အချို့လူတွေက အများ နဲ့မတူပဲ တမူထူးခြားဆန်းသစ်အောင် ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်ပါတယ်။ သူတို့ဖက်ရှင်ကြောင့် သူတို့ဟာပိုပြီး လှပတင့်တယ်သွားစေသလို အချို့ကြတော့လည်း ဆန်းသစ်လွန်ပြီး ရယ်စရာတွေဖြစ်သွားကြတာမျိုးတွေလည်း ရှိတတ်ပါတယ်။
အခုဖော်ပြပေးသွားမှာကတော့ အများနဲ့မတူအောင် တီထွင်ဖန်တီးကြရင်း ဖက်ရှင်အလွဲတွေ ဖြစ်သွားကြတဲ့ လူတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်တာမို့ ဖတ်ရှုပေးပါဦးနော်။
(၁)ဒီဟာထုတ်လုပ်တဲ့သူက ဘယ်လိုအတွေးနဲ့များ ထုတ်လိုက်တယ် မသိဘူးနော်
(၂)ကော်ဇော်ပိုနေလို့ ဖိနပ်ချုပ်ပေးလိုက်သလား အောင့်မေ့ရတယ်
(၃)ဟဲ့… ပြဲနေပြီ ဒူးပြဲတာတွေ ၀◌တ်ရတာ ရိုးသွားပြီဆိုရင် ဒါမျိုးလေး စမ်းကြည့်လို့ရပါတယ်နော်
(၄)ဒါကဘောင်းဘီလား…တက်တူးထိုးထားတာလား..ဆေးခြယ်ထားတာလား။
သေချာကြည့်ပြီး ပြန်ပြောပေးကြပါဦး ပရိသတ်ကြီးရေ။
(၅)တစ်ကိုယ်လုံးပန်းရောင်အဝတ်အစားနဲ့ အိတ်လေးကလည်း လိုက်ဖက်ညီလွန်းတော့ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ နတ်သမီးပုံပြင်လေးတွေကို သတိရသွားတယ်တော့ လုပ်လိုက်ပါ။
(၆)အေး….ဒီပုံမှာ ရယ်စရာဘာမှမရှိဘူးနော်…။
တမင်ပဲ ဒီဇိုင်းထွင်တာလား…ဆံပင်ရိတ်စက်နဲ့ တိုက်ခိုက်ခံရသလား…မသဲကွဲဘူးရယ်…ပရိသတ်တို့ရော ဘယ်လိုထင်လဲ။
(၇)အတုအယောင်တွေများတဲ့ လောကကြီးပါလားလို့ မင်းစဉ်းစားလိုက်တဲ့အခါ.. မင်းဟာလည်း ကျောပိုး အိတ်တစ်လုံးသာဖြစ်တယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။
(၈)ဆံပင်တွေအတွက် သီးသန့်ဖောက်ပေးထားတဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။
(၉)စကိတ်သမားတစ်ယောက်ဖြစ်တဲ့ Yuzuru Hanyuရဲ့ ရေဗူးဖက်ရှင်..
ဖက်ရှင်ကျဖို့ဆိုရင် အဝတ်အစားတွေ သာမက အသုံးအဆောင်တွေကပါ မိမိုက်နေရမယ်ဆိုတာ ဒီဓာတ်ပုံကြည့်ရင်းနားလည်သွားပါပြီနော်။
(၁၀)ဘယ့်နှယ့်ငါးခေါင်းကို အိတ်လုပ်ပြီး လွယ်လာပါလိမ့်။
(၁၁)ကမ္ဘာပေါ်မှာ အချိန်လေးစားဆုံး အမျိုးသမီး…။
ဘယ်လောက်တောင် အချိန်လေးစားသလဲဆိုရင် တိုင်ကပ်နာရီကိုတောင် ဖြုတ်လွယ်ထားသူပါနော်။
(၁၂)ဒီလိုဖက်ရှင်ပါင်းစပ်မှု အိုင်ဒီယာကို သူမဘယ်ကများရခဲ့တာပါလိမ့်။
တကယ်ပါ…တကယ်သိချင်တာပါ။
(၁၃)ဖက်ရှင်ဆင့်ကဲ ဖြစ်စဉ်ပါ..
