များသောအားဖြင့် ကျောင်းသူ ကျောင်းသားတို့သည် စာကို ကျက်ပျင်းကြပြီး စာမေးပွဲနားနီးမှသာ စာကျက်ဖို့အတွက် ကမန်းကတမ်း စာအုပ်ရှာရတာနှင့် သူငယ်ချင်းနား စာပြန်လိုက်ကူးရတာနှင့် အလုပ်ရှုပ်နေတတ်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ လူငယ်နှစ်ဦးသည် စာမေးပွဲဖြေဆိုရန်အတွက် ညဖက်ကျ သေချာမကျက်ထား၍ အဆင်သင့်မဖြစ်သေးပဲရှိခဲ့ရာ ကျောင်းသို့သွားရန် အချိန်ကလည်း နီးကပ်နေပြီဖြစ်၍ အခက်တွေ့နေခဲ့ရသည်။
ထို့ကြောင့် ကျောင်းသို့သွားစဉ် လမ်းပေါ်မှာပဲ ဆိုင်ကယ်မောင်းရင်းနဲ့ အသည်းအသန် စာကိုကျက်သွားခဲ့ကြရာ လူငယ်နှစ်ဦးဧ။်အဖြစ်ကို မြင်တွေ့သူများမှာ ရယ်မောခဲ့ကြသည်။
အချို့သောသူများမှာလည်း ဆိုင်ကယ်မောင်းနေသည့်အတွက် အန္တရာယ်များလွန်း၍ ဂရုတစိုက်မောင်းပြီး စာကိုကျောင်းရောက်မှ ကြည့်ရန် သတိပေးပြောဆိုခဲ့သော်လည်း အဖက်မလုပ်နိုင်ပဲ ဖြစ်နေခဲ့တော့သည်။
Credit-Rain (For Ialinks)
Zawgyi
စာမေးပွဲဖြေဆိုရမည်ဖြစ်သော်လည်း စာမရသေးတာကြောင့် ဆိုင်ကယ်စီးရင်း စာကျက်သွားခဲ့သော ကျောင်းသားနှစ်ဦး