ပုံမြင်ရုံနဲ့တင် သင့်ကို စောင်ထဲအမြန်ဝင်ပြီး ကွေးသွားစေမယ့် ဓာတ်ပုံများ

ရာသီဥတုလေးအေးလာပြီဆိုရင် ကော်ဖီပူပူတစ်ခွက်ကို ဖျော်ပြီး စောင်လေးထဲမှာကွေးရင်း အနားယူချင်ကြတာ လူတိုင်းပါပဲ။ ဆောင်းမနက်ခင်းတွေမှာဆို စောစောထ အားကစားလုပ်မယ့်ဖက်ကို မရွေးချယ်ဘဲ ဆောင်းလေးခြုံပြီး အိပ်ရတာကို လူတွေက ပိုရွေးချယ်တတ်ကြပါသေးတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ရာသီဥတု သိပ်မအေးနေရင်တောင် ပုံတွေကိုကြည့်ရင်းသဘောကျလာလို့ စောင်ထဲမှာ အချိန်အကြာကြီးကွေးချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာပါလိမ့်မယ်။ ဟုတ်မဟုတ်ကတော့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်နော်..

(၁)

ကမ်းခြေမှာ ထိုင်ခုံပုံစံမျိုးလေး ခဲနေတဲ့ ရေခဲတုံး…

ဒီလောက်ထုထည်ကြီးတဲ့အထိ ရေခဲသွားရအောင် ဘယ်လောက်များအေးနေလို့ပါလိမ့်..

အဲ့လောက်ရာသီဥတုမှာသာဆိုရင် စောင်ထဲမှာ ပဲ အချိန်အကြာကြီးနေချင်ကြမှာနော်။

(၂)

သာမန် နှင်းကျတာလောက်ကတော့ ဒီဓာတ်ပုံက စာဆိုမယ်မထင်ဘူး။

မျက်တောင်မွှေးမှာတောင် ရေခဲတဲ့အထိတော်တော်လေး အအေးပိုနေတာပါ။

ဒီလောက်အေးတဲ့အချိန်မျိုး ဝီရိယကောင်းကောင်းနဲ့ အပြင်ထွက်နေတာပဲ ချီးကျူးရမယ်။

(၃)

နှင်းမုန်တိုင်း အပြီး

ကားနောက်ပိုင်းမှာတောင် အခုလိုခဲနေခဲ့တာပါ။

(၄)

ကဲ ဒီလိုအခြေအနေကိုမြင်ပြီးတာတောင် အပြင်သွားဖို့ စိတ်ကူးနေတာလား..

ကားမောင်းဖို့ခက်မယ့် အပြင် နှင်းကိုလည်းရှင်းရအုံးမယ်ဆိုတော့ စောင်ထဲပြန်ကွေးလိုက်တာက အကောင်းဆုံးပဲလေ…

(၅)

မြောက်ပိုင်းဒေသမှာ ဘယ်လောက်အေးလဲဆို လမ်းဘေး အချက်ပြ တိုင်တွေတောင်ပုံစံတူရေခဲတုံးတွေ ရလေ့ရှိပါတယ်။

(၆)

နှင်းမုန်တိုင်းပြီးတဲ့အချိန် ကားမှန်ကိုချလိုက်တာ

ရေခဲ ပြတင်းပေါက်တွေတောင်ဖြစ်လို့…

(၇)

အိမ်ရှေ့တံခါးဝထိတောင် လာပိတ်မိနေတဲ့ နှင်းပုံကြီး..

နှင်းတွေကိုပဲ မဖြစ်မနေ ဆက်ရှင်းသင့်လား…

စောင်ထဲမှာပြန်ကွေးနေသင့်လား

(၈)

ကားမှန်းတောင် မမှတ်မိရလောက်အောင် အေးခဲနေချိန် ပုံထဲက လူကြီးက ဘောင်းဘီတိုကြီးနဲ့ ဘာမှမဖြစ်ဘူးလားမသိဘူး။

ပုံကြည့်နေတဲ့ သူတွေကတော့ သူ့အစား ချမ်းလွန်းလို့ တစ်ကိုယ်လုံးတုန်နေလောက်ပြီ။

(၉)

