မြေကွက်ရောင်းရန်ရှိပြီး ဝယ်သူများအနေဖြင့် အစ်မဖြစ်သူကိုပါ တစ်ခါတည်းလက်ထပ်ယူနိုင်ကြောင်း ကြေငြာခဲ့သော အမျိုးသား

ဖြစ်စဉ်မှာ အင်ဒိုနီးရှားနိုင်ငံ Kuusမြို့တွင် နေထိုင်သော Aras Soflyantoအမည်ရှိ အမျိုးသားတစ်ဦးသည် မြေကွက်ရောင်းလိုသည့် ကြော်ငြာစာအား လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ အွန်လိုင်းအသိုင်းအဝိုင်းတစ်ခုလုံးကို ဂယက်ထသွားစေခဲ့သည်။

အကြောင်းမှာ အမျိုးသားသည် ၇၂စတုရန်းမီတာ ကျယ်ဝန်းသည့် မြေကွက်အား ရောင်းလိုပြီး ဝယ်သူများအနေနှင့် စိတ်ဝင်စားလျှင် အစ်မဖြစ်သူကိုပါ လက်ထပ်ယူနိုင်သည့် အခွင့်အရေးကို ထည့်ကြော်ငြာခဲ့ခြင်းကြောင့် ဖြစ်သည်။

အမျိုးသားသည် မြေကွက်လည်းရောင်းထွက်ပြီး အစ်မဖြစ်သူလည်း အပျိုကြီးဘဝကကျွတ်အောင်ဆိုပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ် ဟန်နှင့် ကြော်ငြာခဲ့သည်။

ထိုကြော်ငြာစာကို မြင်တွေ့သော အမျိုးသားများမှာ မြေကွက်ကိုတော့ စိတ်မဝင်စားပဲ အစ်မဖြစ်သူကိုပဲ လက်ထပ်၍မရပူးလား ဆိုပြီး မေးခွန်းထုတ်ခဲ့ကြသည်။

Credit-Rain (For Ialinks)

Zawgyi

ေျမကြက္ေရာင္းရန္ရွိၿပီး ဝယ္သူမ်ားအေနျဖင့္ အစ္မျဖစ္သူကိုပါ တစ္ခါတည္းလက္ထပ္ယူႏိုင္ေၾကာင္း ေၾကျငာခဲ့ေသာ အမ်ိဳးသား

ျဖစ္စဥ္မွာ အင္ဒိုနီးရွားႏိုင္ငံ Kuusၿမိဳ႕တြင္ ေနထိုင္ေသာ Aras Soflyantoအမည္ရွိ အမ်ိဳးသားတစ္ဦးသည္ ေျမကြက္ေရာင္းလိုသည့္ ေၾကာ္ျငာစာအား လူမႈကြန္ယက္တြင္ မွ်ေဝခဲ့ရာ အြန္လိုင္းအသိုင္းအဝိုင္းတစ္ခုလုံးကို ဂယက္ထသြားေစခဲ့သည္။

အေၾကာင္းမွာ အမ်ိဳးသားသည္ ၇၂စတုရန္းမီတာ က်ယ္ဝန္းသည့္ ေျမကြက္အား ေရာင္းလိုၿပီး ဝယ္သူမ်ားအေနႏွင့္ စိတ္ဝင္စားလွ်င္ အစ္မျဖစ္သူကိုပါ လက္ထပ္ယူႏိုင္သည့္ အခြင့္အေရးကို ထည့္ေၾကာ္ျငာခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

အမ်ိဳးသားသည္ ေျမကြက္လည္းေရာင္းထြက္ၿပီး အစ္မျဖစ္သူလည္း အပ်ိဳႀကီးဘဝကကြၽတ္ေအာင္ဆိုၿပီး တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ ဟန္ႏွင့္ ေၾကာ္ျငာခဲ့သည္။

ထိုေၾကာ္ျငာစာကို ျမင္ေတြ႕ေသာ အမ်ိဳးသားမ်ားမွာ ေျမကြက္ကိုေတာ့ စိတ္မဝင္စားပဲ အစ္မျဖစ္သူကိုပဲ လက္ထပ္၍မရပူးလား ဆိုၿပီး ေမးခြန္းထုတ္ခဲ့ၾကသည္။

Credit-Rain (For Ialinks)

  • Leave a Comment

Categories