သား၁၀ယောက်မွေးဖွားပြီးနောက် သမီးလိုချင်သောစိတ်ကို လက်လျော့လိုက်ချိန်မှ မိသားစုကမ္ဘာလေးထဲကို သမီးမိန်းခလေး ရောက်ရှိလာသည်ကို အောင်ပွဲခံသည့် မိဘနှစ်ပါး
ချစ်သူစုံတွဲတို့သည် လက်ထပ်ပြီးသည့်အချိန်၌ ကိုယ်ဝန်စလွယ်သောအချိန်တွင် သားလိုချင်ကြသည် သမီးလိုချင်ကြသည် စသဖြင့် ငြင်းခုံလေ့ရှိကြပေသည်။
သို့သော် မိဘများသည် မွေးဖွာလာသည့် သားဖြစ်စေ သမီးဖြစ်စေ မေတ္တာစစ်ဖြင့် ချစ်မြတ်နိုးကြပေသည်။
အင်္ဂလန်နိုင်ငံမှ လင်မယားနှစ်ဦးတို့သည် သမီးလေးကို အရမ်းလိုချင်တပ်မက်ခဲ့ကြသည်။သို့သော် သားယောကျ်ားလေးကိုသာမွေးဖွာခဲ့ကြသည်။
ထို့ကြောင့် သမီးလေးမွေးသည် အထိကြိုးစားကာ မွေးဖွားခဲ့သော်လည်း သားယောကျာ်းလေးကို ၁၀ဦးတိတိမွေးဖွားခဲ့သည်။၁၀ဦးမြောက်သော သားလေးကိုမွေးဖွားသည့်အချိန်တွင် လင်မယားနှစ်ဦးတို့သည် သမီးလေးလိုချင်သောစိတ်ကို လက်လျော့ကာ ကလေးမယူရန် စိတ်ဖြတ်ခဲ့ကြသည်။
ထိုအချိန်တွင် ကံကောင်းထောက်မစွာဖြင့် ကိုယ်ဝန်ကို ထပ်မံရရှိခဲ့ပြီး သမီးဦးလေးကို မွေးဖွားနိုင်ခဲ့သည်။ထိုအခါလင်မယားနှစ်ဦးသည် အလွန်ပင်ပျော်ရွှင်သွားခဲ့ပြီး လိုင်းပေါ်သို့ကြေညာကာ အောင်ပွဲခံခဲ့သည်။
1
2
3
4
5
Credit-Shoon (Cele Daily)
Zawgyi