တံတားရဲ့ ဘောင်မှာရှိတဲ့ အပေါက်တွေတောင်ခဲတယ်ဆိုတော့

ရာသီဥတု အခြေအနေ စဉ်းစားကြည့်ပါအုံး

(၁၀)

ဆောင်းရာသီရဲ့ ပျော်စရာကတော့

နှင်းတွေနဲ့ ပုံစံအမျိုးမျိုး ဖော်ပြီး ဆော့လို့ရတာပါပဲ။

(၁၁)

မြေပြင်ပေါ်မှာလည်း နှင်းတွေကျထားတာ အိမ်ရဲ့ တစ်ဝက်လောက်မြုပ်နေပြီ…

ဒါတင်မပြီးသေးဘူး…ခေါင်းမိုးပေါ်က နှင်းရဲ့ ထုထည်ကို ကြည့်လိုက်ပါအုံး

(၁၂)

ဒီထိုင်ခုံကတော့ ကြည့်ရတာ သက်တောင့်သက်သာ အနားယူပြီး ထိုင်လို့ ရမယ့် ပုံမရှိဘူး..

ကြည့်ရတာ ထိုင်ခုံတွေကို နှင်းသန့်ရှင်းရေးလိုက်လုပ်နေတာဖြစ်လိမ့်မယ်..

ဘေးက ထိုင်ခုံကတော့ သန့်ရှင်းပြီးသားပေါ့

(၁၃)

အိမ်မှာ စိုက်ထားတဲ့ နှင်းဆီပင်က

ရေခဲနှင်းဆီဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးယဉ်မိမှာလဲ…

(၁၄)

လမ်းမပေါ်မှာရှိတဲ့ နှင်းတွေကိုရှင်းဖို့ သန့်ရှင်းရေးတုတ်ချောင်းတောင်

အခုလိုမျိုး တောင့်တောင့်ကြီးခဲနေတယ်တဲ့လေ

(၁၅)

အိမ်က ရေကူးကန်တောင် ရေခဲပြင်ဖြစ်သွားခဲ့တယ်လေ…

ဒီရာသီဥတုမှာ ရေကူးလို့လည်း မရမယ့် အတူတူ ခဲနေတော့လည်း ဘာမှမဖြစ်ပါဘူး။

(၁၆)

ဒီလောက်အေးနေတာ ဘက်စက်ဘော ထွက်ကစားဖို့ချောင်းနေတာလား..

ကြည့်ပါအုံး ဘောလုံးတောင် ပိုက်ကွန်ထဲ ခဲပြီး ငြိနေတယ်။

(၁၇)

မီးပလက်ခုံ ဘယ်နေရာက ပြုပြင်ဖို့လိုအပ်နေလည်း သိသွားရတာပေါ့

(၁၈)

ဒီနှင်းခဲပုံကြီးက ဆွီဒင်နိုင်ငံရဲ့ နွေရာသီအခြေအနေပါ..

ဆောင်းရာသီမှာဆိုရင် ဘယ်လို အခြေအနေ ဖြစ်နေမလည်းဆိုတာ ခန့်မှန်းလို့တောင်မရဘူး။

(၁၉)

မီးသတ်ပိုက်ရေဖြည့်စက်ကို ဆောင်းရာသီမှာသုံးလို့ရပါ့မလား..

အခန့်မသင့်ရင် ရေခဲအချောင်းလိုက်တွေထွက်လာလိမ့်မယ်။

(၂၀)

ဆောင်းရာသီမှာ သန့်စင်ခန်းတောင် အခုလိုဖြစ်ပျက်နေတယ်ဆိုတော့ …

ဘယ်လောက်တောင် အေးခဲနေမလိမ့်မလဲ…

အေးခဲနေတဲ့ ဓာတ်ပုံတွေကြည့်ပြီး ဆောင်းရဲ့ အငွေ့အသက်တွေ ရခဲ့ကြတယ်မလား ပရိသတ်တို့ရေ.

ကိုယ်အကြိုက်ဆုံး ရာသီဥတု ကကော ဘာဖြစ်မလဲ ပြောပြခဲ့ကြပါအုံး။

Credit-celeguru

  • Leave a Comment

Categories