အသက်ကွာခြားခြင်းဟာ ပြဿနာမဟုတ်ကြောင်း သက်သေပြလာခဲ့တဲ့ အသက် ၃၂ နှစ်ကွာတဲ့ စုံတွဲနှစ်ဦး

အချစ်နဲ့ ပတ်သက်ပြီး အသက်အရွယ်ဟာ ပြဿနာမဟုတ်ဘူးဆိုတာကို အသက် ၃၂ နှစ်ကွာခြားတဲ့ စုံတွဲနှစ်ဦးက သက်သေပြနေပါတယ် ။ မကြာသေးမီက သူတို့စုံတွဲဟာ သူတို့ရဲ့အကြောင်းကို မျှဝေပြီး လုများစွာ မနာလိုဖြစ်ခဲ့ရပါတယ် ။ ၁၉၆၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ထိုင်းသရုပ်ဆောင် Thongkhao Pattarachokchai ဟာ အလွန်ကိုထူးချွန်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ် ။ Thongkhao ဟာ Nong Mil လို့ခေါ်တဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးနဲ့ အွန်လိုင်းပေါ်မှာ တွေ့ဆုံပြီး ချစ်ခြင်းမေတ္တာမျှ ခဲ့ပါတယ် ။ နောက်ပြီး ၎င်းတို့နှစ်ဦးက အသက်အရွယ်ဟာ အချစ်အတွက် အတားအဆီးတစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ် ။

ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် နားလည်ပေးကြလို့ပါဘဲ ။ ယခုဆိုရင် သူတို့ရဲ့ ဆက်ဆံရေးက ၄ ​​နှစ်ကြာပါပြီ ။ သူတို့ပထမဆုံးအကြိမ် အတူတူနေကတည်းက ညှိစရာတွေ အဆင်မပြေတာတွေ မရှိခဲ့ပါဘူး လို့ ဆိုပါတယ် ။ Nong Mil က အရမ်းကို လှပကြည်လင်ပြီး sexy ရှိတာကြောင့် Thongkhao ချစ်မိသွားတာက မထူးဆန်းပါဘူးလေ ။

1

2

3

4

5

6

7

8

9

10

11

Credit-JRose (KB Chimmy One)

Zawgyi





  • Leave a Comment

Categories