စိတ်ညစ်နေတာမှန်သမျှကို ဆေးသောက်စရာမလိုဘဲ ပျောက်ကင်းသွားစေနိုင်မယ့် အာဝုလေးတို့ရဲ့ချစ်စရာဓာတ်ပုံများ

စိတ်ညစ်စရာတွေကို ကြုံတွေ့ရပြီးနောက်ပိုင်း စိတ်ညစ်မှုတွေကို ဘယ်လိုအရာတွေနဲ့ ဖြေဖျောက်လေ့ရှိပါသလဲ…တစ်ယောက်တစ်မျိုးစီ နည်းလမ်းအမျိုးမျိုးသုံးကြမယ်ဆိုပေမယ့် ပရိသတ်တွေအတွက် စိတ်ညစ်မှုတွေ ဖြေဖျောက်နိုင်မယ့် နည်းလမ်းလေးတစ်ခုကတော့ ချစ်စရာကောင်းတဲ့ တိလေးတွေကို အချိန်ပေးပြီး ကြည့်ရှုလိုက်တာ၊ဆော့ပေးလိုက်တာပါပဲ။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေဆိုရင် စိတ်ညစ်ညူးမှုမှန်သမျှကို ယူပစ်လိုက်သလို ပျောက်ကင်းသွားစေနိုင်မယ့် အာဝုလေးတို့ရဲ့ချစ်စရာဓာတ်ပုံလေးတွေပဲဖြစ်ပါတယ်။

(၁)

နေရာလွတ်တွေအများကြီးရှိရဲ့သားနဲ့ မြောင်အပေါ်ကို

တက်မထိုင်ရရင်ကို မကျေနပ်တဲ့ အာဝုလေး

(၂)

အနောက်က ဘာတွေများ လိုက်လာလို့ နံရံပေါ်ကိုတောင်

အလျင်စလိုပြေးတတ်နေရတာလည်းဟေ

(၃)

အလုပ်လုပ်မယ့် ခုံပေါ်မှာ တစ်နေကုန်လာအိပ်နေမှာတော့

ဒီနေ့တော့ အလုပ်ပြီးတော့မယ်မထင်…

(၄)

တင်းနစ်ဘောလုံးလေးနဲ့ ဆော့ရတာကို

အရမ်းကြိုက်တဲ့ အာဝုလေး…

(၅)

ရှုး…တိုးတိုးနေ သခင်…

ဟိုဘက်ဝိုင်းက ကောင်မလေးတွေ ကြားသွားအုံးမယ်။

(၆)

သစ်ပင်ပေါ်က ဓာတ်ပုံလေး လိုချင်လို့ သူ့ကို သစ်ပင်ပေါ်မှာ ထိုင်ခိုင်းလိုက်မိပါတယ်။

ဆရာကြီးက သစ်ပင်ကိုခွထိုင်ပြီး အထာကျကျဓာတ်ပုံအရိုက်ခံလေရဲ့

(၇)

သခင်ကို ပုန်းဖို့အတွက် ချုံပုတ်လေးကြားထဲမှာ

ပုန်းနေတဲ့ အာဝုလေး

(၈)

ဘောလုံးလေးက ပေါက်သွားပြီဖြစ်ပေမယ့် သူ့ဘောလုံးလေးနဲ့ ဆော့ရတာကို

ပျော်နေတုန်းဖြစ်တဲ့ အာဝုလေး

(၉)

မနက်ခင်းလမ်းလျှောက်ထွက်တုန်း

သူငယ်ချင်းရသွားတဲ့ အာဝုလေးတို့

(၁၀)

အာဝုအတွက်တော့ ဒီနေရာလေးက

အနားယူဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။

(၁၁)

အိမ်ပြန်ရောက်တိုင်း စီးစရာဖိနပ်ကို

ကိုက်ချီလာပေးတတ်တဲ့ချစ်စရာကလေးလေး

(၁၂)

