လက်ထပ်ပြီးနောက် ၁၉ နှစ်အကြာမှ ဇနီးဖြစ်သူက ယောကျ်ားတစ်ယောက်ဖြစ်နေခဲ့မှန်းကို သိသွားခဲ့ရတဲ့ အမျိုးသားတစ်ဦးရဲ့အဖြစ်

Belgian နိုင်ငံသားအမျိုးသားတစ်ဦးဟာ လက်ထပ်ပြီး ၁၉ နှစ်အကြာမှ သူ့ရဲ့ဇနီးဖြစ်သူက ယောကျ်ားအဖြစ် မွေးဖွားလာခဲ့ကြောင်းကို တွေ့ရှိခဲ့ရပြီး အတော့်ကို အံ့အားသင့်သွားခဲ့ရပါတယ်။အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jan အမည်ရှိအဆိုပါအမျိုးသားဟာ အင်ဒိုနီးရှားလူမျိုးဖြစ်တဲ့ဇနီးသည်က ယောကျ်ားဖြစ်နေပြီး ခွဲစိတ်ကုသမှုတွေလုပ်ခဲ့ကြောင်းကို သိခဲ့ရပြီးနောက် Jan ဟာ ၎င်းတို့ရဲ့အိမ်ထောင်ရေးဘဝကို အဆုံးသတ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။

Jan ရဲ့အဆိုအရ ဇနီးဖြစ်သူ Monica ဟာ ရာသီလာချိန်မှာ ဟန်ဆောင်ကာ သူ့အား ကောင်းစွာ လှည့်စားနိုင်ခဲ့တာကြောင့် ဇနီးဖြစ်သူထံမှ ယောကျ်ားတစ်ယောက်ရဲ့စရိုက်များကို သူလုံးဝမတွေ့ခဲ့ရပါဘူး။

Jan ဟာ ဇနီးဖြစ်သူနဲ့အတူ နှစ်ပေါင်းများစွာ အိပ်ခဲ့တာတောင် အမှန်တရားကို မဖော်ထုတ်နိုင်ခဲ့ပါဘူး။

၎င်းတို့စုံတွဲဟာ သာမန်မိသားစုဘဝလေးကို နှစ်ပေါင်းများစွာနေထိုင်ခဲ့ပေမဲ့ Monica က အချိန်ပြည့်အလုပ်တစ်ခုကို လုပ်လာခဲ့ပြီးနောက်မှာတော့ ၎င်းတို့ဟာ အရာရာပြောင်းလဲလာကာ ချမ်းသာစွာ နေထိုင်လာခဲ့ကြပါတယ်။

ထို့အပြင် Jan ဟာ သူ့ရဲ့ယခင်ဇနီးနဲ့ရတဲ့သားထံ နှင့် သူ့ရဲ့မိတ်ဆွေတစ်ဦးထံမှ ဇနီးဖြစ်သူ Monica ဟာ ယောကျ်ားကနေ မိန်းမအဖြစ်ပြောင်းထားတာဆိုတဲ့ကောလဟလများကိုပါ ကြားသိခဲ့ရပါတယ်။

ထို့နောက် ပိုသေချာတဲ့တစ်ခုက ဇနီးသည်ရဲ့ကွန်ပြူတာရှိ အခြားယောကျ်ားများထံမှ “ ချစ်စဖွယ်မက်ဆေ့ချ်များ” ကို ရှာဖွေတွေ့ရှိခဲ့ရပြီးနောက် နောက်ဆုံးမှာ Jan ဟာ သူမနှင့်ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

“ ငါ သူမကို နံရံနားကပ်တွန်းလိုက်ပြီး ’ ငါ အခု အမှန်တရားကို သိသွာရပြီ ၊ မင်းက ယောကျ်ားကြီးမလား’ လို့ မေးတော့ သူမက သူမအနေနဲ့ ယောကျ်ားတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပြီး ခွဲစိတ်ကုသခဲ့တာလို့ ဖြေခဲ့တယ် ၊ အခုတော့ သူမက အမျိုးသမီးတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး သူမအနေနဲ့သူမရဲ့နောက်ကြောင်းတွေကို ပြောပြစရာမလိုဘူးလို့ ပြောလိုက်တော့ ငါ ကမ္ဘာပျက်မတတ်ခံစားလိုက်ရတယ် ၊အဲ့ဒီညမှာဘဲ ရဲတွေ အိမ်ကို ရောက်လာခဲ့တယ်” လို့ Jan က ပြန်ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ Jan ဟာ စိတ်ရောဂါကုသမှုကိုခံယူနေရပြီး ဇနီးဖြစ်သူ Monica နှင့်သူ့ရဲ့လက်ထပ်ခြင်းကို ဖျက်သိမ်းကာ တရားစွဲဆိုမှုများစတင်ခဲ့ပါတယ်။သို့ပေမဲ့ Belgian တရားရုံးက Jan အား Monicaကို သူတို့အိမ်မှ မောင်းထုတ်ခွင့်မရှိကြောင်း တားမြစ်ကာ အမိန့်ပေးခဲ့ပါတယ်။

Credit-Mia (KBdailynews)

  • Leave a Comment

Categories