ဖြစ်စဥ်မှာ ဖိလစ်ပိုင်နိုင်ငံမှ Chrisken Simuleအမည်ရှိသော အသက် ၂၁နှစ်အရွယ် ကောင်လေးသည် မိဘနှစ်ပါးမှာလည်း အလုပ်လက်မဲ့ဖြစ်နေကာ လိုင်းပေါ်ကနေ စာသင်ကြားရန်အတွက် ဖုန်းအဟောင်းလေးကိုသာ အသုံးပြုခဲ့ရသည်။
ထိုစဥ် Melanie R.Fugueroaအမည်ရှိ ဆရာဖြစ်သူမှ ကောင်လေးအိမ်သို့ သွားရောက်လည်ပတ်ခဲ့ရာ အိမ်အခြေအနေကိုလည်း သဘောပေါက်မိပြီး တပည့်ဖြစ်သူကိုင်နေသော ဖုန်းလေးကိုလည်းမြင်ပြီးနောက် စိတ်မကောင်းဖြစ်မိပြီး ကူညီရန်ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ဆရာဖြစ်သူသည် ကောင်လေးအား အသိမပေးပဲ စုဆောင်းထားသော ငွေလေးနှင့် Laptopတစ်လုံးအား ဝယ်ယူပြီး တပည့်ဖြစ်သူအိမ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြင့် မျက်ရည်ပါကျရသည်ထိ ဝမ်းသာပျော်ရွှင်ခဲ့ရသည်။
Rain (For Ialinks)
Zawgyi
Online Classအတွက် ဆရာဖြစ်သူမှ Laptopတစ်လုံးဝယ်ပေးခဲ့၍ ဝမ်းသာလွန်းလို့ မျက်ရည်တွေပါကျခဲ့သော ကောင်လေး
Rain (For Ialinks)