မဖြစ်နိုင်ဘူးထင်ရတာကို ကျောက်ခဲလေးတွေနဲ့ပဲ ပုံဖော်ပြသွားတဲ့ပညာရှင်

အနုပညာကို ဖန်တီးဖို့ ကန့်သတ်ချက်မရှိဘူးဆိုတာကို နောက်ထပ်ပညာရှင်တဦးက သက်သေပြလိုက်ပြန်ပါပြီ။ ဂျက်စတင် ဘိတ်မန်းလို့အမည်ရတဲ့ ဗြိတိန်နိုင်ငံသား ပညာရှင်ဟာ ကျောက်စရစ်ခဲလေးတွေပဲသုံးပြီး၊ လက်ရာမြောက်တဲ့ပုံတူတွေကို ဖန်တီးပြခဲ့ပါတယ်။

ကျောက်ခဲတွေအကုန်လုံးဟာ လမ်းပေါ်ကရတာတွေပါ။ ဒါပေမဲ့ ကမ်းခြေမှာပဲ တွေ့ရတတ်တဲ့ ကျောက်အမျိုးအစားလေးတွေ ဖြစ်နေတာကို သတိပြုမိမှာပါ။ အဲဒီလိုဖြစ်လာရတဲ့အကြောင်းကလည်း သီးသန့်ရှိနေပါတယ်။

ဂျက်စတင်က ကျောင်းမှာအနုပညာသင်ပေးတဲ့ဆရာတဦးပါ။ တရက်မှာ သူ့ကျောင်းသားလေးတွေနဲ့ ယူကေမှာရှိတဲ့ ကမ်းခြေတခုကို အပန်းဖြေထွက်လာခဲ့ပါတယ်။ ကမ်းခြေကို ရောက်ချိန်မှာ အပျင်းပြေပရောဂျက်တခုကိုစခဲ့ပြီး၊ ပထမဆုံးရုပ်ပုံတခုကို စလုပ်ခဲ့ပါတယ်။

ကမ်းခြေကကျောက်ခဲလေးတွေနဲ့အနုပညာတခုကို ဆရာ၊တပည့်တွေ တက်ညီလက်ညီလုပ်နိုင်ခဲ့ချိန်မှာတော့ ဂျက်စတင်တယောက် သူဝါသနာပါတာကို တွေ့သွားခဲ့ပါပြီ။ ဆက်တိုက်ဆိုသလို တခုပြီးတခုဖန်တီးခဲ့ပြီး၊ တဖြည်းဖြည်းနဲ့ သူ့အနုပညာတွေဟာ လူသိများလာပါတော့တယ်။

ဂျက်စတင်ဖန်တီးခဲ့တဲ့ အနုပညာတွေကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

Credit-shwetoday

ReF: BoredPanda

  • Leave a Comment

Categories