သမီးဖြစ်သူနှင့် ညီအစ်မတွေဟု ထင်ရလောက်သည့် လှပနုပျိုမှုနှင့်အတူ လှပသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသော အသက် ၅၂ နှစ်အရွယ် အမျိုးသမီး
လူသားတိုင်း အသက် ၅၀ အရွယ်ဆိုရင်ပဲ ရုပ်ကျကာ အိုမင်းရင့်ရော်လာခြင်းက သိသာလွန်းနေပါသည်။
သို့ဖြစ်၍ တောင်ကိုးရီးယားနိုင်ငံမှ Lee Su Jin အမည်ရှိသူ အသက် ၅၂ နှစ် အရွယ် ရှိပြီးသော်လည်း အိုမင်းရင့်ရော်ခြင်းမရှိပဲ အမြဲ နုပျိုလန်းဆန်းကာ အလှတရားတွေ မပျက်စီးသေး၍ နာမည်ကြီးလာသူတစ်ယောက် ဖြစ်သည်။
Lee Su Jin သည် နိုင်ငံတွင်းရှိ ကျော်ကြားသော သွားဆရာဝန်မ တစ်ဦးဖြစ်၍ အိမ်ထောင်ရှိပြီး အထက်တန်း ကျောင်းတက်နေသော သမီးလေးတစ်ယောက်လည်း ရှိသည်။
သမီးဖြစ်သူနှင့် ပုံများတွဲရိုက်ပြီး လိုင်းပေါ်သို့ တင်သည့်အခါတွင် သူမဧ။် နုပျိုသော မျက်နှာနှင့် sexyကျသော ခန္ဓာကိုယ်နှင့် ခပ်ဟော့ဟော့ အဝတ်အစားများနှင့် ဖက်ရှင်ကျမှုကြောင့် အကုန်လုံးက ညီအစ်မတွေဟု ထင်ကြသည်။
သူမဧ။် ငယ်ရွယ်နုပျိုသော အလှတရားကို ထိန်းသိမ်းထားနိုင်ခြင်း အကြောင်းမှာ စိတ်ကို အတတ်နိုင်ဆုံး ပျော်ရွှင်လန်းဆန်းအောင် ထားရှိပြီး အရေပြားနှင့် အစားအစာတို့ကို အထူးဂရုစိုက်၍ အားကစားနှင့် ယောဂလည်း လိုက်စားသည်ဟု သိရသည်။
သူမဧ။် ငယ်ရွယ်နုပျိုမှုနှင့် ပက်သက်ပြီး ခွဲစိတ်ထားသည်ဟု ထင်ကြသော်လည်း နဂိုမူလသာ ဖြစ်ပြီး ယခုအခါ မဂ္ဂဇင်းများတွင် ကြော်ငြာမော်ဒယ်အဖြစ် ရပ်တည်လျက်ရှိသည်။
Credit-Hlaing (Love Feeling )
Zawgyi
  • Leave a Comment
Categories