Food Delivery တွေလိုက်ပို့ရင်း ဒီပလိုမာဘွဲ့ ယူဖို့ online class မှာပါ စာလေ့လာနေခဲ့တဲ့ အမျိုးသား

ပြီးခဲ့သည့်အပတ်က TikTok အသုံးပြုသူ @anak_ronaldo မှမျှဝေခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ foodpanda ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဆိုင်ကယ်ကို ဘေးရပ်ပြီး ခုံတန်းရှည်ပေါ်မှာ ဒူးထောက်ကာ သူ့ရဲ့ဖုန်း screen ပေါ်ရှိ သင်ခန်းစာတစ်ခုကို နားထောင်ရင်း စာမှတ်စုများကို လိုက်နာလေ့လာမှတ်သားနေခဲ့ပါတယ်။သို့သော် ၎င်းအဖြစ်အပျက်မှာ ဗီဒီယိုတိုလေးတစ်ခုသာဖြစ်သော်လည်း ထိုဗီဒီယိုကို မျှဝေပြီးချိန် မှစ၍ ကြည့်ရှုသူပေါင်း ၄၅၅,၀၀၀ နှင့် like ပေါင်း ၅၀,၀၀၀ ကျော်ရရှိခဲ့ပါတယ်။ထောင်ပေါင်းများစွာသောအင်တာနက်အသုံးပြုသူများက ၎င်းကျောင်းသားအား အလုပ်ခွင်၌ရှိနေသော်လည်းသူ့ရဲ့စာပေလေ့လာမှုများအတွက်ကိုလည်း အချိန်ပေးခဲ့သည့်အတွက်ကြောင့် ချီးကျူးခဲ့ကြပါတယ်။“ You are the best ” ၊ “ ဆက်လက်ပြီး ကြိုးစားပါ ကံကြမ္မာက မင်းလက်ထဲမှာဘဲ ရှိနေတယ် Fighting ” မင်း ဒီအရာကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်တယ် မင်းရဲ့ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပါ” စတဲ့ အားပေးစကားများစွာကို မှတ်ချက်ပေးခဲ့ကြပါတယ်။

၎င်းဗီဒီယိုထဲမှာ အသက် ၂၀အရွယ် Muhamad Hanis Mohd Hisam အမည်ရှိ အဆိုပါကျောင်းသားဟာ ဗီဒီယိုအား ယခုကဲ့သို့ ပျံနှံ့သွားခဲ့မယ်လို့ မမျှော်လင့်ထားသလို လူအများရဲ့အားပေးစကားများစွာကိုလည်း ကြားရလိမ့်မယ်လို့ မထင်ခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။“”အဲ့ဗီဒီယိုကို အခုလိုပျံ့နှံ့သွားလိမ့်မယ်လို့ကျွန်တော် ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်နဲ့ပတ်သက်ပြီး ဘယ်သတင်းကိုမဆိုကောင်းမွန်တဲ့မှတ်ချက်တွေပေးခဲ့ကြတဲ့အင်တာနက်သုံးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ မလေးရှားနိုင်ငံ Johor ပြည်နယ် Kota Tinggi မြို့ မှာ နေထိုင်တဲ့ Muhamad က ပြန်လည်ဖြေကြားခဲ့ပါတယ်။

Muhamad ဟာ လက်ရှိမှာ Politeknik Mersing Johor (PMJ) တွင် လျှပ်စစ်အင်ဂျင်နီယာဒီပလိုမာဘွဲ့ကို ရယူဖို့ လေ့လာသင်ယူနေကြောင်း ၊ “အရိုးသားဆုံးပြောရရင် ၎င်းက အတော်လေးခက်ခဲပေမဲ့ ဘယ်ဟာကမှ လွယ်လွယ်နဲ့မရနိုင်တာကြောင့် အလုပ်လုပ်ရင်း စာလေ့လာနေရကြောင်း ပြောပြခဲ့ပါတယ်။ကျွန်တော့်အတွက် Online class ဆိုတာက စိန်ခေါ်မှုတစ်ခုလိုပါဘဲ ၊ ဒီ semester မှာ ကျွန်တော် ၈ ဘာသာတောင် လေ့လာရတယ် ၊ အလုပ်လည်း လုပ်နေတော့ ကျွန်တော့်အတွက် နည်းနည်းလေး အခက်အခဲရှိနေတယ် ၊ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး ၊ ဘယ်အရာမှ အလွယ်မရဘူးဆိုတာကို ကျွန်တော် အသိဆုံးမို့ပါ ” လို့ Muhamadက ၎င်းကဲ့သို့ ပြောကြားခဲ့ပါသေးတယ်။

Credit-Mia (kbdailynews)

Zawgyi

Food Delivery ေတြလိုက္ပို႔ရင္း ဒီပလိုမာဘြဲ႕ ယူဖို႔ online class မွာပါ စာေလ့လာေနခဲ့တဲ့ အမ်ိဳးသား

