လှပသောမျက်လုံးနှင့် ရုပ်ရည်ချောမောမှုကြောင့် နှုတ်ခမ်းနီမလေးများကြား ရေပန်းစားနေသော တက္ကသိုလ်ကျောင်းသားလေး

လောကကြီးတွင် လူတိုင်းကအလှအပနှင့် ပက်သက်ပြီး မက်မောကြရာ ရုပ်ရည်ချောမောမှသာ လူကြားထဲတိုးရဲ၍ ခွဲစိတ်ပြုပြင်ကြတာမျိုး လုပ်ကြပြီး အချို့သောသူများမှာ ခွဲစိတ်စရာမလိုပဲ လှပချောမောမှုကြောင့် မြင်သူတိုင်းငေးရပြီး အားကျကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ထိုင်းဟိုလ်အမည်ရှိသော အသက် ၂၀အရွယ်ကောင်လေးသည် ဆွဲဆောင်မှုပြင်းသော ညို့မျက်လုံးနှင့် ရုပ်ရည်ချောမောမှုကြောင့် တစ်ကျောင်းလုံးဧ။် အာရုံစိုက်မှုကို ရထားသည့်အပြင် လူမှုကွန်ယက်တွင်လည်း နှုတ်ခမ်းနီမလေးများဧ။် အသည်းစွဲဖြစ်နေခဲ့သည်။

ထိုင်းဟိုလ်သည် ရုပ်ရည်ချောမောသည့်အပြင် စိတ်ထားလေးကလည်း ကောင်းမွန်ပြီး သူတစ်ပါးအပေါ်တွင် စာနာစိတ်လေးအမြဲထားကာ မိသားစုနှင့် သူငယ်ချင်းများအပေါ်တွင်လည်း အမြဲဦးစားပေးလျက် ရှိသည်။

ထို့အတူ ထိုင်းဟိုလ်သည် တက္ကသိုလ်နောက်ဆုံးအပြီးတွင် သူရည်မှန်းထားသော အနုပညာကျောင်းတွင် တက်ရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

ထိုင်းဟိုလ်သည် မိခင်ဖြစ်သူကို ရိုသေလေးစားပြီး “အမေ့သား ဖြစ်ရတာ ဂုဏ်ယူတယ်” ဘာဖြစ်လို့လဲဆို သူစိတ်ဓာတ်ကျချိန်တိုင်း အမေကဘေးနားမှာ အမြဲအားပေးခဲ့သည်ဟု ဆိုခဲ့သည်။

ထိုင်းဟိုလ်သည် သူ့ကိုချစ်ပြီးအားပေးထောက်ခံနေသော ပရိသတ်များအတွက် သူဧ။်အကောင့်တွင် ပုံများ မကြာခဏမျှဝေလေ့ရှိသည်။

1

2

3

4

5

6

7

Hlaing (Love Feeling )

Zawgyi








Hlaing (Love Feeling )

  • Leave a Comment

Categories