သင့်အနေနဲ့ဘဝကိုတကယ်လက်တွေ့ကျကျဖြတ်သန်းတဲ့အခါ ဘဝဆိုတာသင်္ချာတွက်ရသလိုပဲဆိုတာ ကိုသိလာပါလိမ့်မယ်။ မတူတဲ့ညီမျှခြင်းတွေ သီအိုရီတွေနဲ့နေ့စဉ်ကြုံတွေ့သမျှအခက်အခဲ တွေကိုဖြေရှင်းရတဲ့အတွက် သင်ဟာသင်္ချာတွက်ရတာကြိုက်တဲ့သူ စဉ်းစားတွေး ခေါ်ရတာ သဘောကျတဲ့သူဆိုရင် ဘဝကနေပျော်စရာကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ဘဝမှာတစ်ခါ တလေကြုံ တွေ့ရတဲ့ပြဿနာတွေက သင့်ရဲ့သေရေးရှင်ရေးနဲ့ဆိုင်နေတဲ့အတွက် သင်ကသင်္ချာမကြိုက်တဲ့ သူဖြစ်နေရင်တောင် အသက်ရှင်ဖို့အတွက် မဖြစ်မနေသေချာပေါက် ဖြေရှင်းဖို့လိုပါတယ်။ ဒါကြောင့် တကယ်လို့များကြိုတင်မသိနိုင်တဲ့ အန္တရာယ်တွေနဲ့ကြုံလာရင်ဘယ်လိုဖြေရှင်းသင့်တယ် ဆိုတာတွေကို ဒီကနေ့ ဖော်ပြပေးသွားပါမယ်။
(၁) ဝက်ဝံနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ
အခုနောက်ပိုင်းတောထဲတောင်ထဲသွားရတဲ့ခရီးတွေကို လူတွေစိတ်ဝင်စားလာကြပါတယ်။ သင်လည်း ဒီလိုခရီးသွားရတာကိုကြိုက်တယ်ဆိုရင် အခုပြောပြမယ့် အကြံလေးက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။ သင့်အနေနဲ့ တောထဲမှာ ဝက်ဝံတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရရင် ဝက်ဝံရန်ကလွတ်အောင် သင်ဘာလုပ်ဖြစ်မယ်ထင်လဲ။ နေရာမှာပဲရပ်ပြီး ဝက်ဝံပြေးသွား အောင်ခြောက်လှန့်မလား ၊ဝက်ဝံကိုချဉ်းကပ်ပြီး စိတ်ရိုင်းပျောက်အောင်တစ်ခုခုကြိုးစားကြည့်မလား အဲဒီလိုမဟုတ်ဘဲ နောက်ကြောင်းပြန်လှည့်ပြီး ပြေးနိုင်သမျှမြန်မြန်ပြေးမလား ။ နောက်ဆုံးရွေး ချယ်စရာကတော့ မြေပြင်ပေါ်လှဲချပြီးသေဟန်ဆောင်မလား ။
တကယ်လို့ သင်တွေ့တဲ့ဝက်ဝံက အနက်ရောင်ဝက်ဝံဆိုရင်တော့ နေရာမှာပဲရပ်ပြီးခြောက်လှန့် တာကအလုပ်ဖြစ်နိုင်ပါတယ်။ ဝက်ဝံအနက်တွေကရန်လိုစိတ်၊ လူသားတွေကိုအန္တရာ ယ်ပြုလိုစိတ်နည်းကြပါတယ်။ ဒါပေမဲ့ဝက်ဝံအညိုတွေကတော့သူ့ထက် အကောင်သေး တဲ့လူသတ္တဝါလောက်ကို မှုမှာမဟုတ်တဲ့အတွက် ဒီအချက်ကိုပယ်ရပါလိမ့်မယ်။ ထွက်ပြေးတာ ဒါမှမဟုတ် ဝက်ဝံကိုယဉ်ပါးသွားအောင်ကြိုးစားဖို့ကလည်း ဘယ်လိုမှမှန်ကန် တဲ့ရွေးချယ် နည်းမဟုတ်ပါဘူး။
ဒါကြောင့် ဝက်ဝံရန်ကလွတ်အောင်မြေကြီးပေါ်လှဲချပြီး ဒူးတွေကိုမေးစေ့အထိ ကွေးထားမယ်၊ လက်နှစ်ဖက်ကိုကန့်လန့်ဖြတ်သိုင်းပြီး လည်ပင်းကိုကာထားတဲ့ပုံစံရွေးရမှာဖြစ်ပါတယ်။ သင့်ရဲ့အဲဒီပုံစံကြောင့် ဝက်ဝံက သင့်ကို ရန်သူလို့မမြင်ပဲ နောက်ကြောင်းပြန်လှည့်သွားဖို့ များပါတယ်။
