လမပြည့်ဘဲ မွေးဖွားလာခဲ့တဲ့သားငယ်လေးကို ယောင်္ကျားဆန်ဆန်ပုံစံမျိုးနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဖခင်

ကိုယ့်ရဲ့သားသမီး လမပြည့်ဘဲ မွေးဖွားလာခဲ့မယ်ဆိုရင် မိဘများအနေနဲ့ သားသမီးအတွက် ကျန်းမာရေးနဲ့ ပက်သက်ပြီး အတော်လေးစိုးရိမ်ပူပန်မိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း Matt Mac အမည်ရှိတဲ့အမျိုးသားဟာ ‘ ကျွန်တော့်ရဲ့သားလေး Ryan ဟာ ကိုယ်ဝန် 9 ပတ်အရွယ်မှာ မွေးဖွားခဲ့ပြီး ၊ 3ပေါင် အောက်သာရှိခဲ့ပါတယ် ။ ဒါကြောင့် အရေးပေါ်ခန်းထဲမှာ ကလေးငယ်ဟာ 6 ပတ်ခန့်နေခဲ့ရပြီး ၊ အတော်လေးပြန်နလန်ထူဖို့ကြိုးစားရုန်ကန်ခဲ့ရတာပါ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ ဒါကြောင့် Matt တို့စုံတွဲက ကလေးငယ်ကို သန်မာတဲ့ယောင်္ကျာတစ်ယောက်ပုံစံမျိုးနဲ့ ဓာတ်ပုံရိုက်ဖို့ အကြံရလာခဲ့ပါတယ် ။ ဇနီးဖြစ်သူက သားငယ်လေးကို ပွေ့ချီပြီး ပုံစံကျတဲ့ဓာတ်ပုံမျိုးရအောင် အားထုတ်ခဲ့ရပြီး Matt ကတော့ အဆိုပါဓာတ်ပုံတွေကို အမိမိုက်ဆုံးဖြစ်အောင်ကိုယ်တိုင်ရိုက်ကူးပြီး ကိုယ်တိုင် editing ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါတယ် ။ သားလေး Ryan ရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ဓာတ်ပုံတွေကို စာဖတ်သူတို့ ခံစားကြည့်ရှုနိုင်အောင် ဝေမျှပေးလိုက်ပါတယ်နော် ။

1

2

3

4

5

6

7

8

9

10

11

12

Credit-Jasmine (Mckzone Daily)

Zawgyi

လမျပည့္ဘဲ ေမြးဖြားလာခဲ့တဲ့သားငယ္ေလးကို ေယာက်ၤားဆန္ဆန္ပုံစံမ်ိဳးနဲ႔ ဓာတ္ပုံ႐ိုက္ကူးခဲ့တဲ့ ဖခင္

ကိုယ့္ရဲ႕သားသမီး လမျပည့္ဘဲ ေမြးဖြားလာခဲ့မယ္ဆိုရင္ မိဘမ်ားအေနနဲ႔ သားသမီးအတြက္ က်န္းမာေရးနဲ႔ ပက္သက္ၿပီး အေတာ္ေလးစိုးရိမ္ပူပန္မိၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း Matt Mac အမည္ရွိတဲ့အမ်ိဳးသားဟာ ‘ ကြၽန္ေတာ့္ရဲ႕သားေလး Ryan ဟာ ကိုယ္ဝန္ 9 ပတ္အ႐ြယ္မွာ ေမြးဖြားခဲ့ၿပီး ၊ 3ေပါင္ ေအာက္သာရွိခဲ့ပါတယ္ ။ ဒါေၾကာင့္ အေရးေပၚခန္းထဲမွာ ကေလးငယ္ဟာ 6 ပတ္ခန႔္ေနခဲ့ရၿပီး ၊ အေတာ္ေလးျပန္နလန္ထူဖို႔ႀကိဳးစား႐ုန္ကန္ခဲ့ရတာပါ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ ဒါေၾကာင့္ Matt တို႔စုံတြဲက ကေလးငယ္ကို သန္မာတဲ့ေယာက်ၤာတစ္ေယာက္ပုံစံမ်ိဳးနဲ႔ ဓာတ္ပုံ႐ိုက္ဖို႔ အႀကံရလာခဲ့ပါတယ္ ။ ဇနီးျဖစ္သူက သားငယ္ေလးကို ေပြ႕ခ်ီၿပီး ပုံစံက်တဲ့ဓာတ္ပုံမ်ိဳးရေအာင္ အားထုတ္ခဲ့ရၿပီး Matt ကေတာ့ အဆိုပါဓာတ္ပုံေတြကို အမိမိုက္ဆုံးျဖစ္ေအာင္ကိုယ္တိုင္႐ိုက္ကူးၿပီး ကိုယ္တိုင္ editing ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္ ။ သားေလး Ryan ရဲ႕ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ဓာတ္ပုံေတြကို စာဖတ္သူတို႔ ခံစားၾကည့္ရႈႏိုင္ေအာင္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္ ။

Credit-Jasmine (Mckzone Daily)

  • Leave a Comment

Categories