ဒီတစ်ခေါက်မှာတော့ သင့်ရဲ့ အမြင်အာရုံကို ေ၀ဝါးသွားစေပြီး နှစ်ကြိမ်လောက်ကြည့်တာတောင် သဘောပေါက်မှာ မဟုတ်တဲ့ဓာတ်ပုံတွေ ကို ဖော်ပြပေးသွားမှာပါ။အမှန်ကိုသိသွားပြီဆိုရင်လည်း သင့်ကိုရယ်မောသွားစေနိုင်တဲ့ ဓာတ်ပုံတွေမို့ အခုလို ကာလမှာ စိတ်ဖိစီးမှုတွေကိုလည်းတနည်းအားဖြင့် ဖြေလျော့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အခုပဲ ဓာတ်ပုံတွေ ကိုဖော်ပြပေးလိုက်ပါတယ်နော်။
(၁)
ဖြတ်ကနဲကြည့်လိုက်ရင် သံတိုင်ကြီးကို ကိုက်နေတဲ့ ကြောင်ကလေးလို့ မြင်ကြမှာပါ။ တော်တော်ပါးစပ်ပေါက်ကြီးတဲ့ကြောင်ပါလားလို့ ထင်သွားနိုင်ပေမယ့် သေချာကြည့်တဲ့အခါမှာ ကြောင်လေးကနံရံမှာ သပ်သပ် ထိုင်နေတာဖြစ်ပြီး ကြောင်လေးရဲ့မျက်နှာက တိုင်လုံးနဲ့ကွယ်နေတာပဲ ဖြစ်ပါတယ်။
(၂)
ဟယ်ကလေးလား..လူကြီးလား..လူကြီးမျက်နှာနဲ့ကလေး ကိုယ်လုံးနဲ့ပါလားလို့ ထင်သွားကြတယ် မှတ်လား။ တကယ်တော့ ကလေးလေးကို သူ့ရဲ့ဖေဖေကချီထားတာဖြစ်ပြီး မျက်နှာနှစ်ခုထပ်သွားရာကနေ ဒီလို အမြင်လွဲမှားနိုင်တဲ့ ဓာတ်ပုံထွက်လာတာပဲ ဖြစ်ပါတယ်။
(၃)
မျက်စိရှက်စရာပုံတစ်ခုလို့ ထင်သွားရင် အရင်ဆုံး ကြိုတောင်းပန်ထားလိုက်ပါရစေ..။ တကယ်တော့ ဒါဟာ ကလေးတစ်ယောက်ရဲ့ လက်တစ်ချောင်းသာဖြစ်ပါတယ်နော်။ ဒါကြောင့်ပြောပါတယ်။ သေချာကြည့်မှ အမှန်မြင်ရပါမယ်ဆိုတာ ဒီလိုပုံမျိုးဖြစ်မှာပါလို့။
(၄)
ဆန်းကြယ်လိုက်တာ လူတစ်ပိုင်းမြင်းကြား တစ်ပိုင်းပါလားလို့ ထင်ချင်စရာကြီးပါ။ တကယ်တော့ မြင်းကျား ရုပ်တုပေါ်မှာ အမျိုးသမီးတစ်ယောက်ထိုင်ပြီး ဓာတ်ပုံရိုက်နေတာပါနော်။
(၅)
အလယ်က အမျိုးသမီးက ဝတ်လစ်စလစ်နဲ့ဓာတ်ပုံရိုက်ထားတယ်လို့ ထင်ချင်စရာကြီးပါ။ ဒါပေမယ့် ဒါဟာ ရှေ့ဆုံးကအမျိုးသမီးက လက်နောက်ပြန်ပြစ်ထားတဲ့ လက်မောင်းကြီးဖြစ်နေမှန်း သေချာကြည့်မှ သိနိုင်တာပဲ ဖြစ်ပါတယ်။
(၆)
အာဂျင်တီးနား တိုက်စစ်မှူး တိဗက်စ် က ပြိုင်ဖက်အသင်းကလူရဲ့ ဘာကိုကြည့်နေတာလဲ။ တစ်ခုခုကို ဆွဲ ထုတ်နေတာများလား။ တကယ်တော့ ဒါဟာတိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
(၇)
ထိုင်နေတာ ကောင်မလေးလား၊ ကောင်လေးလား။ ထပ်ကြည့်ပါတယ်။ မသေချာပါဘူး။ ဘယ်သူထိုင်နေ မှန်း မသိပါဘူး။ ထပ်ကြည့်လိုက်တော့မှ ထိုင်နေတာကောင်လေးဖြစ်ပြီး ကောင်မလေးက နောက်က သိုင်း ဖက်ထားတာဖြစ်ပါတယ်။
