အိုလံပစ်မှာ ၁၄နှစ်သမီးလေးရွှေရလို့ အိမ်နဲ့ပိုက်ဆံဆုချတာကို မယူဘူးလို့ပယ်ချလိုက်တဲ့အဖေ

တိုကျိုအိုလံပစ်မှာ ဒိုက်ဗာအားကစားနဲ့ ဟုန်ချန်(Quan Hongchan)ဟာ ရွှေရခဲ့ပါတယ်။ ၁၄နှစ်ပဲရှိသေးတဲ့အပြင် မိန်းကလေးငယ်လေးဖြစ်နေတာက တရုတ်ပြည်သူလူထုကြား ရေပန်းစားခဲ့ပြီး၊ ကလေးမလေးနေထိုင်တဲ့ အိမ်ရှေ့မှာ ပြည်သူတွေဟာ နေ့တိုင်းလိုလို လက်ဆောင်တွေလာပေးနေကြပါတယ်။

မထင်မရှားရွာလေးတခုမှာ နေထိုင်ရတဲ့သူဖြစ်တဲ့အတွက် ပြည်သူတွေက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကို ဂုဏ်ပြုချင်လာပါတယ်။ အဖေဖြစ်သူကို ကလေးမလေးအစား အိမ်တလုံးနဲ့ ဒေါ်လာ ၃သောင်းဆုကြေးလက်ခံပေးဖို့ လာကမ်းလှမ်းခဲ့ချိန်မှာ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

လက်မခံနိုင်ဘူးလို့ ပယ်ချလိုက်တာပါ။ ကလေးဖြစ်သူရဲ့စိတ်သဘောထားကို ထည့်မတွက်ခဲ့တဲ့အဖေရဲ့လုပ်ရပ်က မီဒီယာတွေထက်မှာ ရေပန်းစားသွားပြီး၊ ဘာလို့အခုလိုလုပ်ခဲ့တာလဲကို နားမလည်နိုင်ဖြစ်နေပါတယ်။ အကြောင်းက တိုကျိုမှာ ရွေရချိန် ဟုန်ချန်ဝန်ခံထားတာရှိပါတယ်။

အမေဖြစ်သူဟာ ၂၀၁၇ မှာ ကားအက်စီဒင့်တခုကြောင့် အခုချိန်ထိ သေလုမြောပါးကုနေရဆဲပါ။ ပိုက်ဆံအခက်အခဲရှိတာကို နားလည်ထားတဲ့ ၁၄နှစ်သမီးလေးက သူဆုရခဲ့ရင် ချီးမြင့်မယ့်ပိုက်ဆံတွေဟာ အမေ့ဆေးဖိုးရမှာမလို့ ဝမ်းသာတယ်လို့ အင်တာဗျူးမှာ ထုတ်ပြောထားပါတယ်။

အဲဒီအချိန်မှာ အဖေကတော့ ပြောင်းပြန်ဆိုသလို ပယ်ချလိုက်ပါတယ်။ ပြည်သူတွေကလည်း နေ့တိုင်းနီးပါး ဟုန်ချန်ရဲ့အိမ်ရှေ့မှာ လက်ဆောင်တွေပို့ပေးနေဆဲဖြစ်ပြီး၊ ဆုတွေကို လက်ခံဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ အဖေဖြစ်သူက လုံးဝလက်မခံခဲ့ပါဘူး။ သူကတော့ လူစုလူဝေးကိုအကြောင်းပြထားပါတယ်။

ဟုန်ချန်ရွှေရခဲ့တဲ့ နယ်ပယ်က အမျိုးသမီး၁၀မီတာဒိုက်ဗာဖြစ်ပါတယ်။ တိုကျိုအိုလံပစ်ဟာ ပွဲဦးထွက်ဖြစ်သလို လက်ရွေးစင်ဖြစ်တာလည်း ၁နှစ်ပဲရှိသေးတယ်လို့သိရပါတယ်။ အခုလိုမျိုးဖြစ်လာဖို့ လွယ်ကူခဲ့တာတော့မဟုတ်ဘဲ ၇ နှစ်သမီးကတည်းက တရက်ကို အကြိမ်၄၀၀လောက် ဒိုက်ပစ်ခဲ့ရတယ်လို့ scmp သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Credit-shwetoday

Ref:scmp

Zawgyi

အိုလံပစ္မွာ ၁၄ႏွစ္သမီးေလးေ႐ႊရလို႔ အိမ္နဲ႔ပိုက္ဆံဆုခ်တာကို မယူဘူးလို႔ပယ္ခ်လိုက္တဲ့အေဖ