ဒါလေးက အာဝုလေးလား လင်းနို့လေးလား မသဲကွဲဘူးနော်…

ထိုင်နေပုံလေးက အသက်

(၁၃)

တစ်အိမ်လုံး ပွစာကျဲအောင်ဖွထားပြီးမှ

အသနားလာခံနေတယ်ပေါ့..ဟုတ်လား

(၁၄)

သခင်နော်…သားတို့ဆော့ချင်နေတဲ့

ဘောလုံးကို ခုထိမပေးသေးဘူး။

(၁၅)

သားကြိုက်တာ ဒါလေး.ဝယ်ပေးမှာမလား..

သခင်…ဝယ်ပေးနော်…

(၁၆)

မီးသွေးတွေနဲ့ သွားကစားပြီး

ပုံစံပြောင်းသွားရှာတဲ့ အာဝုလေး

(၁၇)

ရေထဲဆင်းမဆော့ရဘူးနော်.

အာဝုတို့ လို့ မှာပြီး ၁၀စက္ကန့်အကြာမှာ ဒင်းလေးတို့

(၁၈)

စားနေရင်းလည်း အိပ်မှာပဲ..အိပ်ရာထရင်စားမှာပဲ..

ဒီအလုပ်က အာဝုအလုပ်ပဲဟာကို

(၁၉)

အကောင်သာကြီးနေတာ

သခင်ရင်ခွင်ထဲမှာဆိုရင်တော့ ကလေးလေးပဲ

(၂၀)

သူနဲ့ အမျိုးတူ အာဝုတွေနဲ့ သူငယ်ချင်းဖွဲ့ပြီး

သခင်ဆီခေါ်လာတာကိုပဲကြည့်…

(၂၁)

သွား..သခင့်ကို စိတ်ဆိုးတယ်။

အပြင်သွားမလိုလိုနဲ့ဆေးခန်းကို လိမ်ခေါ်လာတယ်။

(၂၂)

ဟူးမန်းတို့က အာဝုလောက်တောင် မျက်ခုံးညီအောင် ဆွဲတတ်လို့

ရယ်နေကြတာလား ပြော..

(၂၃)

ပျော်ပျော်နေသေခဲ…

ဟုတ်တယ်မလား ဟူးမန်းတို့

(၂၄)

ဘယ်ကောင်တွေ အထာကျကျ..အာဝုရဲ့ဒီဇိုင်းကာလာအနေအထားကို

မှီလားလို့ မေးလိုက်ပါအုံး

(၂၅)

ဟဲ့..ဟဲ့ ပါးစပ်ဖွင့်တာ ဖြည်းဖြည်းဖွင့်ပါဟဲ့.. ငါတောင် လန့်တယ်။

(၂၆)

ဆော့တုန်းက ဆော့ပြီး … ခုတော့ မောပြီး ကျိုးနေပြီ

(၂၇)

ပုံထဲကအတိုင်း လိုက်လုပ်နေတဲ့ အာဝုလေး

(၂၈)

တီဗီတင်ဆက်သူက သူ့ခွေးလေးကို အလုပ်ခေါ်လာခဲ့တဲ့အခါမှာ ခုလိုပဲ မြင်တွေ့ခဲ့ရပါတယ်.. စိတ်တော့ မပူပါနဲ့… တီဗီက သူမကိုယ် တစ်ဝက်ပဲ ပါတာပါ

အာဝုလေးတို့ရဲ့ ပုံလေးတွေက ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေရဲ့ စိတ်ညစ်ညူးမှုတွေပျောက်ကွယ်သွားမယ်ဆိုတာသေချာပါတယ်။

ပရိသတ်တွေလည်း အပန်းမကြီးရင် ကိုယ့်ရဲ့အချစ်တော်တိလေးတွေရဲ့ ချစ်စရာအကောင်းဆုံး ဓာတ်ပုံတွေကို ကြွားခဲ့ကြအုံးနော်။

Credit-shwenyanshin

  • Leave a Comment

Categories