(၈)
ဟာ…အားသန်လိုက်တဲ့ ကောင်မလေးပါလားလို့ ထင်သွားကြတယ်မှတ်လား။ ဒါပေမယ့် တကယ်တော့ ကောင်လေးကသာ သူ့ရဲ့ညာဖက်လက်တစ်ဖက်တည်းနဲ့ ကောင်မလေးကို မ နေတာ ပဲဖြစ်ပါတယ်။
(၉)
ခုံပေါ်မှာထိုင်တဲ့ အမျိုးသမီးရဲ့လက်လားခြေထောက်လား။ သေချာပြန်ကြည့်လိုက်တော့မှ ဘောင်းဘီတစ် ဖက်ကို ခေါက်ထားလို့ ထွက်နေတဲ့ခြေထောက်ကို လက်နဲ့ကိုင်ထားတာပဲဖြစ်ပါတယ်။
(၁၀)
ဟာ ရုပ်ဆိုးလိုက်တဲ့အမျိုးသမီးပါလားလို့ ထင်သွားကြတယ်မှတ်လား။ သေချာကြည့်မှ ဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီးရဲ့ ရှေ့မှာ သူမရဲ့ခွေးက မော့ကြည့်နေတာဖြစ်ပါတယ်။ တကယ်သာဒီလိုပုံစံမျိုး အပြင်မှာတကယ် ရှိမယ်ဆိုရင်တော့ လူသားဆန်တဲ့ ခွေးမျက်နှာလို့ စာသားပြောင်းထိုးရမလို ဖြစ်နေမှာ အသေချာပါပဲ။
(၁၁)
ပုံထဲကနောက်ဆုံးခုံတန်းမှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးက ရှေ့ကအမျိုးသမီးကို လှမ်းပြီးခြေထောက် နဲ့ခွထားသလိုဖြစ်နေပါတယ်။ ဘယ်လိုများလွဲမှားနေတာလဲလို့ ကြည့်လိုက်တဲ့အခါမှာတော့ ဓာတ်ပုံထဲကအမျိုး သမီးရဲ့ ခါးက အင်္ကျ ီအရောင်နဲ့ အမျိုးသားရဲ့ဘောင်းဘီအရောင် ဆင်တူနေလို့ပဲဖြစ်ပါတယ်။
(၁၂)
ဒီပုံကလည်း ရုတ်တရက်ကြည့်မယ်ဆိုရင် မိန်းမခန္ဓာကိုယ်နဲ့ အမျိုးသားတစ်ဦးရဲ့ ခေါင်းလို့မြင် လိုက်ကြ တယ် မှတ်လား။ ပြီးတော့ နောက်တစ်ခါထပ်ကြည့်ရင် ယောကျ်ားတစ်ယောက်နဲ့မိန်းမတစ်ယောက် အကျ ၤ ီ အဖြူ တစ်ထည်ထဲကို နှစ်ယောက်ဝင်ပြီးဝတ်ထားတယ်လို့ ထင်လိုက်ကြပြန်ရော။ ဒါပေမယ့်တကယ်တော့ သူတို့ ကသပ်သပ်စီထိုင်နေတာဖြစ်ပြီး အမျိုးသမီးက ကလေးငယ်ကိုငုံ့ကြည့်နေတဲ့အချိန်နဲ့ အမျိုးသားက ကင်မရာ ဖက်ကို လှည့်လိုက်ချိန် တိုက်ဆိုင်သွားတာပဲ ဖြစ်ပါတယ်။
(၁၃)
ဘုရားဘုရား ကမ္ဘာ့အရှည်ဆုံးလက်ပိုင်ရှင်များလားလို့ တွေးမိသွားစေတဲ့ဓာတ်ပုံလေးပါ။ တကယ်တော့ စားပွဲအောက်မှာ ကလေးတစ်ယောက်က ဝင်အိပ်နေတာဖြစ်ပြီး အဲဒါသူ့လက်ဖြစ်ပါတယ်။
(၁၄)
ဖက်ထားတာက ကောင်မလေးလား၊ ကောင်လေးလား။ ဒီပုံကလည်းတော်တော်ကို အမြင်လွဲမှားစေတဲ့ ပုံတစ်ခုပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တော့ ဘယ်သူက ဘယ်သူဆိုတာ သဲသဲကွဲကွဲသိရမှာပဲ ဖြစ်ပါတယ်။
