အိမ်မက်တွေအကောင်အထည်ဖော်နိုင်ချိန်မှာ လမ်းဘေးဈေးသည်ဖခင်ကို လူကြားထဲရှိခိုးခဲ့တဲ့ သားလိမ္မာ

ကိုယ့်ဘဝက ဘယ်လောက်ပဲ အောင်မြင်ပြီး ၊ ထိပ်ဆုံးမှာ ရပ်တည်နေပါစေ ဘဝတစ်လျှောက်လုံး ကိုယ့်ကိုပြုစုစောင့်ရှောက်ခဲ့ကြသူတွေ ၊ မိဘတွေကိုတော့ မမေ့သင့်ပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကောင်လေးတစ်ယောက်ဟာလည်း သူ့ရဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ပြီးနောက်မှာတော့ သူ့ရဲ့မိဘတွေကို လုံးဝမမေ့သွားဘူးဆိုတညသက်သေပြလိုက်တာပါပဲ ။

Mohamad Risky Saputra အမည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက အသက် 19နှစ်အရွယ်ကောင်လေးဟာ ရဲအရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကို တက်ရောက်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ဖခင်ဖြစ်သူကို ကျေးဇူးတင်လွန်းလို့ ဦးညွတ်ပြီးဂါရဝပြုခဲ့တဲ့ ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။

Risky ရဲ့မိခင်ဖြစ်သူပြောပြချက်အရ သူမရဲ့သားအငယ်ဆုံးတစ်ယောက်ဟာ ရဲအရာရှိတစ်ဦးအတော်လေးဖြစ်ချင်ခဲ့တာပါ ။ သို့ပေမဲ့လည်း သူမတို့ရဲ့မိသားစုအခြေအနေကြောင့် သူမက သားဖြစ်သူကို မထောက်ပံ့နိုင်ကြောင်း ပြောဆိုခဲ့ပေမဲ့လည်း Risky ကတော့ မိဘတွေရဲ့ သဘောတူညီချက်ကိုသာ လိုချင်တာဖြစ်ကြောင်း သူမတို့အား ရိုးရှင်းစွာတောင်းဆိုခဲ့ပါတယ် ။

ထို့အပြင် Risky တို့ရဲ့မိသားစုဟာ အိမ်ရှေ့မှာ လှည်းလေးနဲ့ဈေးရောင်းနေတဲ့ ဖခင်ဖြစ်သူရဲ့ဝင်ငွေကိုသာ မှီခိုအားထားနေရတဲ့အတွက် ဖြစ်ပါတယ် ။ အစပိုင်းမှာတော့ မိခင်ဖြစ်သူက သားလေးဟာ လူရွေးချယ်တဲ့စာမေးပွဲမှာအောင်မြင်တယ်ဆိုတဲ့အတွက် သူမရဲ့ပျော်ရွှင်စိတ်လှုပ်ရှားမှုကို လုံးဝထိန်းလို့မရတဲ့အထိဖြစ်မိကြောင်း ပြောဆိုခဲ့ပါတယ် ။ သားဖြစ်သူကို ဂုဏ်ယူလွန်းလှတဲ့ မိဘနှစ်ပါးမှာတော့ သူတို့တွေဆီမှာရှိတဲ့အကောင်းဆုံး ဝတ်စုံလေးတွေနဲ့ သားဖြစ်သူရဲ့ ရဲအရာရှိတာဝန်ခန့်အပ်တဲ့ပွဲသဘင်အခမ်းအနားကို တက်ရောက်ချီးမြင့်ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Dail)

Zawgyi

အိမ္မက္ေတြအေကာင္အထည္ေဖာ္ႏိုင္ခ်ိန္မွာ လမ္းေဘးေဈးသည္ဖခင္ကို လူၾကားထဲရွိခိုးခဲ့တဲ့ သားလိမၼာ

ကိုယ့္ဘဝက ဘယ္ေလာက္ပဲ ေအာင္ျမင္ၿပီး ၊ ထိပ္ဆုံးမွာ ရပ္တည္ေနပါေစ ဘဝတစ္ေလွ်ာက္လုံး ကိုယ့္ကိုျပဳစုေစာင့္ေရွာက္ခဲ့ၾကသူေတြ ၊ မိဘေတြကိုေတာ့ မေမ့သင့္ပါဘူး ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေကာင္ေလးတစ္ေယာက္ဟာလည္း သူ႔ရဲ႕ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ႏိုင္ၿပီးေနာက္မွာေတာ့ သူ႔ရဲ႕မိဘေတြကို လုံးဝမေမ့သြားဘူးဆိုတညသက္ေသျပလိုက္တာပါပဲ ။

Mohamad Risky Saputra အမည္ရွိတဲ့ အင္ဒိုနီးရွားႏိုင္ငံက အသက္ 19ႏွစ္အ႐ြယ္ေကာင္ေလးဟာ ရဲအရာရွိေလ့က်င့္ေရးသင္တန္းေက်ာင္းကို တက္ေရာက္ႏိုင္ခဲ့ပါတယ္ ။ သူ႔ရဲ႕ဖခင္ျဖစ္သူကို ေက်းဇူးတင္လြန္းလို႔ ဦးၫြတ္ၿပီးဂါရဝျပဳခဲ့တဲ့ ဓာတ္ပုံဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္ရွိပါတယ္ ။

Risky ရဲ႕မိခင္ျဖစ္သူေျပာျပခ်က္အရ သူမရဲ႕သားအငယ္ဆုံးတစ္ေယာက္ဟာ ရဲအရာရွိတစ္ဦးအေတာ္ေလးျဖစ္ခ်င္ခဲ့တာပါ ။ သို႔ေပမဲ့လည္း သူမတို႔ရဲ႕မိသားစုအေျခအေနေၾကာင့္ သူမက သားျဖစ္သူကို မေထာက္ပံ့ႏိုင္ေၾကာင္း ေျပာဆိုခဲ့ေပမဲ့လည္း Risky ကေတာ့ မိဘေတြရဲ႕ သေဘာတူညီခ်က္ကိုသာ လိုခ်င္တာျဖစ္ေၾကာင္း သူမတို႔အား ႐ိုးရွင္းစြာေတာင္းဆိုခဲ့ပါတယ္ ။

ထို႔အျပင္ Risky တို႔ရဲ႕မိသားစုဟာ အိမ္ေရွ႕မွာ လွည္းေလးနဲ႔ေဈးေရာင္းေနတဲ့ ဖခင္ျဖစ္သူရဲ႕ဝင္ေငြကိုသာ မွီခိုအားထားေနရတဲ့အတြက္ ျဖစ္ပါတယ္ ။ အစပိုင္းမွာေတာ့ မိခင္ျဖစ္သူက သားေလးဟာ လူေ႐ြးခ်ယ္တဲ့စာေမးပြဲမွာေအာင္ျမင္တယ္ဆိုတဲ့အတြက္ သူမရဲ႕ေပ်ာ္႐ႊင္စိတ္လႈပ္ရွားမႈကို လုံးဝထိန္းလို႔မရတဲ့အထိျဖစ္မိေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သားျဖစ္သူကို ဂုဏ္ယူလြန္းလွတဲ့ မိဘႏွစ္ပါးမွာေတာ့ သူတို႔ေတြဆီမွာရွိတဲ့အေကာင္းဆုံး ဝတ္စုံေလးေတြနဲ႔ သားျဖစ္သူရဲ႕ ရဲအရာရွိတာဝန္ခန႔္အပ္တဲ့ပြဲသဘင္အခမ္းအနားကို တက္ေရာက္ခ်ီးျမင့္ေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Dail)

  • Leave a Comment

Categories