သမီးအရင္းကို(၂၆)ႏွစ္တာ ေၾကာင္စာေတြပဲေကြၽး၊ ေလွာင္အိမ္ထဲမွာ ပိတ္ေလွာင္ထားခဲ့တဲ့ မိခင္

႐ုရွားႏိုင္ငံက အမ်ိဳးသမီးႀကီးဟာ သူမရဲ႕ သမီးအရင္းကို (၂၆)ႏွစ္တာ အေတာအတြင္းမွာ ေၾကာင္စာပဲေကြၽးၿပီး အခန္းထဲမွာ ေလွာင္ပိတ္ထားခဲ့ပါတယ္။ အဆိုပါ သမီးရဲ႕အမည္ကေတာ့ Nadezhda Bushueva လို႔ သိရၿပီး၊ သူမတို႔ေနတဲ့အိမ္မွာ ေၾကာင္ေတြလည္း အလြန္ေပါပါတယ္။

သူမတို႔ သားအမိႏွစ္ေယာက္ဟာ Arefinsky အမည္ရ ႐ြာေလးမွာ ေနၾကပါတယ္။ မိခင္ျဖစ္သူ Tatyana ဟာ Bushueva အသက္(၁၆)ႏွစ္အ႐ြယ္ အထက္တန္းေက်ာင္း ၿပီးကတည္းက ေနအိမ္ကေန အျပင္ကို ထြက္ခြင့္ မေပးေတာ့ပါဘူး။

Tatyana နာမက်န္း ျဖစ္ၿပီး ခုတင္ေပၚဘုံးဘုံးလဲခ်ိန္က်မွ Bushueva ဟာ ျပင္ပကမာၻနဲ႔ အဆက္သြယ္ျပန္ရပါတယ္။ Bushueva ဟာ လက္ရွိအခ်ိန္မွာ အသက္(၄၂)ႏွစ္ ျဖစ္ေနပါၿပီ။ သူမဟာ မိခင္ ေဆး႐ုံတက္ရခ်ိန္မွာေတာ့ အိမ္ႀကီးမွာ အထီးက်န္စြာ က်န္ရစ္ခဲ့ပါတယ္။

သူမဟာ မိခင္မရွိခ်ိန္မွာ ေနအိမ္ကေန ထြက္ေျပးဖို႔ မစဥ္းစားခဲ့ပါဘူး။ ႏွစ္ကာလၾကာရွည္စြာ အႏွိပ္စက္ခံ အညႇဥ္းပန္းခံခဲ့ရေတာ့ စိတ္ကလည္း ကဆင့္ကလ်ား ျဖစ္ေနပါတယ္။ Tatyana ဟာ မၾကာေသးခင္ ႏွစ္အနည္းငယ္ကပဲ ေဒသအစိုးရဆီကေန ရေနတဲ့ သက္ႀကီးေထာက္ပံ့ေၾကးလည္း မရခဲ့လို႔ သူတို႔ ႐ုန္းကန္ခဲ့ရပါတယ္။

Bushueva ဟာ မိခင္ပင္စင္ထုတ္ေနက်ေနရာကို ကိုယ္တိုင္ ပိုက္ဆံသြားထုတ္ေပးရာမွ သက္ဆိုင္ရာ အာဏာပိုင္ေတြနဲ႔ စကားေျပာခြင့္ ရခဲ့ပါတယ္။ ဒီက်မွ သက္ဆိုင္ရာက အားလုံးရိပ္မိသြားတာပါ။ သူမတို႔အိမ္ကို သက္ဆိုင္ရာက ဝင္ၿပီး စစ္ေဆးခဲ့ရာ၊ ႂကြက္ေသေတြ၊ ေၾကာင္ေသေတြကိုပါ ေတြ႕ခဲ့ရပါတယ္။

Bushueva ရဲ႕ဝန္ခံခ်က္အရ သူမဟာ (၂၀၀၆)ခုႏွစ္ကတည္းက အခုအခ်ိန္ထိ ေရမခ်ိဳးရေသးဘူးလို႔ ဆိုပါတယ္။ အခုဆို သူမရဲ႕ႏွိပ္စက္လြန္းတဲ့ မိခင္ႀကီးက ေလျဖတ္ထားပါတယ္။ ဥပေဒအရ အေရးယူလို႔ ရေသာ္လည္း မိခင္ကိုယ္တိုင္က ဘယ္လိုမွ မဟန္ႏိုင္လို႔ ဘာအေရးယူမႈမွေတာ့ မရွိပါဘူး။ Bushueva တစ္ေယာက္ အသက္ (၄၂)ႏွစ္ေရာက္မွ ပုံမွန္ဘဝကို ျပန္စခဲ့ရတာပါ။

credit – လင္းေဇာ္ကို (D Nae Khit)

