မွေးနေ့ကို နှင်းဆီပန်း၁၃၁၄ပွင့်ဖြင့် လက်ဆောင်ပေးရန်စီစဉ်ခဲ့ပြီး နှင်းဆီးပန်းသွားယူစဉ် မတော်တဆဖြစ်ကာ လျှော်ကြေးပေးခဲ့ရလို့ ဇနီးသည်၏ ကွာရှင်းရန်သာ အပြောခံခဲ့ရသည့် အမျိုးသား

လူတိုင်းအားလုံးသတ်မှတ်ထားကြသည်မှာ နှင်းဆီပန်ဆိုသည်မှာ အချစ်၏သင်္ကေတဟုပင်ဖြစ်ပေသည်။ထို့ကြောင့်ပင် ချစ်သူစုံတွဲများဟာ နှင်းဆီပန်းလေးတွေကို ပေးအပ်တတ်ကြတာဖြစ်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် နေထိုင်သော လူငယ်လေးတစ်ဦးဟာ သူ၏ဇနီးမွေးနေ့ပွဲအတွက် ကုန်တိုက်တစ်ခုမှ နှင်းဆီပန်း ၁၃၁၄ပွင့်ရှိသော ပန်းစီးကို မှာယူခဲ့ပါတယ်။ထို့နောက်တွင် မွေးနေ့၌ ပေးရန်သွားယူသောအခါ နှင်းဆီပန်းမှာ အလွန်ကြီးနေသောကြောင့် ကုန်တိုက်၏ လေကာမှန်နှင့် တိုက်မိကာ မှန်ကိုကွဲသွားစေခဲ့ပါတယ်။

လေကာမှန်ကွဲသွားသောကြောင့် လျှော်ကြေးငွေးကို ပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။ကောင်မလေးဟာလည်း ကောင်လေး၏ ကုန်တိုက်တွင် မှန်ကွဲစေခဲ့တာကို သိသွားသောအခါ ဒေါသထွက်ပြီး ကွာရှင်းရန်သာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Credit-Shoon (Cele Daily)

Zawgyi






  • Leave a Comment

Categories