ဂျင်းဘောင်းဘီအပေါက်လေးတွေက ကျယ်ကျယ်လာရာကနေ နောက်ဆို ဘာဖြစ်မှာပါလိမ့်။
(၁၄)အခုနောက်ဆိုရင် ဘယ်လိုဂျင်းဘောင်းဘီဖက်ရှင်ဖြစ်မလဲဆိုတာ ပြလိုက်ပါပြီနော်။
(၁၅)ရချင်သွားပြီမလား
(၁၆)ခြေအိတ်ဆိုတာ ခေါက်ဝတ်တာလောက်သာ အဆုံးစွန်သိထားတဲ့သူတွေ သူ့ကိုအတုယူပါ…
လိပ်ပြီးတော့ လည်း ဖက်ရှင်ကျလို့ ရပါတယ်နော်။
(၁၇)ဂေါ်ဖီထုပ်ဟာ ဖက်ရှင်အတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ တို့သိလိုက်ပါပြီ။
(၁၈)ဘောင်းဘီ ထဲက ထွက်နေတဲ့ ပီဇာတွေများလား….။
(၁၉)ဦးထုပ်ခရေစီတစ်ယောက်ရဲ့ ဖန်တီးမှုလက်ရာအသစ်ပါ…အသိုက်ထဲမှာ ဥလေးတွေပါနေတာက အသက်။
(၂၀)အဖေကတော့ သူ့ဖက်ရှင်ကအရမ်းလန်းနေပြီလို့ ပြောလာပါတယ်။
(၂၁)ထိပ်ပြောင်ချင်းကို ဂျယ်လီချောင်းများနဲ့ ကုသနိုင်တယ်ဆိုတာသိရပြီး ဆွံ့အသွားတဲ့ ခဏ။
(၂၂)အင်္ကျ ီပြောင်းပြန်ဝတ်ထားတာ မဟုတ်ဘူး။ခေါင်းစွပ်ထဲမှာ မုန့်ထည့်ပြီး တန်းစားလို့ရအောင် တမင်လုပ်ထားတာဆိုပဲ။
(၂၃)စိုစွတ်တဲ့မိုးရေတွေကြောင့် ဘောင်းဘီတွေ စိုကုန်မှာကို ဒီလိုကာကွယ်လို့ ရပါတယ်နော်။
(၂၄)ဆိုက်ဘေးရီးယားမှာ နေထိုင်တယ်ဆိုရင်တော့ သင်ဟာဖက်ရှင်ကျကျနေဖို့ ခက်ခဲပါလိမ့်မယ်။
(၂၅)ရိုးရိုးဖိနပ်တွေ စီးရတာ ပျင်းလာပြီဆိုရင် ဒီလိုမြင်းခြေထောက်၊ မြင်းခွာပုံစံဖိနပ်ကိုလည်း စမ်းကြည့်လိုက် သင့်တာပေါ့။
(၂၆)အင်္ကျ ီသစ်ဝတ်ပြီးရင် လမ်းထွက်ပြီး ကြွားချင်တဲ့လူတွေ ရှိတ်လိုက်ပါဦး…။
(၂၇)အံမယ်,… အရုပ်လေးက ကွက်တိပဲ
(၂၈)ဥိထုပ်ကလေးက ချစ်စရာလေးပါ… သေချာကြည့်လိုက်တော့မှ
အခုဖော်ပြပေးခဲ့တာက ဖက်ရှင်အလွဲတွေကြောင့် လူရယ်စရာဖြစ်ခဲ့ရတဲ့ သူများအကြောင်းပဲ ဖြစ်ပါတယ်။ ပရိသတ်များအားလုံး ကျန်းမာပျော်ရွှင်ပြီး နေ့ရက်များစွာကို ရယ်မောခြင်းဖြင့် ဖြတ်သန်းနိုင်ကြပါ။
Credit-celeguru