(၁၅)
ဒီပုံကတော့ တော်တော်လေးကို ရီစရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုလို့ပြောရမှာပါ။ ရုတ်တရက်ကြည့်မိ ရင်ဓာတ်ပုံထဲက နောက်ကျော်ပေးထားတဲ့ ကောင်မလေးက ရှက်ရှက်ပေါ်နေတယ်လို့ ထင်ရမှာပါ။ သေချာ ကြည့်လိုက်တော့မှ ဓာတ်ပုံရိုက်နေတဲ့ ကောင်မလေးရဲ့ ချိုင်းမြောက်ထားတဲ့နေရာအကွေးလေး ဖြစ်နေတာ တွေ့ရမှာပါ။ ဒါကြောင့်ပြောတာ..အပြစ်တင်မစောကြပါနဲ့လို့။
(၁၆)
ကုလားအုတ်ခေါင်းပြတ်က ကော်ဖီသောက်နေတာလား။ တကယ်တမ်းကြတော့ ကုလားအုတ်ရဲ့ကိုယ် လုံးက လူနဲ့ကွယ်နေလို့ အမြင်မှားသွားကြတာပဲ ဖြစ်ပါတယ်။
(၁၇)
ပုံထဲမှာ ဂါဝန်ဝတ်ထားတဲ့ အစ်ကိုကြီးတစ်ယောက်ကို မြင်လိုက်ပါလား။ ဒါကတော့ အင်္ကျ ီချွတ်ပြီးလမ်း လျှောက်သွားနေတဲ့ အချိန်၊ ရေပန်းရဲ့ ရှေ့ကို အဖြတ်၊ သွားတိုက်ဆိုင်တဲ့အခါ ဂါဝန်ဝတ်ထားသလိုဖြစ် သွားတော့တာပဲ ဖြစ်ပါတယ်။
(၁၈)
အို..ကောင်မလေးတစ်ယောက်က တကိုယ်လုံးအမွှေးတွေနဲ့ပါလား။ နှစ်ခါပြန်ကြည့်လိုက်တော့မှပဲ သဘောပေါက်သွားတာက ကောင်မလေးဘေး မှာ အမျိုးသားတစ်ယောက်သူ့ဖာသူလှဲနေပြီး သူ့ခြေထောက် က ကောင်မလေးရဲ့ ကိုယ်လုံးကိုကွယ်မိလို့ပဲ ဖြစ်ပါတယ်။
(၁၉)
ဒါလည်းကလေးမျက်နှာလား၊ လူကြီးမျက်နှာလား အထင်မြင်လွဲမှားစေတဲ့ နောက်ထပ်ပုံတစ်မျိုးဖြစ် ပါတယ်။ သေချာကြည့်မှသာ ထပ်နေတဲ့ မျက်နှာနှစ်ခုကို မြင်ရမှာဖြစ်ပြီး အမြင်ကွဲပြားစေမှာဖြစ်ပါတယ်။
(၂၀)
ကိုယ်ပျောက်ခွေးကို မြင်ဖူးကြလား၊ မမြင်ဖူးကြရင်သေချာကြည့်သွားကြပါလို့ပြောလိုက်ချင်ပါတယ်။
(၂၁)
လက်တစ်ချောင်းအပိုထွက်နေလို့ သရဲတစ်ကောင် ဓာတ်ပုံဝင်ရိုက်တယ်လို့ ထင်သွားကြတယ်မှတ်လား။ ဒါပေမယ့် တကယ်တော့ ဒါဟာအင်္ကျ ီအနက်နဲ့ ကလေးမလေးရဲ့လက်ပဲဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေက တကယ့်ကိုပဲ ဖြတ်ကနဲကြည့်လိုက်မိရင် အာရုံထွေပြားစေတာအသေအချာပါပဲ။ တစ်ချို့ ဓာတ်ပုံတွေကတော့ သင့်ကို စိတ်ရှုပ်ထွေးစေနိုင်မှာဖြစ်ပြီး တစ်ချို့ဓာတ်ပုံတွေပြုံးမိစေမှာ သေချာပါတယ်။ ပရိသတ်တွေရော ဘယ်ပုံကိုအကြိုက်ဆုံးဖြစ်လဲ။ ဘယ်ပုံက ပြုံးစေပြီး ဘယ်ပုံက စိတ်ရှုပ်ထွေးစေလဲ ဆိုတာ ဝေမျှပေးပါဦးနော်။ အားလုံးပဲ ပြုံးပျော်ရွှင်မြူးနိုင်ကြပါစေ။
Credit-shwenyanshin