စုံတွဲတစ်တွဲရဲ့ အကောင်းဆုံးဂန္ထဝင်လက်ထပ်မင်္ဂလာဓါတ်ပုံများမှာ လက်ထပ်လက်စွပ် ရိုက်ချက်တစ်ခုပါဝင်ပါတယ်။များသောအားဖြင့် မင်္ဂလာဆောင်သတို့သမီးပန်းစည်း သို့မဟုတ် မင်္ဂလာဆောင်ကတိကဝတ်များကဲ့သို့သော လှပပြီးနှစ်သက်ဖွယ်ကောင်းတဲ့နောက်ခံတစ်ခုကိုသာ သိသာထင်ရှားအောင်ပြုလုပ်ကြပါတယ်။ဒါပေမယ့် သင့်မှာနောက်ခံကောင်းမရှိရင်တောင် ဖိလစ်ပိုင်နိုင်ငံ က လူတစ်ယောက်မှာ နှစ်သက်ဖွယ်ကောင်းတဲ့အဖြေတစ်ခု ရှိပါတယ်။Kevin Kasmir အမည်ရှိအမျိုးသားက သူရိုက်ထားတဲ့ လက်စွပ်တစ်စုံရဲ့ဓာတ်ပုံကို သူရဲ့ Facebook Post မှာမျှဝေထားပါတယ်။
အမွေးထူတဲ့တိရိစ္ဆာန်ရဲ့ အကူအညီဖြင့် လှပတဲ့လက်စွပ်တစ်စုံရဲ့ဓာတ်ပုံကို လူတိုင်း လက်ခံနိုင်လောက်အောင် ရိုက်ကူးနိုင်တဲ့ ဒီဓာတ်ပုံရဲ့ နောက်ကွယ်ကရိုက်ချက်ကိုလည်း မျှဝေထားပါတယ်။Kevin Kasmir ဟာ သူရဲ့ Facebook Post မှာ ဒီဓါတ်ပုံကို မတ်လ ၆ ရက်နေ့မှာ တင်လိုက်ပြီးနောက် shares ၂၀၀၀၀ ကျော်ရရှိခဲ့ပါတယ်။သူ့ရဲ့ Caption က “နောက်ခံမရှိလဲ ပြဿာနာမရှိ” လို့လည်း ရေးတင်ထားပါသေးတယ်။
Credit-Mia (Mckzone Daily)
Zawgyi
လှပတဲ့စုံတွဲလက်စွပ်ဓာတ်ပုံဖြစ်စေဖို့ အမွေးထူတဲ့တိရိစ္ဆာန်ကို နောက်ခံအဖြစ် အသုံးပြုစေခဲ့တဲ့ ကောင်လေးတစ်ဦး