့တွေမရောက်ဖို့ လိုပါတယ်။ ဒီအခြေအ နေကို တွေးဆမိပြီး တီထွင်ထားတဲ့ ဒီလိုအချက်လေးကလည်း အတုယူစရာကောင်းလှပါတယ်။

(၃)ဖုန်းရုံဟောင်းတွေကို ငါးပြတိုက် အသေးစားလေးတွေအဖြစ် ပြုပြင်ခြင်း

ဂျပန်တွေက သူတို့ရဲ့လမ်းဘေးဖုန်းရုံအဟောင်းတွေကို အသေးစားငါးပြတိုက်ပုံစံလေးတွေအဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ပါတယ်။ ဒီတော့ မျက်စိပသာ ဒလည်း ဖြစ်စေပြီး ဒီငါးပြတိုက်လေးတွေကို ကြည့်ရတာကိုက စိတ်ရွှင်လန်းစေတာပဲ ဖြစ်ပါတယ်။

(၄)လက်နှိပ်စက်စာလုံးတွေကို ပုံဖော်ထားတဲ့ ခုံတန်းရှည်…

ဒါကတော့ အလှဆင်ထားတာဆိုပေမယ့်လည်း သင်ကြိုက်တဲ့နေရာမှာ ရွေးချယ်ထိုင်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လှပတဲ့ ဒီဇိုင်းတစ်ခုဖြစ်တယ် ဆိုတာ တော့ ငြင်းမရပါဘူး။

(၅)ရောင်စုံဘတ်စကတ်ဘော ကွင်းတစ်ခု

ဒီအရောင်အသွေးတောက်ပ စုံလင်လှတဲ့ ဘတ်စကတ်ဘောကစားကွင်းက ပဲရစ်မှာရှိတာပါ။ တိုက်လမ်းကြားက ပိုနေတဲ့နေရာတစ်ခုကို လှပပြီး လာရောက် ဆော့ကစားချင်စိတ် ဖြစ်သွားစေမယ့် ဘတ်စကတ်ဘောကွင်းလေးတစ်ခုကို သပ်ရပ်သန့်ရှင်းစွာနဲ့ ပုံဖော်ခဲ့တာပါ။

(၆)လမ်းလယ်ကောင်မှာ ပြုလုပ်ပေးထားတဲ့ လှပတဲ့အနားယူစရာ နေရာတစ်ခု

လမ်းလယ်ကောင်မှာပါ..သင့်ကို ဒီလိုအေးအေးချမ်းချမ်း အနားယူမှုပြုနိုင်အောင် နေရာတကျစီစဉ်ပေးထားတာလို့ဆိုပါတယ်။ လှပပြီး နေပူဆာလှုံသူတွေနဲ့ ပြည့်နှက်နေတဲ့ အနားယူလို့ကောင်းတဲ့ နေရာလေးတစ်ခုပဲ ဖြစ်ပါတယ်။

(၇)သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေအတွက် အချိန်ကြာကြာဖြတ်သန်းခွင့်ကတ်

မီးပွိုင့်တွေ၊ လမ်းဆုံလမ်းခွတွေမှာ လမ်းကူးတဲ့အခါမှာ သာမန်လူတွေက မြန်မြန်ဆန်ဆန်ကူးနိုင်ကြပေမယ့် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ အ တွက်ကတော့ အချိန်နည်းနည်းပိုယူရလေ့ရှိပါတယ်။ ဒီတော့ လမ်းဖြတ်ကူးချိန်ကို အချိန်တစ်ခုတည်း သတ်မှတ်မထားပဲနဲ့ အားနည်းတဲ့သူတွေအတွက် အဆင်ပြေအောင် ကတ်လေးတွေ လုပ်ပေးထားပါတယ်။ ဒီကတ်နဲ့စကန်ဖတ်ပြီး လမ်းကူးမယ်ဆိုရင်တော့ သာမန်အချိန်ထက် ပိုပြီးကြာကြာ အသုံးပြုနိုင် မှာပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် စဉ်းစားပေးတတ်တဲ့ နိုင်ငံပါလိမ့်နော်။

