ဘယ်မိန်းကလေးမဆို လက်ထပ်ချင်လောက်မယ့် ဟာသညဏ်အပြည့်နှင့် အမျိုးသားများ

ကိုယ့်ရဲ့ ကောင်မလေးကို ချစ်ကြောင်းပြသဖို့အတွက် အမျိုးသားတွေ ထိရောက်တဲ့ နည်းလမ်းကောင်းတွေ အများကြီးပါပဲ။ တချို့သော အမျိုးသားတွေ သမားရိုးကျ နည်းလမ်းတွေနှင့် ကိုယ့်ရဲ့ အချစ်ကို ဖော်ပြကြလေ့ရှိပေမယ့် တချို့ကတော့ နောက်တစ်ဆင့်တက်ပြီး ကိုယ့်ရဲ့ အချစ်ကို ဟာသဆန်ဆန်ဖော်ပြကြလေ့ရှိပါတယ်။ ဟာသညဏ်အပြည့်နှင့် ကိုယ့်ချစ်သူကို ပျော်ရွှင်အောင်ထားနိုင်ခြင်းကလည်း အမျိုးသမီးတိုင်း လက်ထပ်လိုကြတဲ့ အရည်အသွေးလို့ဆိုရမယ်ထင်ပါတယ်။သင်သာဆိုရင်ကော အခုဖော်ပြပေးမယ့် ဟာသညဏ်အပြည့်နှင့် အမျိုးသားတွေလို လူမျိုး ကို လက်ထပ်ချင်ပါ့မလား။ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။

(၁)

လိုက်ကာတွေ၊မျက်လုံးအစွပ်တွေမရှိဘူးလာ…

ရတယ်လေ မိန်းမ ရှိပြီးသား

(၂)


ကျွန်မ အမျိုးသားကို ကြောင်လေး အမွှေးပုံသွင်းဖို့ အကူအညီတောင်းမိလိုက်ပါတယ်။ သူလုပ်ချင်တာ လုပ်လာလေရဲ့

(၃)

ကျွန်တော် ကလေးအဖေ ဖြစ်ခါနီး မိနစ်ပိုင်းအလိုမှာ အရမ်းပျော်နေလို့ မှတ်တမ်းတင်ထားတာပါ။ အမျိုးသမီးလည်း မျက်နှာအမူအရာက ကွက်တိဆိုတော့ သူလည်း ကြိုက်လောက်မှာပါ။

(၄)

ကလေးအခန်းထဲမှာ ဟောလိုးဝင်းဝတ်စုံအပြည့်နှင့် သွားထိန်းပေးနေတာကို အလုပ်လုပ်နေတဲ့မိန်းမဆီ အီးမေလ်းနှင့် ပို့ပေးတဲ့ ယောကျာ်း။ သူအမျိုးသမီးတော့ အလုပ်လုပ်ရတာ စိတ်ချလက်ချ မဟုတ်တော့မှာတော့ သေချာတယ်။

(၅)

ခွေးနှင့်ဆော့ရင်းလည်း မိန်းမဖြစ်သူကို အပန်းပြေစေနိုင်သူ

(၆)

မွေးနေ့လက်ဆောင် COACH လက်ကိုင်အိတ်လေး ပူဆာမိပါတယ်။ ဝယ်ချလာတာ စိတ်ဆိုးရမလား ရီရမလားတောင် မသိတော့ပါဘူး။

(၇)

သင့်ကို စိတ်ဆိုးအောင်စပြီးမှ ပြန်လည်ပြုံးစေနိုင်တဲ့ ညဏ်ကြီးရှင်။ စာရွက်နှစ်ရွက်ကို ပူးပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာ မိန်းမကို ချော့သိပ်နေတဲ့ အဓိပ္ပါယ်မျိုး ပေါ်ထွက်လာခဲ့ပါတယ်။

(၈)

အိမ်က ယောင်္ကျားကို ကြက်သား ထုတ်ပေးထားဖို့ပြောတာ ဒီလို လုပ်ပေးထားတယ်

(၉)

ကလေးနဲ့ ခင်ပွန်းကို တစ်ရက်လောက် အိမ်မှာ ထားခဲ့မိပါတယ်… မနက်စာစားနေတဲ့ပုံကို ဒီလို ပို့ပေးခဲ့တယ်

(၁၀)

လက်စွပ်ပျောက်မှာစိုးလို့ သေချာသိမ်းပေးထားပါပြောတာကို တသွေမသိမ်းလိုက်နာတဲ့ ခင်ပွန်းကောင်းလေး

(၁၁)

ကျွန်တော့်ရဲ့ ဆိုရှယ်မီဒီယာ ပရိုဖိုင်ပုံပေါ်မှာမိန်းမဖြစ်သူက သမီးလေးပုံတင်စေချင်တော့လည်း ကျွန်တော်လည်း လိုက်လျောလိုက်ပါတယ်။