(၂) မြွေကိုက်ခံရရင် ဘာလုပ်မလဲ
တကယ်လို့သင်ကတောထဲတောင်ထဲရောက်နေချိန် ခြေထောက်အောက်ပိုင်းကို အဆိပ်ပြင်း ပြင်းမြွေကိုက်ခံလိုက်ရတယ်ဆိုပါစို့။ အနီးအနားမှာလည်းလူသူမရှိတဲ့အတွက် ကိုယ့်အားကိုယ်ကိုးရ တော့မှာပါ။ ကဲ မြွေကိုက်ခံထားရပြီ သင်ဘာလုပ်မလဲ။ များသောအားဖြင့်မြွေဆိပ်ကိုပါးစပ်နဲ့စုပ်ထုတ်တာမျိုးလုပ်ဖြစ်ကောင်းလုပ်ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် တုတ်တို့ကြိုးတို့နဲ့သွေးထိန်းစည်းတာမျိုး လည်းလုပ်ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကိုက်ခံရတဲ့နေရာကိုရေဆေးချပြီးသန့်ရှင်းရေးလုပ်တာ မျိုးကလည်းအသက်ရှင်ကောင်းရှင်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်နည်းကိုသုံးရမလဲဝေခွဲမရဖြစ်နေရင်းနဲ့ပဲ မြွေဆိပ်ကသင့်တစ်ကိုယ်လုံးပျံ့တော့မှာပါ။ ဒါကြောင့် မှန်ကန်တဲ့နည်းကို ချဖို့ လိုပါတယ်။
သင့်အနေနဲ့မြွေဆိပ်ကိုပါးစပ်နဲ့စုပ်ထုတ်လိုက်ရင် သွားဖုံးပေါ်ကမမြင်ရတဲ့အပေါက်လေးတွေကနေ သွေးကြောထဲအဆိပ်တွေစိမ့်ဝင်သွားတာမျိုးတော့ဖြစ်ချင်မယ်မထင်ပါဘူး။ ဒါကြောင့်ပထမနည်းကိုပယ်ရပါလိမ့်မယ်။ ဒဏ်ရာကိုရေနဲ့ဆေးချပြီးသန့်ရှင်းရေးလုပ် တာကလည်းအလားတူပါပဲ။ ဒီနည်းကြောင့်ခန္ဓာကိုယ်ထဲမှာအဆိပ်ပျံ့နှုန်းကရပ်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့်နောက်ဆုံးတစ်ချက် ဒဏ်ရာရဲ့အပေါ်နဲ့အောက်ကိုသွေးထိန်းစည်းတဲ့နည်းကသာ သင့်ကိုအသက်ဘေးကနေလွတ်မြောက်စေမှာပါ။
(၃) ငါးမန်းနဲ့တွေ့ခဲ့ရင် အသက်ရှင်အောင်ဘယ်လိုလုပ်မလဲ
သင့်အနေနဲ့ ပင်လယ်ထဲမှာရေကူးနေရင်း ငါးမန်းနဲ့ထိပ်တိုက်တွေ့တယ်ဆိုရင် ခုပြောပြတဲ့ အချက်တွေကိုလိုက်နာဖို့လိုပါတယ်။
နံပါတ်တစ်
ပထမတစ်ချက်အနေနဲ့ ပင်လယ်ထဲမှာရေကူးရင် အဖွဲ့လိုက်ဒါမှမဟုတ်လူအများနဲ့ကူးပါ။ ငါးမန်းတွေက ပင်လယ်ထဲမှာဆိုရင် အုပ်စုလိုက်ရေကူးနေတဲ့သူတွေကို တစ်ယောက်တည်းရေကူးနေတဲ့သူတွေလောက် သတိမထားမိတတ်ကြပါဘူး။
နံပါတ်နှစ်
ပင်လယ်ထဲမှာရေကူးတော့မယ်ဆိုရင် မနက်ဝေလီဝေလင်းချိန်နဲ့ ညနေမှောင်ရီဖျိုးဖျချိန် ဒါမှမဟုတ်ညဘက်တွေမှာဘယ်တော့မှမကူးပါနဲ့လို့သတိပေးပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တွေက ငါးမန်းတွေအမြူးဆုံးအချိန်ဖြစ်ပြီး အဲဒီအချိန်မှာရေကူးနေတဲ့သင့်ကို ပိုပြီးသတိထားမိသွားမှာဖြစ်ပါတယ်။
နံပါတ်သုံး
