၃ဘီလီယံတန်ဖိုးရှိ ဇိမ်ခံကားကြီးကို ဝယ်ခဲ့ပြီးနောက် သူငယ်ချင်းများမှာ ခဏခဏ လာလာငှားကြ၍ သံချေးတက်နေသည့် ကားအစုတ်ကြီးပုံစံသို့ ပြောင်းလဲပစ်ခဲ့သော ကောင်လေး

လူတစ်ယောက်စီတိုင်းတွင် ဆိုးတူကောင်းဖက် ခင်မင်ရင်းနှီးရသော သူငယ်ချင်း မိတ်ဆွေတစ်ယောက် နှစ်ယောက်တော့ ရှိကြစမြဲဖြစ်ပြီး လိုအပ်သည့်ချိန်တိုင်းမှာလည်း အကူအညီတောင်းကြတာမျိုး ရှိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Truong အမည်ရှိသော ကောင်လေးတစ်ဦးသည် ဗီယက်ငွေ ၃ဘီလီယံတန်ဖိုးရှိသော Maserati ဇိမ်ခံကားကြီးကို ဝယ်ယူရန် ငွေများကို အချိန်တော်ကြာ စုဆောင်းခဲ့ရသည်။

ဝယ်ယူပြီးနောက် ကောင်လေးသည် သူဧ။်အဖိုးတန်ကားကြီးအား ကောင်းကောင်းမစီးရသေးပဲ သူငယ်ချင်းများမှာ ဟိုနားဒီနား သွားဖို့ဆိုပြီး နေ့တိုင်းလိုလို လာငှားနေကြသည်။

ကောင်လေးသည် သူဧ။် ကားအသစ်စက်စက်လေးကို မငှားချင်သော်လည်း သူငယ်ချင်းအချင်းချင်း မိတ်ပျက်မည်စိုး၍ ပေးငှားခဲ့ရာ သူ့လက်ထဲပြန်မရောက်မချင်း သူ့ကားလေးတစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ရှာသည်။

ထို့ကြောင့် ကောင်လေးသည် သူဧ။်အလှစီးကားကို သံချေးတက်နေသည့် ကားအစုတ်အပျက်တစ်စီးနှင့်တူအောင် ပြောင်းလဲခဲ့ပြီး သူငယ်ချင်းများ ထပ်မငှားတော့အောင် ပြုလုပ်ခဲ့သည်။

Credit-Rain (For Ialinks)

Zawgyi

၃ဘီလီယံတန္ဖိုးရွိ ဇိမ္ခံကားႀကီးကို ဝယ္ခဲ့ၿပီးေနာက္ သူငယ္ခ်င္းမ်ားမွာ ခဏခဏ လာလာငွားၾက၍ သံေခ်းတက္ေနသည့္ ကားအစုတ္ႀကီးပုံစံသို႔ ေျပာင္းလဲပစ္ခဲ့ေသာ ေကာင္ေလး

လူတစ္ေယာက္စီတိုင္းတြင္ ဆိုးတူေကာင္းဖက္ ခင္မင္ရင္းႏွီးရေသာ သူငယ္ခ်င္း မိတ္ေဆြတစ္ေယာက္ ႏွစ္ေယာက္ေတာ့ ရွိၾကစၿမဲျဖစ္ၿပီး လိုအပ္သည့္ခ်ိန္တိုင္းမွာလည္း အကူအညီေတာင္းၾကတာမ်ိဳး ရွိသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ Truong အမည္ရွိေသာ ေကာင္ေလးတစ္ဦးသည္ ဗီယက္ေငြ ၃ဘီလီယံတန္ဖိုးရွိေသာ Maserati ဇိမ္ခံကားႀကီးကို ဝယ္ယူရန္ ေငြမ်ားကို အခ်ိန္ေတာ္ၾကာ စုေဆာင္းခဲ့ရသည္။

ဝယ္ယူၿပီးေနာက္ ေကာင္ေလးသည္ သူဧ။္အဖိုးတန္ကားႀကီးအား ေကာင္းေကာင္းမစီးရေသးပဲ သူငယ္ခ်င္းမ်ားမွာ ဟိုနားဒီနား သြားဖို႔ဆိုၿပီး ေန႔တိုင္းလိုလို လာငွားေနၾကသည္။

ေကာင္ေလးသည္ သူဧ။္ ကားအသစ္စက္စက္ေလးကို မငွားခ်င္ေသာ္လည္း သူငယ္ခ်င္းအခ်င္းခ်င္း မိတ္ပ်က္မည္စိုး၍ ေပးငွားခဲ့ရာ သူ႔လက္ထဲျပန္မေရာက္မခ်င္း သူ႔ကားေလးတစ္ခုခုျဖစ္သြားမည္ကို စိုးရိမ္ေနခဲ့ရွာသည္။

ထို႔ေၾကာင့္ ေကာင္ေလးသည္ သူဧ။္အလွစီးကားကို သံေခ်းတက္ေနသည့္ ကားအစုတ္အပ်က္တစ္စီးႏွင့္တူေအာင္ ေျပာင္းလဲခဲ့ၿပီး သူငယ္ခ်င္းမ်ား ထပ္မငွားေတာ့ေအာင္ ျပဳလုပ္ခဲ့သည္။

Credit-Rain (For Ialinks)

  • Leave a Comment

Categories