(၈)လုံခြုံမှုကို အလေးထားတဲ့ တီထွင်မှုလေးတစ်ခု

မြို့ထဲမှာကားတွေရှုပ်၊ လူတွေရှုပ်တဲ့အခါမှာ ပလက်ဖောင်းတွေဟာလည်း လုံခြုံမှုမရှိပါဘူး။ အရှိန်လွန်မောင်းမိတဲ့ ယာဉ်တွေကြောင့် ပလက်ဖောင်းမှာ စကားရပ်ပြောနေတဲ့သူတွေ မတော်တဆ သေဆုံးနိုင်ချေရှိပါတယ်။ ဒီတော့ စကားပြောဖို့လိုရင် အခုလိုခိုင်ခိုင်ခန့်ခန့်လုပ်ပေးထားတဲ့ နေရာလေးတွေမှာ ဝင်ရောက်ထိုင်ပြီး စိတ်အေးလက်အေး စကားလက်ဆုံ ပြောနိုင်တာပဲ ဖြစ်ပါတယ်။

(၉)ဦးခေါင်းတစ်ခုစီအတွက် ဦးထုပ်တစ်လုံးစီဆိုတာက..

လမ်းဘေးမှာ ထိုင်နားဖို့အတွက် ခုံတန်းရှည်တွေရှိပေမယ့် အမိုးမပါတဲ့အခါမျိုးမှာ ထိုင်ခုံတွေကလည်းပူနေ၊ လူတွေကလည်း မထိုင်ချင်ကြပါဘူး။ အခုလို ဦးထုပ်ကြီးတွေပါ တီထွင်တပ်ပေးထားလိုက်တော့ နေပူဒဏ်ကိုလည်းသက်သာပြီး ဓာတ်ဖမ်းချင်ရင်တောင် လှပနေတာပဲ ဖြစ်ပါတယ်။

(၁၀)နေလောင်ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ဖို့မလိုပါ

ခရမ်းလွန်ရောင်ခြည်ဆိုတာ အရေပြားကို ဘယ်လောက်အထိ ဒုက္ခပေးတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒီလိုလူတွေအသုံးပြုမှှုများတဲ့ လမ်းမ တွေရဲ့ အပေါ်မှာ လှပတဲ့အမိုးအကာလေး လုပ်ပေးထားလိုက်တော့ အားလုံးပဲ နေပူဒဏ်ကိုကာကွယ်ပြီးသားဖြစ်လို့ အေးအေးချမ်းချမ်း သွားလာလို့ရတာ အသေချာပဲ ဖြစ်ပါတယ်။

(၁၁)အရမ်းကိုအဆင်ပြေစေတဲ့ စေတနာတီထွင်မှုတစ်ခု

ဒီလိုလမ်းတိုင်းမှာ စာကြည့်မီးအိမ်လေးတွေ ဘာကြောင့်လုပ်ပေးထားရသလဲဆိုတာ သိပါသလား။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ စာဖတ်ချင်တဲ့ဆန္ဒက အချိန်မရွေးရှိလာနိုင်လို့ပါပဲ…..။

(၁၂)အမျိုးသမီးတွေအတွက် အထူးနှစ်သက်စေတဲ့ တီထွင်မှုလေးတစ်ခု

တစ်ချို့လမ်းတွေပေါ်မှာ၊ ရေမြောင်းပေါ်မှာ သံဇကာနဲ့ဖုံးအုပ်ထားရတဲ့ မဖြစ်မနေ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ ဒီနေရာကို ဖြတ်သန်းရတဲ့အခါမျိုး မှာ ဒေါက်မြင့်ဖိနပ်စီးထားတဲ့ သူတွေအနေနဲ့ အင်မတန်မှအခက်တွေ့လေ့ ရှိပါတယ်။ ဒီလိုလေး ခြေရာပုံလေးတွေ လုပ်ပေးထားလိုက်တော့ သံဇကာကွက်ထဲ ဒေါက်မညပ်တော့ဘူးပေါ့။ ဒါကလည်း အသေးအဖွဲလေး ဖြစ်တာတောင် အတော်လေး အားကျစရာကောင်းတဲ့ နားလည်ပေးမှုလေး တစ်ခုဖြစ်ပါတယ်။