တတိယတစ်ချက်ကတော့ သင့်အတွက်ယုံဖို့ခက်ပေမယ့် အထူးအလေးအနက်ထားပြီးသတိပြု ရမယ့်အချက်ပါပဲ။ အဲဒါကတော့ တောက်တောက်ပြောင် ပြောင်လက်ဝတ်ရတနာတွေ ဝတ်ပြီးရေမကူးဖို့ပါပဲ။ အဲဒီလိုတောက်ပြောင်တဲ့လက်ဝတ်ရတနာအသုံးအဆောင်ပစ္စည်းတွေကြောင့် သင်ဟာငါးမန်းကိုဆွဲဆောင်နေတဲ့ငါးစာအဖြစ်အလိုအလျောက်ဖြစ်သွားနိုင်ပါတယ်။
နံပါတ်လေး
သင့်ခန္ဓာကိုယ်တစ်နေရာရာကသွေးထွက်သံယိုဖြစ်နေတယ်ဆိုရင်လည်း ပင်လယ်ထဲရေဆင်းကူးတာမျိုးရှောင်သင့်ပါတယ်။ ငါးမန်းတွေက အနည်းဆုံး ပေ ၁၅၀၀ အကွာကနေတောင်သွေးနံ့ကို အနံ့ခံနိုင်တဲ့အတွက်သွေးထွက်နေတဲ့သားကောင်ရှိရာနေရာကို အလွယ်တကူပဲအာရုံခံရှာဖွေနိုင်မှာဖြစ်ပါတယ်။
နံပါတ် ငါး
နောက်ဆုံးတစ်ချက်ကတော့ ငှက်တွေပင်လယ်ပြင်ထက်မှာခပ်နိမ့်နိမ့်ပျံသန်းပြီး အစာရှာတတ်တဲ့နေ ရာနဲ့ ငါးဖမ်းသင်္ဘောတွေအလုပ်လုပ်နေတဲ့ ငါးတွေပေါတဲ့နေရာတွေမှာ ရေကူးတာမျိုးကိုရှောင်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ၊ ငှက်တွေငါးဖမ်းကြသလိုပဲ ငါးမန်းတွေကလည်း ဒီလိုငါးပေါတဲ့နေရာတွေမှာ အစာရှာတတ်ကြလို့ပဲ ဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်ထားရမယ့် အချက်များ
တကယ်လို့သင်ကပင်လယ်ရေအောက်ကိုအကြောင်းအမျိုးမျိုးနဲ့သွားကိုသွားရမယ့်အခြေအနေတွေရှိနေသေးတယ်ဆိုရင်တော့ ငါးမန်းနဲ့ကြုံရမယ့်အရေးကိုကြိုတွေးပြီးပြင်ဆင်ထားသင့်ပါတယ်။
တကယ်လို့သင်က ပင်လယ်သမုဒ္ဒရာထဲရှိနေတုန်း ငါးမန်းကိုတွေ့ခဲ့မယ်ဆိုရင် အရေးကြီးဆုံးတစ်ချက်က ကြောက်အားလန့်အားနဲ့ယောက်ယက်ခတ်မနေဖို့ပါပဲ။ စိုးရိမ်ကြော့င်ကြမှုကိုထိန်းချုပ်တာက သင့်အတွက်အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ အဲဒီလိုစိတ်အေးအေးထားပြီး ငါးမန်းနားကနေအမြန်ဆုံးပြေးထွက်ဖို့စဉ်းစားရမှာဖြစ်ပါတယ်။
အတတ်နိုင်ဆုံးတည်တည်ငြိမ်ငြိမ် ကူးခတ်ပြီးငါးမန်းဧရိယာအတွင်းကနေ လွတ်မြောက်အောင်ကြိုးစားသင့်ပါတယ်။ သင့်အနေနဲ့ကြောက်အားလန့်အားနဲ့ အလောတကြီးကူးခတ်နေမယ်ဆိုရင်ငါးမန်းအတွက် အာရုံစိုက်စရာဖြစ်သွားပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ ငါးမန်းရှိတယ်လို့သတိထားမိသွားတာနဲ့ရုတ်တရက်ပြန်လှည့်ကူးသွားတာ မျိုးတို့လို ဝရုန်းသုန်းကားဖြစ်အောင်မလုပ်မိပါစေနဲ့။ကမ်းခြေအနီးအနားမှာလူတွေရှိနေရင်တော့သင့်အတွက်ကံကောင်းတယ်လို့ဆိုရမှာပါ။ သင်ကြုံနေရတဲ့အခြေအနေကိုအချက်ပြပြီးအကူအညီတောင်းနိုင်ပါတယ်။ ငါးမန်းနဲ့တွေ့ပြီဆိုရင် ဘယ်သူမဆိုကြောက်လန့်တကြားအော်ဟစ်အကူအညီတောင်းမိကြမှာပါပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်တာထက်လူတွေနားကိုနီးနိုင်သလောက်နီးအောင်သွားပြီးမှ သူတို့ကြားရုံလောက်ပဲ အသံကျယ်ကျယ်အချက်ပြပြီးအကူအညီတောင်းတာကငါးမန်းအန္တရာယ်ကလွတ်နိုင်ခြေပိုများပါလိမ့်မယ်။
