ဘိုကေလးတြင္ အသက္ ၉ ႏွစ္အ႐ြယ္ ကေလး ၁ ဦး မိေက်ာင္းဆြဲခံရ

ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕နယ္၊ ဂရမ္းေက်း႐ြာ အုပ္စု၊ ႐ြာသစ္ေက်း႐ြာ ဇြန္လ ၂၉ ရက္ေန႔ နံနက္ပိုင္းက အသက္ ၉ ႏွစ္အ႐ြယ္ ကေလး ၁ ဦး မိေက်ာင္းဆြဲခံရေၾကာင္း သတင္းရရွိသည္။

အသက္ ၉ ႏွစ္အ႐ြယ္ရွိ မယမင္းသူသည္ အဘြားျဖစ္သူႏွင့္အတူ ေနအိမ္ႏွင့္ ၉ ေပအကြာ ေရေျမာင္း အတြင္း ေရခ်ိဳးေနစဥ္ အလ်ား ၁၀ ေတာင္ခန႔္ရွိ အဝါေရာင္မိေက်ာင္းမွာ ကေလးအား ကိုက္ဆြဲျခင္းျဖစ္ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

မိေက်ာင္းအဆြဲခံရစဥ္ အဖြားျဖစ္သူမွ ကေလးအားဆြဲၿပီး ေအာ္ဟစ္အကူညီေတာင္းခံခဲ့ရာ ကေလး၏ ဖခင္ ႏွင့္ အဘိုးျဖစ္သူတို႔ လာေရာက္ကူဆြဲခဲ့သျဖင့္ မိေက်ာင္းမွာ ကေလးကိုလႊတ္ၿပီး ျပန္ဆင္းသြားခဲ့ေသာ္လည္း မိေက်ာင္းဆြဲခံရမႈေၾကာင့္ ကေလးတြင္ ဘယ္လက္ဖ်ံ႐ိုးက်ိဳး ျပတ္ရွဒဏ္ရာမ်ားရရွိ၍ ဘိုကေလးေဆး႐ုံသို႔ပို႔ေဆာင္ထားရေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

“ကြၽန္ေတာ္တို႔ ႐ြာမွာဒါပထမဆုံး မိေက်ာင္းအဆြဲခံရတာပါ တစ္ခါမွလဲမႀကဳံဖူးေတာ့ အတတ္ႏိုင္ဆုံးေဆး႐ုံေရာက္ေအာင္အျမန္ အကူအညီေပးေဆာင္႐ြက္လိုက္ရပါတယ္ ဒဏ္ရာကအႀကီးႀကီး၊ အ႐ိုးလဲက်ိဳးသြားေတာ့ခြဲစိတ္ခန္းထပ္ဝင္ရမယ္လို႔သိရပါတယ္”ဟု ေက်း႐ြာအုပ္ခ်ဴပ္ေရးမႉး ဦးသိန္းဝင္းက ေျပာသည္။

ယခုရာသီမွာ မိေက်ာင္းမ်ား အသိုက္ကိုက္သည့္ရာသီျဖစ္ၿပီး မတ္လကုန္မွစတင္ကာ မိေက်ာင္းအႏၲရာယ္သတိေပး လက္ကမ္းေၾကာ္ျငာေဝငွျခင္း ႐ြာတြင္းလွည့္ေၾကာ္ျငာျခင္းမ်ားကို ႏွစ္စဥ္ေဆာင္႐ြက္လ်က္ရွိၿပီး ဂရမ္းေက်း႐ြာအုပ္စု၊႐ြာသစ္ေက်း႐ြာတြင္ မိေက်ာင္းအႏၲရာယ္သတိေပးဆိုင္းဘုတ္စိုက္ထူထားေပးေၾကာင္း သူကဆက္ေျပာပါသည္။

ဘိုကေလးၿမိဳ႕နယ္၌ ၂၀၂၀ ခုႏွစ္တြင္ မိေက်ာင္းအကိုက္ခံရမူမွာ ပထမဦးဆုံးအႀကိမ္ျဖစ္ေၾကာင္း သဘာဝဝန္းက်င္ႏွင့္သားငွက္တိရစာၦန္ထိန္းသိမ္းေရးဌာန၊မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ အုပ္ခ်ဳပ္ေရးမႉး ဦးသန႔္ဇင္ေအာင္ထံမွသိရသည္။

