ကြည့်လိုက်တာနဲ့ သင့်ကိုမျက်ရည်ကျသွားစေမယ့် ဖခင်မေတ္တာဘွဲ့ ဓာတ်ပုံ (၂၀)

ဒီတစ်ခါမှာတော့ ကြည့်ရှု တဲ့သူတွေကို မျက်ရည်ကျသွားစေမယ့် ဓာတ်ပုံလေးတွေအကြောင်း ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘယ်လို ပုံလေးတွေမို့လို့ မျက်ရည်ကျသွားစေနိုင်တာလဲဆိုရင်တော့ ပျားရည်ထက်ချိုမြိန်တဲ့ ဖခင်တွေရဲ့ မိဘမေတ္တာ ကို တွေ့ရှိစေနိုင်လို့ပဲ ဖြစ်ပါတယ်။ ဖခင်တစ်ယောက်ဖြစ်ရတယ်ဆိုတာက မိခင်တွေလိုပဲ ခက်ခဲပါတယ်။ ဖခင် တွေကလည်း မိခင်တွေနဲ့တူတူ သားသမီးတွေအတွက် အပင်ပန်းခံ ပေးဆပ်ခဲ့ကြသူများဖြစ်ပါတယ်။ ဒါပေမယ့် မိခင်တွေနဲ့ ယှဉ်ရင်တော့ ဖခင်ဆိုတာက နောက်ကွယ်ကနေပံ့ပိုးသူလို့ပဲ သားသမီးအများစုကမှတ်ယူထားကြ လေ့ရှိပါတယ်။

(၁)

သူဘွဲ့ယူတုန်းက သမီးလေးကို ခေါ်သွားခဲ့ပါတယ်။ ၁၈နှစ်ကြာတဲ့အချိန် သမီးလေးဘွဲ့ယူတဲ့ အခါမှာလည်း သူဂုဏ်ယူစွာနဲ့ လိုက်သွားခဲ့ပါတယ်။

(၂)

ဖခင်တစ်ယောက်အတွက် ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့ကလေးကသာ ပထမဦးစားပေးဖြစ်ပါတယ်။

(၃)

နှစ်သုံးဆယ်ကြာပြီးမှ တူညီတဲ့ပုံပြန်ရိုက်ပြီး ပျော်နေတဲ့ သားအဖပုံရိပ်လေးက သင်တို့ကို ကြည်နူးစေမှာပါ။

(၄)

ဒီကမ္ဘာမှာ အဖေ့ရဲ့ သမီးဖြစ်ခွင့်ရတာ ကျွန်မအတွက် ကံအကောင်းဆုံး ဘုရားပေးတဲ့ဆု ပါ…။ မင်္ဂလာဆောင်ဓာတ်ပုံတွေရလို့ ဖေဖေနဲ့ တူတူကြည့်မိတဲ့အခါ ကျွန်မမျက်ရည်တွေ ထိန်းမရအောင် ကျဆင်းခဲ့ရ ပါတယ်။

(၅)

မိသားစုထဲမှာ အစ်ကိုက ပထမဆုံး မာစတာဘွဲ့ရတဲ့သူဖြစ်ပါတယ်။ အဲဒီနေ့က အဖေငိုတာများ တော်တော်နဲ့ မရပ်တန့်နိုင်ခဲ့ပါဘူး။

(၆)

ဒီနေ့ကျွန်အတွက် နောက်ဆုံးပန်းစည်းလေးရောက်လာခဲ့ပါပြီ။ ဒီပန်းစည်းလေးက ကျွန်မအသက်၂၁ နှစ်ပြည့်အထိမ်းအမှတ်နဲ့ ရောက်လာတဲ့ ပန်းစည်းပါ။ ဘယ်သူပေးတာလဲသိလား…တမလွန်ကနေ ကျွန်မ အဖေပို့ပေးလိုက်တာပါ။ အဖေက ကင်ဆာရောဂါနဲ့ ကျွန်မအသက်၁၆နှစ်မှာ ဆုံးသွားခဲ့ပါတယ်။ သူမကွယ် လွန်မီမှာ ကျွန်မဆီကို ကျွန်မအသက် ၂၁နှစ်ပြည့်တဲ့နေ့အထိ ပန်းစည်းလေးတွေ နှစ်တိုင်းပို့ပေးဖို့မှာသွားခဲ့ တာပဲဖြစ်ပါတယ်။

(၇)

ဖေဖေနဲ့သမီး အသက်အရွယ်တူတူရလာခဲ့ပြီ…အသက်အရွယ်တွေပြောင်းလဲသွားပေမယ့် ဖေဖေ့မေတ္တာ ကတော့ သမီးလေးအပေါ်ဘယ်တော့မှ မပြောင်းလဲသွားပဲ ချစ်နေမြဲ၊ ချစ်နေဆဲပဲ ဖြစ်ပါတယ်။

(၈)

