“နိုင်ငံ့ရဲ့အလှဆုံးနတ်သမီးလေး” ဟု လူသိများခဲ့ပြီး ၁၀ နှစ်အကြာမှ ပရိတ်သတ်များရှေ့မှာ လှပကျော့ရှင်းလွန်းတဲ့အလှဖြင့် ပြန်ပေါ်လာခဲ့တဲ့ မိန်းကလေး

ထိုင်းနိုင်ငံရှိ (၂၀၀၉) ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အသက် ၅ နှစ်အရွယ် Jenna Jirada Moran အမည်ရှိကောင်မလေးဟာ ၂၀၁၄ ခုနှစ်ဝန်းကျင်လောက်မှာ သူမရဲ့ကြည်လင်တဲ့မျက်လုံး၊ဖြူဖွေးတဲ့အသားအရေ နှင့် တောက်ပတဲ့အပြုံးတို့ဖြင့် လှပလွန်းတဲ့သူမရဲ့နတ်သမီးအလှတရားတို့ကြောင့် လူမှုကွန်ယက်ပေါ်မှာ လူအများအတွက် ရူးသွပ်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။အမေရိကန်-ထိုင်း ကပြားဖြစ်တဲ့ Jenna ရဲ့အလှတရားဟာ အင်တာနက်သုံးစွဲသူများအား ခဏတာစွဲမက်သွားစေခဲ့ပါတယ်။သူမရဲ့ထူးချွန်ထက်မြက်တဲ့ပုံပန်းသွင်ပြင်ကြောင့် Jenna ဟာ ကြော်ငြာအေဂျင်စီများ ၊ ဖက်ရှင်အမှတ် တံဆိပ်များ ၊ကလေးမဂ္ဂဇင်းများဆီကနေ ကမ်းလှမ်းဖိတ်စာများစွာကို ရရှိခဲ့ပါတယ်။ထိုအချိန်တုန်းက သူမကို ထိုင်းနိုင်ငံရဲ့အလှဆုံးမိန်းကလေး ဒါမှမဟုတ် ကြော်ငြာနတ်သမီးလေးလို့ လူအများက ခေါ်ဆိုခဲ့ကြပါတယ်။Salinrat Wong အမည်ရှိ Jenna ရဲ့မိခင်ဟာလည်း သူမရဲ့အလှတရားအတွက် ချီးကျူးခံထားရတဲ့အအျိုးသမီးတစ်ဦးလည်း ဖြစ်နေပါတယ်။

သူမဟာ သမီးဖြစ်သူရဲ့အလုပ်အချိန်ဇယားကို တိုက်ရိုက် စီမံခန့်ခွဲပေးခဲ့ပါတယ်။၇ နှစ်ကျော်ကြာသွားခဲ့ပြီးနောက်မှာ Jenna ဟာ လက်ရှိမှာ အသက် ၁၂ နှစ်ရှိနေပြီဖြစ်ပြီး သူမရဲ့အသွင်အပြင်ကလည်း အတော်လေးကို ပြောင်းလဲလာနေပါပြီ။

Jenna လေးက အရင်ကထက် အများကြီး အရပ်ပိုမြင့်လာပေမဲ့ အလယ်တန်းကျောင်းသူလေးရဲ့အလှတရားကတော့ အရင်အတိုင်းပါပဲ။သူမရဲ့လှပတဲ့မျက်နှာအချိုးအစားအပြင် Jennaဟာ အရပ်ရှည်လာပြီး ထင်ရှားနေပါတယ်။သူမဟာ မော်ဒယ်နဲ့သရုပ်ဆောင်အလုပ်များမှာ အားသာချက်များစွာ ရှိနေပါတယ်။

လက်ရှိမှာ Jenna ဟာ ကြော်ငြာရှိုးပွဲများအတွက် တန်ဖိုးများပြီးဈေးကြီးနေဆဲဖြစ်သလို ကလေးများအတွက် အမှတ်တံဆိပ်များစွာရဲ့မျက်နှာဖုံးတစ်ခု ဖြစ်နေပါတယ်။ဖက်ရှင် ရက်သတ္တပတ် show များမှာ ပါဝင်လာတဲ့အခါ Jenna ဟာ သူမရဲ့catwalk စွမ်းရည်များကြောင့် ပရိသတ်နှင့်ကျွမ်းကျင်သူများထံမှ ချီးကျူးစကားများကိုလည်း လက်ခံရရှိခဲ့ရပါတယ်။

Jenna ဟာ ထိုင်းနိုင်ငံရှိ တီဗီစီးရီးများနှင့် ရင်းနှီးတဲ့ကလေးသရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ထို့ကြောင့် သူမရဲ့ သဘာဝအလှ ၊စစ်မှန်တဲ့သရုပ်ဆောင်မှုများနှင့်အတူ Jenna ဟာ ဒီထက်ပိုမိုကောင်းမွန်တဲ့အခန်းကဏ္ဍများစွာမှာ ပိုမိုကြီးမားတဲ့ screen star တစ်ဦးဖြစ်လာလိမ့်မယ်လို့လည်း လူအများက မျှော်လင့်ထားခဲ့ကြပါတယ်။

Credit-Mia (Mckzone Daily)

Zawgyi

“ႏိုင္ငံ့ရဲ႕အလွဆုံးနတ္သမီးေလး” ဟု လူသိမ်ားခဲ့ၿပီး ၁၀ ႏွစ္အၾကာမွ ပရိတ္သတ္မ်ားေရွ႕မွာ လွပေက်ာ့ရွင္းလြန္းတဲ့အလွျဖင့္ ျပန္ေပၚလာခဲ့တဲ့ မိန္းကေလး

