နာမည်ကြီးရုပ်ရှင်မင်းသမီးရဲ့ သမီးလေးဖြစ်သလို နတ်သမီးနဲ့တူလွန်းတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့ ကလေးမလေးတစ်ဦး

ဖိလစ်ပိုင်နိုင်ငံတွင် အလှဆုံးအမျိုးသမီးအဖြစ်အသိအမှတ်ပြုခံထားရတဲ့ Marian Rivera အမည်ရှိအမျိုးသမီးနှင့် သူမ၏ကလေးများဟာ အင်တာနက်အသုံးပြုသူများရဲ့attention ကို မကြာခဏရရှိလေ့ရှိကြပါတယ်။သူမရဲ့သမီးငယ် Zia ဟာ သူမ၏နတ်သမီးကဲ့သို့သောလှပမှုကြောင့် အင်တာနက်မှာ အလွန်ကို ကျော်ကြားပါတယ်။ကလေးမလေးမှာလည်း သူမကို မကြာခဏချီးကျူးစကားတွေ၊ အချစ်တွေနဲ့အကောင်းဆုံးဆုမွန်ကောင်းတွေတောင်းပေးတတ်တဲ့ပရိတ်သတ်တွေ အများကြီးရှိနေပါတယ်။သူမရဲ့ကြည့်ကောင်းတဲ့ဖခင်နှင့် ချောမောလှပတဲ့မိခင်တို့မှကြီးထွားလာတဲ့မျိုးရိုးဗီဇကို အမွေဆက်ခံထားခြင်းဖြင့် Ziaနှင့်သူမရဲ့မောင်နှမများဟာ စံထားရလောက်တဲ့အလှတရားမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။

ကလေးမလေးဟာ မော်ဒယ်လ်လုပ်ဖို့အတွက် နာမည်ကြီးတံဆိပ်များစွာထံမှ ကမ်းလှမ်းခံခဲ့ရပါသေးတယ်။Ziaဟာ ချောမောလှပသကဲ့သို့ သရုပ်ဆောင်ပါ ကျွမ်းကျင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်စုံတွဲတစ်တွဲရဲ့သမီးငယ်ဟာ ကင်မရာရှေ့မှာ အလွန်ကောင်းမွန်စွာ ပြုမူတတ်ပါတယ်။

Ziaဟာ TVCs နှင့် ရုပ်ရှင်များတွင် ပါဝင်ရန်အတွက်လည်း ဖိတ်ကြားခံခဲ့ရပါတယ်။မကြာသေးမီက မိခင်ဖြစ်သူ Marian Rivera ဟာ သူမရဲ့သမီး Ziaက အိမ်ရှိဧည့်ခန်းမှာ ကစားနေခဲ့တဲ့ဓာတ်ပုံများစွာကို မျှဝေပေးခဲ့ပါတယ်။ထိုဓာတ်ပုံများဟာ အင်တာနက်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။အင်တာနက်သုံးစွဲသူများစွာက ချစ်ဖို့ကောင်းတဲ့အဝတ်အစားကိုဝတ်ပြီး ဆံပင်အတိုလေးနဲ့ Zia က Marian ရဲ့ baby version နှင့်တူကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Zia ရဲ့မျက်နှာအမူအရာဟာလည်းပရိသတ်များရဲ့အကြိုက်ဖြစ်ခဲ့သလို သူမဟာ သူမရဲ့မျက်နှာအနေအထားကို အမျိုးမျိုးပြောင်းတတ်တာကြောင့် ပရိသတ်များရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါတယ်။အင်တာနက်သုံးစွဲသူများစွာက ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ကြယ်ပွင့်စုံတွဲများဖြစ်တဲ့ Marian Rivera နှင့် Dingdong Dantes တို့ရဲ့ little angel လေးဖြစ်တဲ့ Ziaဟာ အနာဂတ်မှာ ဖိလစ်ပိုင်ရှိ showbiz တွင် ကြယ်တစ်ပွင့်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားကြပါတယ်။ Zia ဟာ အသက် ၆ နှစ်သာရှိသေးပေမဲ့လည်း သူမမှာ ပရိသတ်နှင့် follower များစွာရှိပါတယ်။

သူမရဲ့ချောမောလှပတဲ့အမေက Instagram မှာ Zia နှင့်ရိုက်ကူးထားတဲ့ ၎င်းတို့ရဲ့ဓါတ်ပုံများကို ပရိသတ်များအား မကြာခဏမျှဝေပေးလေ့ရှိပါတယ်။Zia မှာ ကိုယ်ပိုင် Instagram အကောင့်မရှိသေးပေမဲ့ သူမရဲ့ပရိတ်သတ်များက ၎င်းတို့ရဲ့ idol ကိုမြင်ရဖို့ အမေဖြစ်သူရဲ့အကောင့်မှာလိုက်သွားကြည့်ဖို့ကို ဝန်မလေးနေကြပါဘူး။တကယ်လည်း ကလေးမလေးက အတော့်ကို ချောမောလှပပါတယ်။ထို့အပြင် သူမရဲ့ပရိသတ်များက ကလေးမလေးအရွယ်ရောက်လာမဲ့အချိန်ကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြပါတယ်။

1

2

3

4

Credit-Mia (KBdailynews)

  • Leave a Comment

Categories