(၁၃)စက်ဘီးရပ်ဖို့ နေရာကျဉ်းကျဉ်းလေးသာ လိုပါတယ်။

စက်ဘီးလေးတွေလှလှပပ ရပ်ခဲ့ဖို့ ရှေ့ဘီးလေးတွေ ထိုးထားလို့ရတဲ့ နေရာလေး လုပ်ပေးထားပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် စက်ဘီးတွေလည်း ညီညီ ညာညာ ရပ်နိုင်ပြီး နေရာလည်းမယူပဲ သပ်ရပ်လှပစေတာပဲ ဖြစ်ပါတယ်။

(၁၄)ပေါ်တူဂီနိုင်ငံက ကင်းခြေများ ရုပ်ရှင်ရုံ

ဒီရုပ်ရှင်ရုံလေးတွေက မတ်တပ်ရပ်ပြီး ကြည့်ရတဲ့ မီနီရုပ်ရှင်ရုံလေးတွေဖြစ်ပါတယ်။ စိတ်ပင်ပန်းနေတာနဲ့ ဟာသရုပ်ရှင် အတိုလေးတွေကို ခဏတာရပ်ပြီး ကြည့်နိုင်တယ်လို့လည်း ဆိုပါတယ်။

(၁၅)ဘတ်စ်ကားစောင့်ရင်းဒန်းစီးကြစို့

ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေကြရတဲ့အခါ ကားလာဖို့ကြာနေတာမျိုးကို အားလုံးခံစားဖူးကြမှာပါ။ ဒီလိုစောင့်နေရတဲ့အချိန်တွေမှာ ခုံတွေကမရှိ၊ ရှိတဲ့ခုံတွေက ကျိုးပဲ့နေတာမျိုးတွေနဲ့ ကြုံဖူးကြတဲ့သူတွေအားလုံး ဒီလိုဘတ်စ်ကားကို ဒန်းစီးပြီးစောင့်လို့ရတဲ့ အိုင်ဒီယာကိုတော့ အားကျနေကြလိမ့်မယ် လို့ ထင်ပါတယ်နော်။

(၁၆)ကလေးတိုင်းက ဆော့ကစားဖို့ ထိုက်တန်ပါတယ်

ပလက်ဖောင်းပေါ်ကမြောင်းဖုံးတစ်ခုမှာ ကလေးလေးတွေဆော့ဖို့ စီစဉ်ပေးလိုက်တဲ့အခါ..ဘယ်လိုနေရာမျိုးမှာ မဆို အခြားသူတွေအတွက် အထူးသဖြင့် ကလေးတွေအတွက် အဆင်ပြေအောင် လုပ်ပေးလိုက်တဲ့ စိတ်ကူးကတော့ အရမ်းကို ကောင်းမွန်တယ်လို့ ထင်မြင်မိပါတယ်။

(၁၇)သင်ရုတ်တရက် လမ်းလျှောက်လာရင်းနဲ့ ညောင်းလာတဲ့အခါမျိုးမှာ အနားယူလိုက်ပါ

ဒါကလည်း ခုဏက ဘတ်စကားစောင့်ရင်း ဒန်းစီးရသလိုပါပဲ။ လမ်းလျှောက်လာရင်း ညောင်းလာတဲ့အခါမျိုးမှာ သက်တောင့်သက်သာ အနားယူလို့ ရ အောင်ကို စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်လုပ်ပေးလုပ်ပေး ပြည်သူတွေကလည်း စည်းကမ်းရှိမှသာ ဒီဓာတ်ပုံထဲကလို လှလှပပ သပ်သပ် ရပ်ရပ် ဖြစ်နိုင်မှာလို့ တွေးမိပါတယ်။

