အကျဉ်းထောင်ထဲမှာ ရှိနေစဉ်အတွင်း ပြီးဆုံးအောင် မသင်ခဲ့ရတဲ့သူ့ရဲ့မူလတန်းအောင်ဘွဲ့ကို ရအောင်ယူနိုင်ခဲ့တဲ့ အသက် ၆၃နှစ်အရွယ် အဘိုးတစ်ဦး

၎င်းတို့ရဲ့အိမ်မက်များနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် အသက်ကြီးရင့်ခြင်းနှင့် ထောင်ချခံရခြင်းတို့က ၎င်းတို့အား မဟန့်တားနိုင်ကြောင်းကို သက်သေပြခဲ့တဲ့ အသက် ၆၃နှစ်အရွယ်ရှိပြီဖြစ်တဲ့အကျဉ်းသားတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Negros Occidental ပြည်နယ် Bacolod မြို့ရှိ Metro Bacolod ခရိုင်အကျဉ်းထောင်မှာ ထောင်ကျနေစဉ်အတွင်း သူ၏မူလတန်းပညာရေးကို အောင်မြင်စွာ ပြီးဆုံးစေနိုင်ခဲ့ပါတယ်။

ထောင်မကျခင်မှာ သူဟာ Negros Occidental ပြည်နယ် Barangay Culipapa မြို့ဇာတိဖြစ်သလို တတိယတန်းအထိသာအောင်ပြီး လူအများက သူ့အား Rod လို့ခေါ်ကြောင်း သိရပါတယ်။

အကျဉ်းထောင်မှာ ကမ်းလှမ်းထားပေးခဲ့တဲ့ပညာရေးဌာန (DepEd) ၏ Alternative Learning System (ALS) စနစ်ကြောင့် Rod နှင့်အခြားအကျဉ်းသားအများအပြားဟာ ၎င်းတို့ရဲ့ပညာရေးလေ့လာမှုများကို အပြီးသတ်နိုင်ခဲ့ကြပါတယ်။

Rodဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အကျဉ်းထောင်တွင်ကျင်းပပြုလုပ်ခဲ့တဲ့ ၅ ကြိမ်မြောက်ဆုပေးပွဲမှာ စင်မြင့်ပေါ်တက်ခဲ့တဲ့ဘွဲ့ရ ၁၉ ဦး အနက်မှ သူဟာ မူလတန်းအောင်ဘွဲ့ကို ရရှိခဲ့တဲ့တစ်ဦးတည်းသောကျောင်းသားဖြစ်ပြီး ကျန်တဲ့သူများက အထက်တန်းအောင်ဘွဲ့ကို ရရှိခဲ့ကြပါတယ်။မူလတန်းဘွဲ့ရရှိခဲ့ပြီးနောက် Rod ဟာ အထက်တန်းကျောင်းအစီအစဉ်ကို လျှောက်ထားပြီးဖြစ်တာကြောင့် သူဟာ အချိန်ကို မဖြုန်းတီးဘဲ စာကို ဆက်လက်လေ့လာသွားမှာဘဲဖြစ်ပါတယ်။

Metro Bacolod ခရိုင်ထောင်မှူး ဖြစ်တဲ့ J / CINSP Jonairy Sitchon က ထောင်အကျဉ်းသားများအနေဖြင့် အကျဉ်းချခံထားရသော်လည်း အကျဉ်းသားများရဲ့ပညာသင်ကြားမှုကို အပြီးသတ်ခြင်းကို ကူညီနိုင်ရန် DepEd နှင့် ပူးပေါင်း၍ ALS ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းအစီအစဉ်ဟာ အကျဉ်းသားများအနေဖြင့် အကျဉ်းထောင်ထဲတွင် နေထိုင်စဉ်အတွင်း အချိန်အတိုင်းအတာတစ်ခုအထိ သို့မဟုတ် လအနည်းငယ်မှ နှစ်ပေါင်းများစွာအထိ တက်ကြွတဲ့လှုပ်ရှားမှုပုံစံအချို့ရရှိရန် အခွင့်အလမ်းကောင်းတစ်ခုဘဲ ဖြစ်ပါတယ်။၎င်းအစီအစဉ်ကို စိတ်ဝင်စားတဲ့အကျဉ်းသားများအနေနဲ့ sign up လုပ်ဖို့လိုအပ်ပြီး အတန်းများကိုလည်း တက်ရောက်ရမှာဘဲဖြစ်ပါတယ်။

