လူတော်တော်များများက တစ်စုံတစ်ဦးကို ချစ်ဖို့လွယ်တယ်လို့ပြောကြပါတယ် သို့ပေမဲ့ အမြဲချစ်နေဖို့က အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါဘဲ။ Winston Howe အမည်ရှိအမျိုးသားကတော့ သူ့ရဲ့အချစ်ဆုံးဖြစ်တဲ့ Janet နဲ့တွေ့ဆုံတဲ့အခါ ၎င်းအရာနှစ်ခုလုံးဟာ သူ့အတွက် လွယ်ကူနေခဲ့ပါတယ်။ Winston နဲ့ Janet တို့ဟာ မြင်မြင်ချင်း ချစ်သွားခဲ့ကြပြီး မကြာခင်မှာဘဲ ချစ်သူစုံတွဲတစ်တွဲဖြစ်လာခဲ့ကာ ၁၉၆၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။
လက်ထပ်ပြီးနောက်မှာ အဆိုပါဇနီးမောင်နှံဟာ အင်္ဂလိပ်ကျေးလက်မြေရှိ မြေ ၁၁၂ ဧက အကျယ်ရှိပြီးချစ်စရာကောင်းတဲ့လယ်ကွင်းအိမ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ကြပါတယ်။အင်္ဂလန်နိုင်ငံ Gloucestershire ကောင်စီ Wickwar ရွာမှာရှိတဲ့ ၎င်းအိမ်မှာ ၎င်းတို့ရဲ့လယ်ယာများကို ကြည့်ရှူကူညီပေးမဲ့ ချစ်ဖို့ကောင်းပြီး ပျော်ရွှင်တတ်တဲ့သားလေးတစ်ဦးကို မွေးဖွားကာ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။
နှစ်များစွာကြာလာတာနဲ့အမျှ Winston ဟာ သူ့ရဲ့ဇနီးကို ချစ်တထပ်ချစ်မြတ်နိုးလာခဲ့ပြီး ၎င်းတို့စုံတွဲရဲ့အချစ်တွေကို တစ်ဖြည်းဖြည်းရှင်သန်တိုးပွါးလာအောင် ဘယ်လိုလုပ်နိုင်ခဲ့ကြသလဲလို့ လူအများထံမှ မေးမြန်းခံခဲ့ကြရပါတယ်။
လက်ထပ်ပြီး ဆယ်စုနှစ်များစွာ လက်တွဲလာနိုင်ခဲ့ကြတာကြောင့် ၎င်းတို့ဟာ လူအများရဲ့စောင့်ကြည့်ခြင်းကို ခံခဲ့ရပေမဲ့လည်း ၎င်းတို့ရဲ့အချစ်များဟာ ပိုမိုခိုင်မြဲလာခဲ့သလို ၎င်းတို့ဟာ ပြီးပြည့်စုံပြီးပျော်ရွှင်တဲ့စုံတွဲတစ်တွဲအဖြစ် ရှိနေခဲ့ပါတယ်။သို့ပေမဲ့ ရက်စက်လွန်းတဲ့ကံကြမ္မာဟာ ၎င်းတို့ကို မျက်နှာသာမပေးခဲ့ပါဘူး။အိမ်ထောင်သက် ၃၃ နှစ်အကြာမှာ Janet ဟာ ဘုရားသခင်ရဲ့အလိုတော်ကြောင့် သူမရဲ့ချစ်လှစွာသောခင်ပွန်းရဲ့အနားမှ နှုတ်ဆက်ထွက်ခွါသွားခဲ့ရပါတယ်။
ထို့နောက် ဝမ်းနည်းပူဆွေးမှုကြောင့် Winston ဟာ ဇနီးဖြစ်သူက သူ့အနားမှာမရှိနေတော့တဲ့အတွက် သူဟာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ခဲ့ရပါတယ်။၎င်းတို့ဟာ ထာဝရချစ်သွားမယ်လို့ တစ်ဦးနှင့်တစ်ဦး ကတိပေးခဲ့ကြပေမဲ့ Janet ဟာ အရင်ဆုံးထွက်သွားခဲ့ပါတယ်။ထို့နောက် မကြာခင်မှာဘဲ Winston ဟာ သူ့ရဲ့ပူဆွေးမှုတွေကို မေ့ပစ်ဖို့ သူ့ရဲ့ဇနီးအတွက် ၎င်းတို့ရဲ့အိမ်နားမှာရှိတဲ့လယ်ကွင်းမှာ ဝက်သစ်ချပင်များကို စတင်စိုက်ပျိုးခဲ့ပါတယ်။
Winston ဟာ ၎င်းနေရာက သူ့ရဲ့ဇနီးအတွက် ရည်ရွယ်တဲ့ထာဝရအမှတ်တရနေရာအဖြစ်နှင့် သူနှင့်သူ့သားအတွက် ခက်ခဲတဲ့နေ့တွေမှာ အပန်းဖြေအနားယူနိုင်မဲ့နေရာတစ်ခုအဖြစ် မျှော်လင့်နေခဲ့ပါတယ်။Winston ဟာ သစ်ပင်များကို နောက်ထပ်လပေါင်းများစွာအထိ စိုက်ပျိုးခဲ့ပြီးနောက် ဝက်သစ်ချပင်ပေါင်း ၆,၀၀၀ ကျော်ဖြင့် ၎င်းတို့အိမ်အနီးရှိ တောအုပ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
လူများစွာဟာ ကွယ်လွန်သူဇနီးအတွက် ရည်စူးတဲ့Winston ရဲ့အပ်နှံမှုကို လေးစားခဲ့ကြပေမဲ့ ၎င်းအပ်နှံမှုဟာ ၁၇နှစ်မတိုင်ခင်မှာတင် ကမ္ဘာကြီးကို အမှန်ပင် အံ့အားသင့်သွားစေလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။
Andy Collett အမည်ရှိအမျိုးသားဟာ Wickwar ရွာရှိ အချို့သောလယ်မြေများပေါ်တွင် ရှင်းလင်းတဲ့လူလုပ်သစ်တောတစ်ခုအတွင်း၌အသည်းနှလုံးပုံသဏ္ဍာန်ကို ရှာဖွေတွေ့ရှိလိုက်တဲ့အခါ သူရဲ့မီးပျံပူဖေါင်းဖြင့် ၎င်းသစ်တောရဲ့ဓာတ်ပုံကို အမိအရရိုက်ကူးခဲ့ပါတယ်။
ဓာတ်ပုံထဲ့အရ Winston ဟာ ၎င်းအသည်းနှလုံးပုံကို အမြဲရှင်းလင်းထားခဲ့ပြီး Janet အသက်ရှင်စဉ်ကနေထိုင်ခဲ့တဲ့အိမ်လေးနှင့်အတူ ၎င်းနှလုံးသားပုံတောအုပ်ကို တွဲမြင်ရခြင်းက လူတိုင်းအတွက် အထိမိဆုံး view တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
Credit-Mia (Mckzone Daily)