Unicode

သမီးအရင်းကို(၂၆)နှစ်တာ ကြောင်စာတွေပဲကျွေး၊ လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ မိခင်

ရုရှားနိုင်ငံက အမျိုးသမီးကြီးဟာ သူမရဲ့ သမီးအရင်းကို (၂၆)နှစ်တာ အတောအတွင်းမှာ ကြောင်စာပဲကျွေးပြီး အခန်းထဲမှာ လှောင်ပိတ်ထားခဲ့ပါတယ်။ အဆိုပါ သမီးရဲ့အမည်ကတော့ Nadezhda Bushueva လို့ သိရပြီး၊ သူမတို့နေတဲ့အိမ်မှာ ကြောင်တွေလည်း အလွန်ပေါပါတယ်။

သူမတို့ သားအမိနှစ်ယောက်ဟာ Arefinsky အမည်ရ ရွာလေးမှာ နေကြပါတယ်။ မိခင်ဖြစ်သူ Tatyana ဟာ Bushueva အသက်(၁၆)နှစ်အရွယ် အထက်တန်းကျောင်း ပြီးကတည်းက နေအိမ်ကနေ အပြင်ကို ထွက်ခွင့် မပေးတော့ပါဘူး။

Tatyana နာမကျန်း ဖြစ်ပြီး ခုတင်ပေါ်ဘုံးဘုံးလဲချိန်ကျမှ Bushueva ဟာ ပြင်ပကမ္ဘာနဲ့ အဆက်သွယ်ပြန်ရပါတယ်။ Bushueva ဟာ လက်ရှိအချိန်မှာ အသက်(၄၂)နှစ် ဖြစ်နေပါပြီ။ သူမဟာ မိခင် ဆေးရုံတက်ရချိန်မှာတော့ အိမ်ကြီးမှာ အထီးကျန်စွာ ကျန်ရစ်ခဲ့ပါတယ်။

သူမဟာ မိခင်မရှိချိန်မှာ နေအိမ်ကနေ ထွက်ပြေးဖို့ မစဉ်းစားခဲ့ပါဘူး။ နှစ်ကာလကြာရှည်စွာ အနှိပ်စက်ခံ အညှဉ်းပန်းခံခဲ့ရတော့ စိတ်ကလည်း ကဆင့်ကလျား ဖြစ်နေပါတယ်။ Tatyana ဟာ မကြာသေးခင် နှစ်အနည်းငယ်ကပဲ ဒေသအစိုးရဆီကနေ ရနေတဲ့ သက်ကြီးထောက်ပံ့ကြေးလည်း မရခဲ့လို့ သူတို့ ရုန်းကန်ခဲ့ရပါတယ်။

Bushueva ဟာ မိခင်ပင်စင်ထုတ်နေကျနေရာကို ကိုယ်တိုင် ပိုက်ဆံသွားထုတ်ပေးရာမှ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ ဒီကျမှ သက်ဆိုင်ရာက အားလုံးရိပ်မိသွားတာပါ။ သူမတို့အိမ်ကို သက်ဆိုင်ရာက ဝင်ပြီး စစ်ဆေးခဲ့ရာ၊ ကြွက်သေတွေ၊ ကြောင်သေတွေကိုပါ တွေ့ခဲ့ရပါတယ်။

Bushueva ရဲ့ဝန်ခံချက်အရ သူမဟာ (၂၀၀၆)ခုနှစ်ကတည်းက အခုအချိန်ထိ ရေမချိုးရသေးဘူးလို့ ဆိုပါတယ်။ အခုဆို သူမရဲ့နှိပ်စက်လွန်းတဲ့ မိခင်ကြီးက လေဖြတ်ထားပါတယ်။ ဥပဒေအရ အရေးယူလို့ ရသော်လည်း မိခင်ကိုယ်တိုင်က ဘယ်လိုမှ မဟန်နိုင်လို့ ဘာအရေးယူမှုမှတော့ မရှိပါဘူး။ Bushueva တစ်ယောက် အသက် (၄၂)နှစ်ရောက်မှ ပုံမှန်ဘဝကို ပြန်စခဲ့ရတာပါ။

လင်းဇော်ကို (D Nae Khit)

  • Leave a Comment