၎င်းတို့ဟာ နောက်တစ်ဆင့်သို့ တက်ရန် နှင့် မူလတန်း သို့မဟုတ် အထက်တန်းကျောင်းမှ ဘွဲ့ရရန် အရည်အချင်းစစ်စာမေးပွဲများကိုပါ တက်ရောက်ဖြေကြားဖို့ရန်အတွက်လည်း လိုအပ်ပါတယ်။ ALS (သို့) Alternative Learning System (ALS) ဆိုသည်မှာ ပုံမှန်ပညာရေးကိုလက်လှမ်းမမှီသူများအတွက် ကမ်းလှမ်းပေးထားတဲ့ပညာရေးဌာန (DepEd) ၏အစီအစဉ်တစ်ခုပါ။

ဤအပြိုင်လေ့လာမှုအစီအစဉ်ဟာ ကျောင်းသားများက တရားဝင်ကျောင်းသို့မတက်နိုင်ပေမဲ့လည်း ၎င်းတို့ရဲ့လေ့လာမှုများကို ပြီးဆုံးသွားစေရန် လက်တွေ့ကျပြီး ဖြေရှင်းတဲ့နည်းလမ်းတစ်ခုဘဲ ဖြစ်ပါတယ်။

Credit-Mia (KB Chimmy One)

Zawgyi

အက်ဥ္းေထာင္ထဲမွာ ရွိေနစဥ္အတြင္း ၿပီးဆုံးေအာင္ မသင္ခဲ့ရတဲ့သူ႔ရဲ႕မူလတန္းေအာင္ဘြဲ႕ကို ရေအာင္ယူႏိုင္ခဲ့တဲ့ အသက္ ၆၃ႏွစ္အ႐ြယ္ အဘိုးတစ္ဦး

၎တို႔ရဲ႕အိမ္မက္မ်ားႏွင့္ ရည္မွန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ အသက္ႀကီးရင့္ျခင္းႏွင့္ ေထာင္ခ်ခံရျခင္းတို႔က ၎တို႔အား မဟန္႔တားႏိုင္ေၾကာင္းကို သက္ေသျပခဲ့တဲ့ အသက္ ၆၃ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့အက်ဥ္းသားတစ္ဦးဟာ ဖိလစ္ပိုင္ႏိုင္ငံ အလယ္ပိုင္း Negros Occidental ျပည္နယ္ Bacolod ၿမိဳ႕ရွိ Metro Bacolod ခ႐ိုင္အက်ဥ္းေထာင္မွာ ေထာင္က်ေနစဥ္အတြင္း သူ၏မူလတန္းပညာေရးကို ေအာင္ျမင္စြာ ၿပီးဆုံးေစႏိုင္ခဲ့ပါတယ္။

ေထာင္မက်ခင္မွာ သူဟာ Negros Occidental ျပည္နယ္ Barangay Culipapa ၿမိဳ႕ဇာတိျဖစ္သလို တတိယတန္းအထိသာေအာင္ၿပီး လူအမ်ားက သူ႔အား Rod လို႔ေခၚေၾကာင္း သိရပါတယ္။

အက်ဥ္းေထာင္မွာ ကမ္းလွမ္းထားေပးခဲ့တဲ့ပညာေရးဌာန (DepEd) ၏ Alternative Learning System (ALS) စနစ္ေၾကာင့္ Rod ႏွင့္အျခားအက်ဥ္းသားအမ်ားအျပားဟာ ၎တို႔ရဲ႕ပညာေရးေလ့လာမႈမ်ားကို အၿပီးသတ္ႏိုင္ခဲ့ၾကပါတယ္။

