မွေးရာပါလက်နှစ်ဖက်မပါရှိပေမဲ့၊အတော်ဆုံးဆံသဆရာတစ်ယောက်အဖြစ်အောင်မြင်နေခဲ့တဲ့ကောင်လေးတစ်ဦး

ကိုယ်အဂ်ါပြည့်စုံပါရက်နဲ့ကိုယ့်ဘဝကိုမတင်းတိမ်နိုင်ဘူး၊အဆင်မပြေဘူးလို့ငြီးတွားနေတဲ့သူတွေကိုယခုဖော်ပြပေးအမျိုးသားလေးကိုအတုယူပီးသင်ခန်းစာရအောင်လို့ဖော်ပြပေးလိုက်ပါတယ်။အာဂျင်တီးနားနိုင်ငံကအသက်(20)အရွယ်သာရှိသေးတဲ့အမျိုးသားဟာ၊မွေးရာပါလက်နှစ်ဖက်မပါပေမဲ့ဘဝကိုအရှုံးမပေးပဲကြံ့ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေကြောင့်၊အောင်မြင်မှုအသီးပွင့်တွေရရှိနေခဲ့ပါတယ်။

Garbrielဆိုတဲ့အမျိုးသားဟာ၊ဆံပင်ညှပ်သမားဖြစ်တဲ့မိခင်ထံကနေပညာသင်ခဲ့ပီး၊ယခုအခါမှာတော့ကပ်ကြေးမျိုးစုံကိုကိုင်တွယ်နိုင်ပီးကျွမ်းကျင်တဲ့ဆံသဆရာတစ်ယောက်အဖြစ်ရပ်တည်နေလျက်ရှိပါတယ်။ထို့နောက်မိခင်ဆီကဆံပင်ညှပ်ပညာသင်ယူခဲ့ပီးနောက်မှာတော့၊San Isidroဆိုတဲ့မြို့ငယ်လေးမှာဆံပင်ညှပ်ဆိုင်တစ်ဆိုင်ဖွင့်ရင်း၊မိသားစုကိုထောက်ပံ့နိုင်ခဲ့ပါတယ်။

Garbrielညှပ်ပေးတဲ့ဆံပင်စတိုင်များဟာ၊လူငယ်တွေကြားမှာအလွန်ရေပန်းစားနေခဲ့ပါတယ်။ထို့အပြင်Garbrielဟာဆိုင်ကြီးတွေရဲ့ခေါ်ယူမှုကိုခံခဲ့ရပေမဲ့၊ကိုယ်ပိုင်ဆိုင်လေးမှာပဲလောဘမရှိပဲဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။အားလပ်ချိန်တွေမှာဆိုရင်တော့Garbrielဟာ၊ဆံပင်ညှပ်ဝါသနာပါတဲ့လူငယ်လေးတွေကိုအခမဲ့ပညာသင်ပေးနေသူတစ်ယောက်လဲဖြစ်ပါတယ်။

Credit-Bam Bam (Gabar News)

Zawgyi






  • Leave a Comment

Categories