လှပတဲ့ ရုပ်ရည်ရူပကာကြောင့် နာမည်ကြီးမင်းသမီးနဲ့ မော်ဒယ်လ်ဖြစ်လာခဲ့တဲ့ မွေးမြူရေးခြံ လုပ်ကိုင်သူ ၁၇ နှစ်အရွယ်မိန်းကလေး (ရုပ်သံ)

များသောအားဖြင့် ဂျပန်နဲ့ ကိုရီးယားက မိန်းကလေးတွေဟာ လူများစွာရဲ့ အာရုံကို ဖမ်းစားနိုင်ကြ သူတွေပါ ။ အသက် ၁၇ နှစ်အရွယ် Karata Erika လို့ခေါ်တဲ့ မိန်းကလေးငယ်ဟာ မူလက မွေးမြူရေးခြံမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ သူတစ်ဦးဖြစ်ခဲ့ပါတယ် ။ Karata Erika ကို သတင်းထောက်တွေ ရှာဖွေတွေ့ရှိပြီးတဲ့နောက် မော်ဒယ်လ်အဖြစ် စတင်လုပ်ကိုင်ရန် ကမ်းလှမ်းခံခဲ့ရပါတယ် ။ လှပတဲ့အသွင်အပြင်နဲ့ သူမက သရုပ်ဆောင်မှုကို စတင်လေ့လာခဲ့ပြီး သရုပ်ဆောင်လောကမှာ ဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ် ။ သူမကို ဂျပန်နဲ့ထိုင်ဝမ်တို့မှာ လူသိများလာခဲ့ပါတယ် ။ မမျှော်လင့်ဘဲ သူမဟာ ကိုရီးယားထုတ်လုပ်သူတွေရဲ့ အာရုံစိုက်မှုကိုခံခဲ့ရပါတယ် ။ သူမကို ‘Divine’ လို့ ခေါ်တဲ့ ကိုရီးယားနိုင်ငံမှာ ကျော်ကြားတဲ့ Girls Generation မှ MV မှာ သရုပ်ဆောင်ရန် ဖိတ်ကြားခံခဲ့ရပါတယ် ။ ထိုအရပ်မှပင် သူမကို ကိုရီးယားမှာ လူကြိုက်များခဲ့ပါတယ် ။

Karata Erika က ရုပ်ရှင်တွေမှာ စတင်သရုပ်ဆောင်ပြီးနောက် လူကြိုက်များတဲ့ကြယ်ပွင့်လေးတွေနဲ့ သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများစွာ ရရှိခဲ့ပါတယ် ။ သူမဟာ သူမရဲ့အလှအပကြောင့် ‘Goddess of Beauty’ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတ်မှတ်ခံထားရပါတယ် ။ သူမဟာ အခုဆိုရင် ကိုရီးယားနဲ့ဂျပန်မှာ မော်ဒယ်၊ သရုပ်ဆောင်အလုပ်တွေနဲ့ အလုပ်များနေပါတယ် ။ Karata Erika ရဲ့ အလှတရားက အပြစ်ကင်းစင်ပြီး သူမရဲ့အလှက ကျွန်ုပ်တို့ကို တကယ်စွဲမက်စေပါတယ် ။

1

2

3

4

5

6

7

8

9

10

11

12

Credit-JRose (KB Chimmy One)

Zawgyi





  • Leave a Comment

Categories