မညီမညာဆွဲထားတဲ့ ကာတွန်းပုံလေးကို ဘာလို့ တက်တူးထိုးခဲ့တာပါလဲ။ ဒါအက်ဆီးဒန့်တစ်ခုနဲ့ သူ့သမီးလေး မကွယ်လွန်ခင်ဆွဲထားခဲ့တဲ့ ပုံလေးမို့လို့ပါပဲ။

(၉)

ဒီအမြွှာသမီးလေးနှစ်ယောက်က မွေးဖွားရမယ့်ရက်ထက်စောပြီး မွေးဖွားခဲ့ကြပါတယ်။ သမီးလေးတွေဟာ ကလေးကြပ်မတ်ကုသဆောင်မှာ အချိန်တော်ကြာနေခဲ့ရပြီး ဒါသူတို့ဖေဖေနဲ့ ပထမဦးဆုံး တွေ့ခွင့်ရတဲ့နေ့ပဲ ဖြစ်ပါတယ်။

(၁၀)

ကျွန်မ ဒီနေ့လိုဘွဲ့ရရှိဖို့ ကျွန်မဖေဖေဘယ်လောက်ကြိုးစားခဲ့ရသလဲဆိုတာ ကျွန်မအသိဆုံးပါပဲ။ ဖေဖေ့ ကိုအရမ်းချစ်ပါတယ်နော်။

(၁၁)

စင်ဒရဲလားရုပ်ရှင်ကြည့်ဖို့ သမီးလေးစိတ်တိုင်းကျ ဝတ်ဆင်ခဲ့ရတဲ့ ဖေဖေတစ်ဦး

(၁၂)

တစ်ညလုံးဖျားနာနေတဲ့ သားလေးကို စောင့်ရှောက်ရင်း မနက်လင်းတော့ အဖေက မနိုးတော့ပါဘူး။ ဟုတ်ပါတယ်..ဓာတ်ပုံထဲက ကင်ဆာဝေဒနာရှင်လေးက အသက်ရှင်ခဲ့ပြီး အဖေကတော့ အရင်ဆုံးပါးသွားခဲ့တာ ပဲဖြစ်ပါတယ်။

(၁၃)

ဖခင်တွေအတွက်ကတော့ သားသမီးလေးတွေ ဘယ်လိုရာသီဥတုမျိုးမဆို အန္တရာယ်မရှိအောင် ကာကွယ်ပေးဖို့ အဖြေက အမြဲအဆင်သင့်ရှိပါတယ်။

(၁၄)

သမီးတွေအများကြီးပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ ဟောလိုးဝင်းစတိုင်လေးပါ

(၁၅)

မုန့်ထဲက အချိုနှစ်တွေအရည်မပျော်အောင်လုပ်ပေးတဲ့ ဖေဖေ့အိုင်ဒီယာ

(၁၆)

ဖေဖေနဲ့ သားသားနှစ်ဦးတည်း ဆင်တူဝတ်စုံတွေဝတ်ပြီး ရိုခဲ့စဉ်က

(၁၇)

အပြေးပြိုင်ပွဲတစ်ခုကို သွားဖို့အတွက် သမီးလေးပျော်အောင် စပိုက်ဒါမန်းဝတ်စုံဝတ်ပေးခဲ့တဲ့ ဖေဖေတစ်ယောက်

(၁၈)

ဖေဖေနဲ့သမီးဆင်တူကခဲ့ရတဲ့ ကပွဲအမှတ်တရပုံလေးကို အမြဲချိတ်ထားတယ်။ သမီးလေးဟာ ငါ့အတွက်တော့ စူပါစတားတစ်ယောက်ဖြစ်ပါတယ်လို့ ပြောလိုက်တဲ့ဖခင်တစ်ဦးရဲ့ ခံစားချက်ပီတိ။

(၁၉)

သမီးလေးမျက်လုံးနေစူးမှာစိုးလို့ တစ်လမ်းလုံးလက်အညောင်းခံပြီး ကာကွယ်ပေးခဲ့တဲ့ဖေဖေ။

(၂၀)

ကလေးဆေးရုံမှာ ကင်ဆာရောဂါခံစားနေရတဲ့ကလေးငယ်လေးတွေ ပျော်ရွှင်စေဖို့ ဖေဖေက လင်းနို့လူ သားဝတ်စုံဝတ်ပေးခဲ့ပါတယ်ဆိုတဲ့ ဖခင်အပေါ်ဂုဏ်ယူနေတဲ့ သားတစ်ယောက်ရဲ့ခံစားချက်။

ကဲ ဘယ်ဓာတ်ပုံလေးတွေက သင့်ကို စိတ်လှုပ်ရှားမှုဖြစ်စေသလဲ ဆိုတာကို နံပတ်စဉ်လေးတွေတပ်ပြီး ဝေမျှပေးသွားပါဦးနော်။

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ဖခင်မေတ္တာ ဘယ်လောက်ကြီးမားနက်ရှိုင်းသလဲဆို တာပြသထားတဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။

Credit-shwenyanshin

  • Leave a Comment

Categories