လောကကြီးရှိ လူတစ်ယောက်စီတိုင်းဧ။် အချစ်ရေး ကံဇာတာသည် အလွန်ဆန်းကြယ်ပြီး အချို့ကျ တစ်သက်လုံး လူပျိုကြီး အပျိုကြီးဘဝနှင့် အရိုးထုတ်သွားကြသလို အချို့ကျပြန်တော့လည်း လက်ထပ်မည့်သူက တစ်ယောက်တည်းပင်မဟုတ်ပဲ ဖြစ်နေတတ်ပါသည်။
ယခုအခါတွင်လည်း အင်ဒိုနီးရှားနိုင်ငံ Lombok အလယ်ပိုင်းဒေသရှိ အသက် ၂၀အရွယ် ကောင်လေးသည် ချစ်သူမိန်းကလေးနှင့် အချိန်ကြာတွဲခဲ့သော်လည်း မမျှော်လင့်ပဲ လမ်းခွဲခဲ့ရသည်။
ကောင်လေးလည်း အသဲကွဲပြီး မကြာမီ အခြားကောင်မလေးနှင့် လက်ထပ်ရန် စီစဥ်ခဲ့ရာ ချစ်သူဟောင်းမိန်းကလေးမှ ထိုသတင်းကိုကြားပြီး ကောင်လေးအိမ်သို့လိုက်လာခဲ့သည်။
သူတို့နှစ်ဦးသည် အချိန်ကြာတွဲခဲ့သည့်အတွက် အိမ်ကလူတွေနှင့်လည်း ရင်းနှီးနေကာ ချစ်သူဟောင်းမိန်းကလေးမှ ကောင်လေးအား မခွဲနိုင်ကြောင်းနှင့်သူမကိုပါ လက်ထပ်ယူရန် ငိုယိုပြီးတောင်းဆိုခဲ့တော့သည်။
ကောင်လေးလည်း စိတ်မကောင်းဖြစ်သွားကာ နှစ်ဖက်လူကြီးမိဘတွေနှင့် တိုင်ပင်ညှိယူပြီးနောက် သဘောတူခဲ့၍ မိန်းကလေးနှစ်ယောက်စလုံးနှင့် လက်ထပ်ခဲ့သော်လည်း လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေသေးသောကြောင့် ဇနီးနှစ်ယောက်ဧ။် စားဝတ်နေရေးအတွက် တိုင်ပတ်နေခဲ့သည်။
Credit-Hlaing (Love Feeling)
Zawgyi
အားနာပြီးကိုယ့်ကိုချစ်နေသော မိန်းကလေးနှစ်ယောက်စလုံးနှင့်လက်ထပ်ခဲ့ရာ အလုပ်မရှိ၍ အခက်တွေ့နေရသော အမျိုးသားဧ။်အဖြစ်