(၁၈)လမ်းသန့်ရှင်းရေးကို ပိုမိုလွယ်ကူစွာပြုလုပ်နိုင်တဲ့နည်း

လမ်းမှာ အမှိုက်ကို လှည်းပြီးထည့်ဖို့ အပေါက်လေးတွေလုပ်ပေးထားပါတယ်။ ဒီတော့ အမှိုက်တွေကို စုဦးဟဲ့..၊ ဂေါ်ပြားနဲ့ ကျုံးပါဦးဟဲ့ လုပ်စရာမလိုတော့ ပဲ ဒီအပေါက်ထဲကို လှည်းထည့်လိုက်ပြီး နောက်ကရှင်းလင်းတဲ့ သူတွေကလည်း ဒီအပေါက်ထဲက အမှိုက်တွေကိုသာ သိမ်းဆည်းရတာဖြစ်လို့ အတော်အ ဆင်ပြေတဲ့ တီထွင်မှုလေးတစ်ခု ဖြစ်ပါတယ်။

(၁၉)ကားမှတ်တိုင်က ငွေအကြေစေ့ထည့် ဘောလုံးကစားစက်

မှတ်တိုင်တွေမှာ ဘတ်စ်စီးရတဲ့ လူတွေအတွက် အတော်လေးကို စဉ်းစဉ်းစားစားလုပ်ပေးထားကို ဒီဓာတ်ပုံတွေထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ အခုလည်းကား စောင့်ရင်း ဆော့ကစားလို့ရတော့ စိတ်ကြည်လင်စေတာပေါ့။

(၂၀)ကားမှတိုင်တွေမှာ ပျော်ရွှင်စေတဲ့ ရုပ်ပုံများသာ ထားရှိခြင်း

ဘတ်စ်ကားမှတ်တိုင်က လူတွေမြင်ရတဲ့နေရာမှာ ကြော်ငြာတွေ ကပ်လေ့ရှိတယ်ဆိုပေမယ့်လည်း ပျော်ရွှင်နေတဲ့ပုံတွေသာ ဦးစားပေးကပ်ဖို့ စီစဉ်ညွှန်ကြား ထားပါတယ်။ ပျော်ရွှင်နေတဲ့ ရုပ်ပုံများထားရှိခြင်းက မြင်လိုက်ရတဲ့ ဘယ်သူမဆို စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။

(၂၁)

လမ်းမအလယ်မှာပဲ ရေပန်းတွေနဲ့ ပျော်စရာကောင်းအောင် ဖန်တီးပေးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင် ဆော့ကစား နိုင်ပြီး လူကြီးတွေလည်း တအားသဘောကျတဲ့ တီထွင်မှုတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကဲ အခုဖော်ပြသွားတာတွေကတော့ အခြားသောနိုင်ငံများက ပြည်သူပြည်သားတွေ သက်သောင့်သက်သာ ရှိရှိ နေ့စဉ်ဘဝကို လွယ်ကူစွာဖြတ်သန်းနိုင်စေဖို့ တီထွင်ပေးခဲ့တဲ့ မြို့ပြဒီဇိုင်းများပဲ ဖြစ်ပါတယ်။ ဘယ်ဒီဇိုင်းတီထွင် မှုက သင့်ကိုကြိုက်နှစ်သက်စေသလဲဆိုတာ ဝေမျှပေးခဲ့ပါဦးနော်..။ အားလုံးပဲစိတ်ချမ်း သာ၊ ကိုယ်ကျန်းမာကြပါစေ..။

Credit-Shwenyanshin

Ref; Brightside

  • Leave a Comment

Categories