၁၀လအရွယ် သားငယ်လေးဟာ လိုင်းပေါ်မှတစ်ဆင့် ဒေါ်လာ၁၀၀၀၀တန် အလိုအလျောက် မောင်းနှင်နိုင်သည့်ကားကို ဝယ်ယူမိခဲ့လို့ ကြေကွဲနေသည့် မိခင်တစ်ဦး

အရွယ်မရောက်သေးခင် သားသမီးလေးတို့သည် လုံးဝအလွတ်ပေး၍ မရနိုင်ဘဲ အချိန်ပြည့် စောင့်ကြည့်နိုင်မှသာလျှင် အဆင်ပြေမည်ဖြစ်သည်။ ကလေးငယ်တို့သည်ကား အရာရာကို မသိနားမလည်သေးသည့်အတွက် လုပ်ချင်တာကို လုပ်မိပြီး အန္တရာယ်များလည်း ဖြစ်စေလာနိုင်ပါတယ်။

ယခုတွင်လည်း အသက်တစ်နှစ်ပင် မပြည့်သေးသည့် ၁၀သားအရွယ် ကလေးငယ်လေးဟာ ဖုန်းဆော့ရင်းဖြင့် မိခင်၏ ဘဏ်အကောင့်ထဲမှ ဒေါ်လာ၁၀၀၀၀ကို သုံးစွဲမိခဲ့တာလည်း ဖြစ်ပါတယ်။ကလေးငယ်ဟာ လိုင်းပေါ်မှတစ်ဆင့် အလိုအလျောက်မောင်းနှင်မှုစနစ်ပါဝင်သည့်ကားကို တစ်ခါတည်းငွေပေးချေပြီး ဝယ်ယူမိခဲ့တာဖြစ်ပါတယ်။

ကားအိမ်သို့လာပို့သော အခါမှသာ မိခင်ဖြစ်သူဟာ အလွန်အံ့သြနေခဲ့ရပြီး ဘဏ်အကောက့်ကို စစ်ကြည့်မိရာတွင်လည်း ပိုက်ဆံဖြတ်ထားကာ ဝယ်ယူပြီးသားဖြစ်နေခဲ့ပါတယ်။ ဝယ်ယူမှုကိုလည်း ပယ်ဖျက်၍မရနိုင် ဖြစ်နေခဲ့ရပါတယ်။

Credit-Shoon (Cele Daily)

Zawgyi






  • Leave a Comment

Categories