Rodဟာ ၿပီးခဲ့တဲ့တနလၤာေန႔က အက်ဥ္းေထာင္တြင္က်င္းပျပဳလုပ္ခဲ့တဲ့ ၅ ႀကိမ္ေျမာက္ဆုေပးပြဲမွာ စင္ျမင့္ေပၚတက္ခဲ့တဲ့ဘြဲ႕ရ ၁၉ ဦး အနက္မွ သူဟာ မူလတန္းေအာင္ဘြဲ႕ကို ရရွိခဲ့တဲ့တစ္ဦးတည္းေသာေက်ာင္းသားျဖစ္ၿပီး က်န္တဲ့သူမ်ားက အထက္တန္းေအာင္ဘြဲ႕ကို ရရွိခဲ့ၾကပါတယ္။မူလတန္းဘြဲ႕ရရွိခဲ့ၿပီးေနာက္ Rod ဟာ အထက္တန္းေက်ာင္းအစီအစဥ္ကို ေလွ်ာက္ထားၿပီးျဖစ္တာေၾကာင့္ သူဟာ အခ်ိန္ကို မျဖဳန္းတီးဘဲ စာကို ဆက္လက္ေလ့လာသြားမွာဘဲျဖစ္ပါတယ္။

Metro Bacolod ခ႐ိုင္ေထာင္မႉး ျဖစ္တဲ့ J / CINSP Jonairy Sitchon က ေထာင္အက်ဥ္းသားမ်ားအေနျဖင့္ အက်ဥ္းခ်ခံထားရေသာ္လည္း အက်ဥ္းသားမ်ားရဲ႕ပညာသင္ၾကားမႈကို အၿပီးသတ္ျခင္းကို ကူညီႏိုင္ရန္ DepEd ႏွင့္ ပူးေပါင္း၍ ALS ကို ကမ္းလွမ္းခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

၎အစီအစဥ္ဟာ အက်ဥ္းသားမ်ားအေနျဖင့္ အက်ဥ္းေထာင္ထဲတြင္ ေနထိုင္စဥ္အတြင္း အခ်ိန္အတိုင္းအတာတစ္ခုအထိ သို႔မဟုတ္ လအနည္းငယ္မွ ႏွစ္ေပါင္းမ်ားစြာအထိ တက္ႂကြတဲ့လႈပ္ရွားမႈပုံစံအခ်ိဳ႕ရရွိရန္ အခြင့္အလမ္းေကာင္းတစ္ခုဘဲ ျဖစ္ပါတယ္။၎အစီအစဥ္ကို စိတ္ဝင္စားတဲ့အက်ဥ္းသားမ်ားအေနနဲ႔ sign up လုပ္ဖို႔လိုအပ္ၿပီး အတန္းမ်ားကိုလည္း တက္ေရာက္ရမွာဘဲျဖစ္ပါတယ္။

၎တို႔ဟာ ေနာက္တစ္ဆင့္သို႔ တက္ရန္ ႏွင့္ မူလတန္း သို႔မဟုတ္ အထက္တန္းေက်ာင္းမွ ဘြဲ႕ရရန္ အရည္အခ်င္းစစ္စာေမးပြဲမ်ားကိုပါ တက္ေရာက္ေျဖၾကားဖို႔ရန္အတြက္လည္း လိုအပ္ပါတယ္။ ALS (သို႔) Alternative Learning System (ALS) ဆိုသည္မွာ ပုံမွန္ပညာေရးကိုလက္လွမ္းမမွီသူမ်ားအတြက္ ကမ္းလွမ္းေပးထားတဲ့ပညာေရးဌာန (DepEd) ၏အစီအစဥ္တစ္ခုပါ။

ဤအၿပိဳင္ေလ့လာမႈအစီအစဥ္ဟာ ေက်ာင္းသားမ်ားက တရားဝင္ေက်ာင္းသို႔မတက္ႏိုင္ေပမဲ့လည္း ၎တို႔ရဲ႕ေလ့လာမႈမ်ားကို ၿပီးဆုံးသြားေစရန္ လက္ေတြ႕က်ၿပီး ေျဖရွင္းတဲ့နည္းလမ္းတစ္ခုဘဲ ျဖစ္ပါတယ္။

Credit-Mia (KB Chimmy One)

  • Leave a Comment

Categories