ထိုင္းႏိုင္ငံရွိ (၂၀၀၉) ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ အသက္ ၅ ႏွစ္အ႐ြယ္ Jenna Jirada Moran အမည္ရွိေကာင္မေလးဟာ ၂၀၁၄ ခုႏွစ္ဝန္းက်င္ေလာက္မွာ သူမရဲ႕ၾကည္လင္တဲ့မ်က္လုံး၊ျဖဴေဖြးတဲ့အသားအေရ ႏွင့္ ေတာက္ပတဲ့အၿပဳံးတို႔ျဖင့္ လွပလြန္းတဲ့သူမရဲ႕နတ္သမီးအလွတရားတို႔ေၾကာင့္ လူမႈကြန္ယက္ေပၚမွာ လူအမ်ားအတြက္ ႐ူးသြပ္စရာတစ္ခု ျဖစ္လာခဲ့ပါတယ္။အေမရိကန္-ထိုင္း ကျပားျဖစ္တဲ့ Jenna ရဲ႕အလွတရားဟာ အင္တာနက္သုံးစြဲသူမ်ားအား ခဏတာစြဲမက္သြားေစခဲ့ပါတယ္။သူမရဲ႕ထူးခြၽန္ထက္ျမက္တဲ့ပုံပန္းသြင္ျပင္ေၾကာင့္ Jenna ဟာ ေၾကာ္ျငာေအဂ်င္စီမ်ား ၊ ဖက္ရွင္အမွတ္ တံဆိပ္မ်ား ၊ကေလးမဂၢဇင္းမ်ားဆီကေန ကမ္းလွမ္းဖိတ္စာမ်ားစြာကို ရရွိခဲ့ပါတယ္။ထိုအခ်ိန္တုန္းက သူမကို ထိုင္းႏိုင္ငံရဲ႕အလွဆုံးမိန္းကေလး ဒါမွမဟုတ္ ေၾကာ္ျငာနတ္သမီးေလးလို႔ လူအမ်ားက ေခၚဆိုခဲ့ၾကပါတယ္။Salinrat Wong အမည္ရွိ Jenna ရဲ႕မိခင္ဟာလည္း သူမရဲ႕အလွတရားအတြက္ ခ်ီးက်ဴးခံထားရတဲ့အအ်ိဳးသမီးတစ္ဦးလည္း ျဖစ္ေနပါတယ္။

သူမဟာ သမီးျဖစ္သူရဲ႕အလုပ္အခ်ိန္ဇယားကို တိုက္႐ိုက္ စီမံခန႔္ခြဲေပးခဲ့ပါတယ္။၇ ႏွစ္ေက်ာ္ၾကာသြားခဲ့ၿပီးေနာက္မွာ Jenna ဟာ လက္ရွိမွာ အသက္ ၁၂ ႏွစ္ရွိေနၿပီျဖစ္ၿပီး သူမရဲ႕အသြင္အျပင္ကလည္း အေတာ္ေလးကို ေျပာင္းလဲလာေနပါၿပီ။

Jenna ေလးက အရင္ကထက္ အမ်ားႀကီး အရပ္ပိုျမင့္လာေပမဲ့ အလယ္တန္းေက်ာင္းသူေလးရဲ႕အလွတရားကေတာ့ အရင္အတိုင္းပါပဲ။သူမရဲ႕လွပတဲ့မ်က္ႏွာအခ်ိဳးအစားအျပင္ Jennaဟာ အရပ္ရွည္လာၿပီး ထင္ရွားေနပါတယ္။သူမဟာ ေမာ္ဒယ္နဲ႔သ႐ုပ္ေဆာင္အလုပ္မ်ားမွာ အားသာခ်က္မ်ားစြာ ရွိေနပါတယ္။

လက္ရွိမွာ Jenna ဟာ ေၾကာ္ျငာရႈိးပြဲမ်ားအတြက္ တန္ဖိုးမ်ားၿပီးေဈးႀကီးေနဆဲျဖစ္သလို ကေလးမ်ားအတြက္ အမွတ္တံဆိပ္မ်ားစြာရဲ႕မ်က္ႏွာဖုံးတစ္ခု ျဖစ္ေနပါတယ္။ဖက္ရွင္ ရက္သတၱပတ္ show မ်ားမွာ ပါဝင္လာတဲ့အခါ Jenna ဟာ သူမရဲ႕catwalk စြမ္းရည္မ်ားေၾကာင့္ ပရိသတ္ႏွင့္ကြၽမ္းက်င္သူမ်ားထံမွ ခ်ီးက်ဴးစကားမ်ားကိုလည္း လက္ခံရရွိခဲ့ရပါတယ္။

Jenna ဟာ ထိုင္းႏိုင္ငံရွိ တီဗီစီးရီးမ်ားႏွင့္ ရင္းႏွီးတဲ့ကေလးသ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ထို႔ေၾကာင့္ သူမရဲ႕ သဘာဝအလွ ၊စစ္မွန္တဲ့သ႐ုပ္ေဆာင္မႈမ်ားႏွင့္အတူ Jenna ဟာ ဒီထက္ပိုမိုေကာင္းမြန္တဲ့အခန္းက႑မ်ားစြာမွာ ပိုမိုႀကီးမားတဲ့ screen star တစ္ဦးျဖစ္လာလိမ့္မယ္လို႔လည္း လူအမ်ားက ေမွ်ာ္လင့္ထားခဲ့ၾကပါတယ္။

Credit-Mia (Mckzone Daily)

  • Leave a Comment

Categories