(၁၂)

ခင်ပွန်းဖြစ်သူဆီက ရတဲ့ အကောင်းဆုံးလက်ဆောင်

(၁၃)

မီးဖိုပေါ် စပါကတီလေး တင်လိုက်ပါလို့ ပြောတာကို တကယ်တင်ထားတဲ့ ခင်ပွန်းဖြစ်သူ။ ပြောတဲ့စကားကို တစ်သွေ မတိမ်း လိုက်နာတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတာ ဂုဏ်ယူရပါတယ်။

(၁၄)

မျက်စိအောက်က တစ်စက္ကန့်တောင် အပျောက်မခံနိုင်တဲ့ ခင်ပွန်းဖြစ်သူပါ။ အိမ်သာတက်နေတဲ့ ဇနီးထံကို အမျိုးသားက အိမ်သာတံခါးအောက်ကနေ တစ်ရှူးစလေး ထိုးပေးခဲ့ပါတယ်။ တစ်ရှူးပေါ်မှာ ရေးထားတာကတော့ အိမ်သာပဲ တက်မနေနဲ့။ နင့်ကို ငါ သတိရနေပြီ တဲ့။ ရွှဲ့တာလား ၊ တကယ် သတိရတာလားနော်။

(၁၅)

ကျွန်မတို့ မွေးထားတဲ့ ခွေးလေးနှင့် အချိန်ဖြုန်းပေးပါဆိုတာကို မဟုတ်တဲ့ နည်းတွေနှင့် အချိန်ဖြုန်းတဲ့ ယောကျာ်း။ ခွေးလေးမျက်နှာကိုလည်း ကြည့်လိုက်ကြပါအုံး သနားဖို့တောင်ကောင်းသေးတယ်။

(၁၆)

ကလေးကို အဖေနှင့် ၁၀မိနစ်လောက်လေး လွှတ်ထားမိတဲ့ အခါ

(၁၇)

နောက်တစ်နေ့လည်း ထပ်ပြီး ကလေးကို အဖေနှင့် ၁နာရီကြာအောင် လွှတ်ထားမိတဲ့ အခါ

(၁၈)

နေ့လည်စာလေး လာပို့ပေးပါဆိုလို့ တကူးတကျ စီစဉ်ပြီး လာပို့ပေးရှာတာပါ။

(၁၉)

ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ဖို့ အကူအညီတောင်းလိုက်တဲ့ အခါမှာ ကစားစရာတွေပါ တိုးလာပါတယ်။

(၂၀)

ယောကျာ်းရဲ့ အရပ်က ၆ပေ ၁ ၊ မိန်းမဖြစ်သူရဲ့ အရပ်က ၅ပေ ၁ .. သူ့ကိုရေချိုးခန်းမှာ မှန်ဆင်ခိုင်းလိုက်တာ ဒီလိုဖြစ်သွားလေရဲ့

(၂၁)

ကျွန်တော့်မိန်းမကို မသိမသာနှင့် အရိပ်အမြွက်တွေ လှမ်းပြနေတာပါ။ သူ့ဘာသာသူ အရိပ်က ကြီးလွန်းနေတာပါ။

(၂၂)

မိန်းမကို လက်စွပ်ဝယ်ပေးလို့ ပျော်မယ်ကျန်သေး … ခွက်နဲ့ ခေါင်းမထုခံရရင် ကံကောင်းနော်။

(၂၃)

သူ့မိန်းမက ရေချိုးရင်တော့ နှလုံးရောဂါရသွားနိုင်တယ်

(၂၄)

မိန်းမက ခြံစောင့်ဖို့ အစောင့်ခွေးတစ်ကောင်လောင် မွေးဖို့ ပြောတဲ့အခါမှာတော့ ယောင်္ကျား အိုင်ဒီယာလေးကတော့

(၂၅)

ခန္ဓာကိုယ်ဝိတ်နဲ့ ပတ်သတ်လာရင် ကိုယ့်ရဲ့ ဘယ်ကောင်မလေးကိုမှ အဲ့လို မနောက်သင့်ပါဘူးနော်။

(၂၆)

ပန်းကန်ဆေးရမှာ ပျင်းတဲ့အခါမှာတော့ ခုလို ညာဏ်ကောင်းရတာပေါ့လေ

ဖော်ပြပေးခဲ့တဲ့ ခင်ပွန်းတွေက တကယ့်ကို အူကြောင်ကြောင်နိင်စေမယ့် သူတွေချည်းပါပဲ။ သင်ဆိုရင်ကော သူတို့လိုလူမျိုးရဲ့ ဇနီးတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လို ခံစားရမလည်း။ သေချာတာကတော့ သူတို့လုပ်လိုက်သမျှကို ပြန်ဖြေရှင်းပေးရင်းနှင့် ပျင်းရမယ်ကို မထင်ပါဘူး။

Credit-shwenyanshin

  • Leave a Comment

Categories