အသက် ၁၂ နှစ်အရွယ်သာ ရှိသေးပေမဲ့ မိသားစုအတွက် အိမ်တစ်လုံး ဆောက်လုပ်ပေးနိုင်ပြီဖြစ်တဲ့ နာမည်ကြီး Net Idol တစ်ဦး

ထိုင်းနိုင်ငံက Nesty Sprite အမည်ရှိတဲ့ ကောင်လေးတစ်ဦးဟာ ထက်မြတ်တဲ့ မိန်းကလေးအဖြစ် လူသိများပြီး ဖျော်ဖြေရေး Net Idol တစ်ယောက်အနေနဲ့လည်း လူသိများခဲ့ပါတယ် ။ ဒါ့အပြင် သူကအရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်ပါ ။ အိမ်မာ အငယ်ဆုံးဖြစ်ပြီး မိသားစုအတွက် အိမ်တစ်လုံးကို တည်ဆောက်နိုင်ခဲ့ပြီး သူဟာ အသက် ၁၂ နှစ်သာရှိသေးတာပါ ။ Nesty Sprite ရဲ့ နာမည်အရင်းက Nipitpong Rakton လို့ခေါ်ပြီး Satri Phang Nga ကျောင်းမှာ အလယ်တန်းအဆင့် လေ့လာနေပါတယ် ။ အိမ်မှာ မောင်နှမ ၅ ယောက်ရှိပြီး သူက အငယ်ဆုံးဖြစ်ပါတယ် ။ သူတို့ မိသားစုတွေက ထန်းနဲ့ ရာဘာ တွေစိုက်ပျိုးပြီး အသက်မွေးဝမ်းရှာကြတာပါ ။

သူဟာ မိန်းမဖြစ်မှုကို စတင်လေ့လာဖို့ ဆုံးဖြတ်ပြီးကတည်းက သူအောင်မြင်လာခဲ့ပြီး အင်္ဂလိပ်စာကို အဓိကထားတဲ့ Mini English program ကိုလည်း လေ့လာခဲ့ပါတယ် ။ ဒါကြောင့် Nesty Sprites က “သင်ကိုယ်တိုင် ဆုံးဖြတ်လိုက်ပြီဆိုရင် ဘယ်အရာမဆို ကျားမ မခွဲခြားဘဲ သင်ယူမယ်ဆိုရင် သင်လည်း တစ်နေ့အောင်မြင်တဲ့သူ ဖြစ်လာမယ် ။ လေ့လာမှုက အရေးကြီးတယ် ။ လူတိုင်းဟာ အသိပညာနဲ့ နေသင့်တယ် ” လို့ သူက ဆိုပါတယ် ။ Nesty Sprites ဟာ မျိုးဆက်သစ်များအတွက် စံနမူနာကောင်း တစ်ယောက်ပါပဲ ။

1

2

3

4

5

6

7

8

9

10

11

Credit-JRose (KBdailynews)

Zawgyi





  • Leave a Comment

Categories