မိေက်ာင္းအဆြဲခံရ၍ ေဆး႐ုံတက္ေရာက္ေဆးကုသေနရသည့္ အသက္ ၉ ႏွစ္အ႐ြယ္ မယမင္းသူအတြက္ သဘာဝဝန္းက်င္ႏွင့္သားငွက္တိရစာၦန္ထိန္းသိမ္းေရးဌာန၊မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ အုပ္ခ်ဳပ္ေရးမူးဦးသန႔္ဇင္ေအာင္ႏွင့္ ဝန္ထမ္းမ်ားမွေထာက္ပံ့ေငြမ်ား အားေဆး႐ုံသို႔သြားေရာက္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

Credit – ေက်ာ္လင္း (ဘိုကေလး)

Unicode

ဘိုကလေးတွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိကျောင်းဆွဲခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိကျောင်းဆွဲခံရကြောင်း သတင်းရရှိသည်။

အသက် ၉ နှစ်အရွယ်ရှိ မယမင်းသူသည် အဘွားဖြစ်သူနှင့်အတူ နေအိမ်နှင့် ၉ ပေအကွာ ရေမြောင်း အတွင်း ရေချိုးနေစဉ် အလျား ၁၀ တောင်ခန့်ရှိ အဝါရောင်မိကျောင်းမှာ ကလေးအား ကိုက်ဆွဲခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မိကျောင်းအဆွဲခံရစဉ် အဖွားဖြစ်သူမှ ကလေးအားဆွဲပြီး အော်ဟစ်အကူညီတောင်းခံခဲ့ရာ ကလေး၏ ဖခင် နှင့် အဘိုးဖြစ်သူတို့ လာရောက်ကူဆွဲခဲ့သဖြင့် မိကျောင်းမှာ ကလေးကိုလွှတ်ပြီး ပြန်ဆင်းသွားခဲ့သော်လည်း မိကျောင်းဆွဲခံရမှုကြောင့် ကလေးတွင် ဘယ်လက်ဖျံရိုးကျိုး ပြတ်ရှဒဏ်ရာများရရှိ၍ ဘိုကလေးဆေးရုံသို့ပို့ဆောင်ထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျွန်တော်တို့ ရွာမှာဒါပထမဆုံး မိကျောင်းအဆွဲခံရတာပါ တစ်ခါမှလဲမကြုံဖူးတော့ အတတ်နိုင်ဆုံးဆေးရုံရောက်အောင်အမြန် အကူအညီပေးဆောင်ရွက်လိုက်ရပါတယ် ဒဏ်ရာကအကြီးကြီး၊ အရိုးလဲကျိုးသွားတော့ခွဲစိတ်ခန်းထပ်ဝင်ရမယ်လို့သိရပါတယ်”ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။

ယခုရာသီမှာ မိကျောင်းများ အသိုက်ကိုက်သည့်ရာသီဖြစ်ပြီး မတ်လကုန်မှစတင်ကာ မိကျောင်းအန္တရာယ်သတိပေး လက်ကမ်းကြော်ငြာဝေငှခြင်း ရွာတွင်းလှည့်ကြော်ငြာခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ဂရမ်းကျေးရွာအုပ်စု၊ရွာသစ်ကျေးရွာတွင် မိကျောင်းအန္တရာယ်သတိပေးဆိုင်းဘုတ်စိုက်ထူထားပေးကြောင်း သူကဆက်ပြောပါသည်။

ဘိုကလေးမြို့နယ်၌ ၂၀၂၀ ခုနှစ်တွင် မိကျောင်းအကိုက်ခံရမူမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်ထံမှသိရသည်။

မိကျောင်းအဆွဲခံရ၍ ဆေးရုံတက်ရောက်ဆေးကုသနေရသည့် အသက် ၉ နှစ်အရွယ် မယမင်းသူအတွက် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမူးဦးသန့်ဇင်အောင်နှင့် ဝန်ထမ်းများမှထောက်ပံ့ငွေများ အားဆေးရုံသို့သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

Credit – ကျော်လင်း (ဘိုကလေး)

  • Leave a Comment