သဘာဝအလှအတိုင်း ချစ်စရာကောင်းနေတာကြောင့် သစ်သီးသည်မလေးအား ကောင်လေးများမှာ ချစ်သူဖြစ်ခွင့်ရချင်နေကြသည့် အဖြစ်

ဗီယက်နမ်နိုင်ငံ Ha Giangပြည်နယ်တွင် နေထိုင်သော Vang Sinh အမည်ရှိသော အသက် ၁၈နှစ်အရွယ် မိန်းကလေးသည် လက်ရှိတွင် ဆယ်တန်းအောင်ထားပြီး လမ်းဘေးတွင် သစ်သီးရောင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် အသက်မွေး၀မ်းကျောင်း ပြုနေရသည်။

မိန်းကလေးသည် တက်သစ်စလူငယ်ဖြစ်သည့်အလျောက် သဘာဝတိုင်း ချောမောလှပကာ အပြုံးချိုချိုနှင့် ဆွဲဆောင်မှုတို့ကြောင့် ကောင်လေးအများစုမှာ ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုခဲ့ကြသည်။

မိန်းကလေးသည် ချောမောလှပမှုကြောင့် သူငယ်ချင်းတွေကြားထဲလည်း မျက်နှာပန်းပွင့်ကာ လိမ်မာရေးခြားလည်း ရှိသည့်အတွက် သားရှိသော မိဘတို့မှ ချွေးမတော်ချင်ကြပြီး ကောင်လေးတွေကိုယ်တိုင်ကလည်း အတော်လေး ချစ်သူဖြစ်နေချင်ကြသည်ဟု သိရသည်။

Credit-Hlaing (Love Feeling)

Zawgyi






  • Leave a Comment

Categories