ခုပြောပြမယ့် တစ်ချက်ကတော့ နည်းနည်းစွန့်စားရာကျပေမယ့် ငါးမန်းအန္တရာယ်ကနေလွတ်မြောက်နိုင်ချေရှိလို့ ထည့်စဉ်းစားရမယ့်အချက်ပါပဲ။ အဲ့ဒါကတော့ ငါးမန်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ငါးမန်းတွေက သားကောင်ကိုချောင်းမြောင်းပြီးရုတ်တရက်တိုက်ခိုက်တတ်တဲ့နေရာမှာအတော်လေးကျွမ်းကျင်တဲ့သတ္တဝါတွေဖြစ်တဲ့အတွက် သင်ကသူရှိနေတာကိုသိနေတယ်ဆိုတာကိုသူသတိထားမိသွား အောင်လုပ်ခြင်းအားဖြင့် သင်အနေနဲ့ငါးမန်းရဲ့ဟင်းစားဖြစ်မယ့် အခြေအနေကနေလွတ်မြောက်နိုင်ပါတယ်။
ငါးမန်းကသင့်အနားကိုကပ်ဖို့ကြိုးစားတာနဲ့သင်ကလည်းငါးမန်းနဲ့ မျက်လုံးချင်းဆုံအောင် လုပ်ရပါမယ်။ ငါးမန်းက ကြောက်စရာကောင်းလောက်အောင်အသံပြုပြီးရန်လိုနေရင်လည်းကြောက်လန့်မသွားဘဲ မျက်လုံးချင်းအကြည့်ကိုကြာကြာထိန်းထားခြင်းအားဖြင့် ငါးမန်းကသင့်ကိုသူ့ရဲ့အစားအစာထက်ပိုတဲ့အရာအဖြစ် ထင်မြင်သွားနိုင်ပါတယ်။
ထွက်ပြေးဖို့ မလွယ်တော့ဘူးဆိုရင် ဘာလုပ်ရမလဲ
သင့်အနေနဲ့ငါးမန်းရဲ့နှာခေါင်းကိုတိုက်ခိုက်လို့ရတယ်ဆိုတာမျိုးကြားဖူးထားတာမျိုးလည်းရှိချင်ရှိမှာပါ။ ဒီအချက်ကတော့ ဘာမှမလုပ်တာထက်စာရင်ပိုကောင်းတဲ့ရွေးချယ် မှုဖြစ်စေလို့ ဒီအချက်ကိုအသုံးချနိုင်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ နှာခေါင်းအောက်ဘက်မှာ ငါးမန်းရဲ့ပါးစပ်ရှိနေတဲ့အတွက် အဲဒီပါးစပ်ထဲတော့သင်ရောက်ချင်မှာမဟုတ်ပါဘူး။

Shark handler feeds Caribbean Reef Sharks (Carcharhinus perezi), Caribbean Sea, Bahamas
နောက်တစ်ချက်ကတော့ တကယ်လို့များအဲဒီလိုအချိန်မှာ သင့်မှာကင်မရာတို့ မျက်မှန်နဲ့အသက်ရှူပိုက် ပစ္စည်းတွေပါလာခဲ့ရင်တော့ဒီပစ္စည်းတွေသုံးပြီး ငါးမန်းရဲ့မျက်လုံးနဲ့ပါးဟပ်ကိုတစ်ခုခုလုပ်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ သင့်မှာဘာပစ္စည်းမှပါမလာဘူးဆိုရင်တော့ မျက်လုံးလို အထိအခိုက်မခံတဲ့နေရာကိုလက်သီး နဲ့ထိုးမယ်ဆိုရင်လည်း အလုပ်ဖြစ်နိုင်ပါတယ်။ အဲဒီလိုလုပ်တာက ငါးမန်းကိုကြောက်လန့်သွားစေပြီး သင်ထွက်ပြေးဖို့အခွင့်အလမ်းလည်း ဖြစ်သွားနိုင်ပါတယ်။
Credit-shwenyanshin