တိုက်ိဳအိုလံပစ္မွာ ဒိုက္ဗာအားကစားနဲ႔ ဟုန္ခ်န္(Quan Hongchan)ဟာ ေ႐ႊရခဲ့ပါတယ္။ ၁၄ႏွစ္ပဲရွိေသးတဲ့အျပင္ မိန္းကေလးငယ္ေလးျဖစ္ေနတာက တ႐ုတ္ျပည္သူလူထုၾကား ေရပန္းစားခဲ့ၿပီး၊ ကေလးမေလးေနထိုင္တဲ့ အိမ္ေရွ႕မွာ ျပည္သူေတြဟာ ေန႔တိုင္းလိုလို လက္ေဆာင္ေတြလာေပးေနၾကပါတယ္။

မထင္မရွား႐ြာေလးတခုမွာ ေနထိုင္ရတဲ့သူျဖစ္တဲ့အတြက္ ျပည္သူေတြက ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားကို ဂုဏ္ျပဳခ်င္လာပါတယ္။ အေဖျဖစ္သူကို ကေလးမေလးအစား အိမ္တလုံးနဲ႔ ေဒၚလာ ၃ေသာင္းဆုေၾကးလက္ခံေပးဖို႔ လာကမ္းလွမ္းခဲ့ခ်ိန္မွာ အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။

လက္မခံႏိုင္ဘူးလို႔ ပယ္ခ်လိုက္တာပါ။ ကေလးျဖစ္သူရဲ႕စိတ္သေဘာထားကို ထည့္မတြက္ခဲ့တဲ့အေဖရဲ႕လုပ္ရပ္က မီဒီယာေတြထက္မွာ ေရပန္းစားသြားၿပီး၊ ဘာလို႔အခုလိုလုပ္ခဲ့တာလဲကို နားမလည္ႏိုင္ျဖစ္ေနပါတယ္။ အေၾကာင္းက တိုက်ိဳမွာ ေ႐ြရခ်ိန္ ဟုန္ခ်န္ဝန္ခံထားတာရွိပါတယ္။

အေမျဖစ္သူဟာ ၂၀၁၇ မွာ ကားအက္စီဒင့္တခုေၾကာင့္ အခုခ်ိန္ထိ ေသလုေျမာပါးကုေနရဆဲပါ။ ပိုက္ဆံအခက္အခဲရွိတာကို နားလည္ထားတဲ့ ၁၄ႏွစ္သမီးေလးက သူဆုရခဲ့ရင္ ခ်ီးျမင့္မယ့္ပိုက္ဆံေတြဟာ အေမ့ေဆးဖိုးရမွာမလို႔ ဝမ္းသာတယ္လို႔ အင္တာဗ်ဴးမွာ ထုတ္ေျပာထားပါတယ္။

အဲဒီအခ်ိန္မွာ အေဖကေတာ့ ေျပာင္းျပန္ဆိုသလို ပယ္ခ်လိုက္ပါတယ္။ ျပည္သူေတြကလည္း ေန႔တိုင္းနီးပါး ဟုန္ခ်န္ရဲ႕အိမ္ေရွ႕မွာ လက္ေဆာင္ေတြပို႔ေပးေနဆဲျဖစ္ၿပီး၊ ဆုေတြကို လက္ခံဖို႔ တိုက္တြန္းေနပါတယ္။ ဒါေပမဲ့ အေဖျဖစ္သူက လုံးဝလက္မခံခဲ့ပါဘူး။ သူကေတာ့ လူစုလူေဝးကိုအေၾကာင္းျပထားပါတယ္။

ဟုန္ခ်န္ေ႐ႊရခဲ့တဲ့ နယ္ပယ္က အမ်ိဳးသမီး၁၀မီတာဒိုက္ဗာျဖစ္ပါတယ္။ တိုက်ိဳအိုလံပစ္ဟာ ပြဲဦးထြက္ျဖစ္သလို လက္ေ႐ြးစင္ျဖစ္တာလည္း ၁ႏွစ္ပဲရွိေသးတယ္လို႔သိရပါတယ္။ အခုလိုမ်ိဳးျဖစ္လာဖို႔ လြယ္ကူခဲ့တာေတာ့မဟုတ္ဘဲ ၇ ႏွစ္သမီးကတည္းက တရက္ကို အႀကိမ္၄၀၀ေလာက္ ဒိုက္ပစ္ခဲ့ရတယ္လို႔ scmp သတင္းဌာနက ေဖာ္ျပသြားခဲ့ပါတယ္။

Credit-shwetoday

Ref:scmp

  • Leave a Comment

Categories