ၿပီးခဲ့သည့္အပတ္က TikTok အသုံးျပဳသူ @anak_ronaldo မွမွ်ေဝခဲ့တဲ့ ဗီဒီယိုတစ္ခုမွာ foodpanda ယူနီေဖာင္းကို ဝတ္ဆင္ထားတဲ့အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ဆိုင္ကယ္ကို ေဘးရပ္ၿပီး ခုံတန္းရွည္ေပၚမွာ ဒူးေထာက္ကာ သူ႔ရဲ႕ဖုန္း screen ေပၚရွိ သင္ခန္းစာတစ္ခုကို နားေထာင္ရင္း စာမွတ္စုမ်ားကို လိုက္နာေလ့လာမွတ္သားေနခဲ့ပါတယ္။သို႔ေသာ္ ၎အျဖစ္အပ်က္မွာ ဗီဒီယိုတိုေလးတစ္ခုသာျဖစ္ေသာ္လည္း ထိုဗီဒီယိုကို မွ်ေဝၿပီးခ်ိန္ မွစ၍ ၾကည့္ရႈသူေပါင္း ၄၅၅,၀၀၀ ႏွင့္ like ေပါင္း ၅၀,၀၀၀ ေက်ာ္ရရွိခဲ့ပါတယ္။ေထာင္ေပါင္းမ်ားစြာေသာအင္တာနက္အသုံးျပဳသူမ်ားက ၎ေက်ာင္းသားအား အလုပ္ခြင္၌ရွိေနေသာ္လည္းသူ႔ရဲ႕စာေပေလ့လာမႈမ်ားအတြက္ကိုလည္း အခ်ိန္ေပးခဲ့သည့္အတြက္ေၾကာင့္ ခ်ီးက်ဴးခဲ့ၾကပါတယ္။“ You are the best ” ၊ “ ဆက္လက္ၿပီး ႀကိဳးစားပါ ကံၾကမၼာက မင္းလက္ထဲမွာဘဲ ရွိေနတယ္ Fighting ” မင္း ဒီအရာကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ယုံၾကည္တယ္ မင္းရဲ႕က်န္းမာေရးကိုလည္း အထူးဂ႐ုစိုက္ပါ” စတဲ့ အားေပးစကားမ်ားစြာကို မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

၎ဗီဒီယိုထဲမွာ အသက္ ၂၀အ႐ြယ္ Muhamad Hanis Mohd Hisam အမည္ရွိ အဆိုပါေက်ာင္းသားဟာ ဗီဒီယိုအား ယခုကဲ့သို႔ ပ်ံႏွံ႔သြားခဲ့မယ္လို႔ မေမွ်ာ္လင့္ထားသလို လူအမ်ားရဲ႕အားေပးစကားမ်ားစြာကိုလည္း ၾကားရလိမ့္မယ္လို႔ မထင္ခဲ့ေၾကာင္း တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။“”အဲ့ဗီဒီယိုကို အခုလိုပ်ံ႕ႏွံ႔သြားလိမ့္မယ္လို႔ကြၽန္ေတာ္ ဘယ္တုန္းကမွမေမွ်ာ္လင့္ခဲ့ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး ဘယ္သတင္းကိုမဆိုေကာင္းမြန္တဲ့မွတ္ခ်က္ေတြေပးခဲ့ၾကတဲ့အင္တာနက္သုံးသူေတြအားလုံးကို ေက်းဇူးတင္ပါတယ္” လို႔ မေလးရွားႏိုင္ငံ Johor ျပည္နယ္ Kota Tinggi ၿမိဳ႕ မွာ ေနထိုင္တဲ့ Muhamad က ျပန္လည္ေျဖၾကားခဲ့ပါတယ္။

Muhamad ဟာ လက္ရွိမွာ Politeknik Mersing Johor (PMJ) တြင္ လွ်ပ္စစ္အင္ဂ်င္နီယာဒီပလိုမာဘြဲ႕ကို ရယူဖို႔ ေလ့လာသင္ယူေနေၾကာင္း ၊ “အ႐ိုးသားဆုံးေျပာရရင္ ၎က အေတာ္ေလးခက္ခဲေပမဲ့ ဘယ္ဟာကမွ လြယ္လြယ္နဲ႔မရႏိုင္တာေၾကာင့္ အလုပ္လုပ္ရင္း စာေလ့လာေနရေၾကာင္း ေျပာျပခဲ့ပါတယ္။ကြၽန္ေတာ့္အတြက္ Online class ဆိုတာက စိန္ေခၚမႈတစ္ခုလိုပါဘဲ ၊ ဒီ semester မွာ ကြၽန္ေတာ္ ၈ ဘာသာေတာင္ ေလ့လာရတယ္ ၊ အလုပ္လည္း လုပ္ေနေတာ့ ကြၽန္ေတာ့္အတြက္ နည္းနည္းေလး အခက္အခဲရွိေနတယ္ ၊ ဒါေပမဲ့ ကိစၥေတာ့ မရွိပါဘူး ၊ ဘယ္အရာမွ အလြယ္မရဘူးဆိုတာကို ကြၽန္ေတာ္ အသိဆုံးမို႔ပါ ” လို႔ Muhamadက ၎ကဲ့သို႔ ေျပာၾကားခဲ့ပါေသးတယ္။

Credit-Mia (kbdailynews)

  • Leave a Comment

Categories