ယောကျာ်းလေးခန္ဓာကိုယ်နှင့် မိန်းကလေးမျက်နှာဖြစ်နေရသောကြောင့် အခက်တွေ့နေရသောအမျိုးသား

အချို့သော ယောကျာ်းလေးများသည် အမျိုးသမီးဘဝကို ရလို၍ ပြောင်းလဲခွဲစိတ်ကြသည်။

သို့ဖြစ်၍ မလေးရှားနိုင်ငံမှ Abdul Aziz အမည်ရှိသော အသက် ၂၂အရွယ် ကောင်လေးသည် ယောကျာ်းလေးအဖြစ်မွေးဖွားလာသော်လည်း မျက်နှာအသွင်အပြင်မှာ မိန်းမလှလေးတစ်ယောက်နှင့် ခပ်ဆင်ဆင်ဖြစ်နေပြီး ဆံပင်အရှည်ထားခဲ့သည်။

Azizသည် ဘောလုံးကစားရခြင်းကို နှစ်သက်သူဖြစ်ပြီး တစ်နေ့တွင် ဘောလုံးပွဲတစ်ခုသို့ သွားရောက်ခဲ့ရာ လုံခြုံရေးအစောင့်များမှ မိန်းကလေးဟု ထင်မှတ်ပြီး အမျိုးသမီးလုံခြုံရေးအစောင့်အား ခေါ်ယူကာ စစ်ဆေးခဲ့သည်။

ထိုတွင် Azizက သူသည် အမျိုးသားဖြစ်ကြောင်းပြောဆိုခဲ့ပြီး မှတ်ပုံတင်ကဒ်ပြားအား ထုတ်ပြခဲ့ရသည်။Azizသည် ယခုလို ကိစ္စများအား အကြိမ်ပေါင်းများစွာ ကြုံတွေ့လာခဲ့၍ သူ့အတွက်တော့ အထူးအဆန်းကြီး မဟုတ်တော့ပါ။

နောက်ပိုင်းတွင် Azizသည် ဆံပင်ရှည်ကို ညှပ်လိုက်သောအခါတွင်လည်း “Tom boy” ဟုပင် ထင်ကြ၍ ဘယ်လိုနေနေ လူတို့ဧ။် အမြင်နှင့်ပက်သက်ပြီး ဝေဖန်ချက် ထင်မြင်ချက်များစွာကိုတော့ အမြဲကြားနေရစမြဲဖြစ်သည်။

Credit-Hlaing (Love Feeling )

Zawgyi








  • Leave a Comment

Categories