တကယ်လို့သင်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးနေရာများကို မြင်တွေ့ပြီးပြီ ရောက်ဖူးခဲ့ပြီလို့ထင်နေလျှင်မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့အခုဒီဆောင်းပါးမှာဖော်ပြထားတဲ့နေရာများဟာ သင်ထင်ထားတာထက်ကိုပိုပြီး ထူးဆန်းအံဩဖွယ်ကောင်းနေလို့ဘဲဖြစ်ပါတယ်။
(၁)အမေရိကန်နိုင်ငံက The Grand Prismatic ရေပူစမ်း
နယူးဇီလန်နိုင်ငံရှိ Frying Pan ပထမအကြီးဆုံးရေပူစိမ့်စမ်းရေကန် နှင့် ဒိုမီကန်သမ္မတနိုင်ငံရှိ ဒုတိယအကြီးဆုံးရေဆူ အိုင် ပြီးနောက် ဒီရေပူစမ်းဟာ ကမ္ဘာ့တတိယအကြီးဆုံး ရေပူစိမ့်စမ်းဖြစ်ပါတယ်။ ထိုရေပူစမ်းကြီးဟာ အချင်း ၃၇၀ပေရှိပြီး ဘောလုံးကွင်းထက်ပိုကြီးပါတယ်။(အရှည် ၂၆၀ပေ နှင့် အကျယ် ၁၆၀ပေ)။
(၂)တူရကီနိုင်ငံက ကပ်ပါဒိုးရှားမြို့
တူရကီနိုင်ငံဟာ အရောင်စုံလှပသော ရှူခင်းများကြောင့် လူသိများကြပါတယ်။သို့သော် တူရကီနိုင်ငံ၏ သမိုင်း၀င်ဒေသတစ်ခုရဲ့အလှတရားများကို လူတိုင်းမတွေ့ဖူးကြသေးပါဘူး။နေထွက်ချိန်စတင်ပြီဆိုတာနဲ့ လှပတဲ့ မိုးပျံပူဖောင်းကြီးတွေ၊ကျောက်တောင်ချိူင့်ဝှမ်းတွေ ၊ ရွာ တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ရှူခင်းများကိုထိုမြို့ရဲ့ အထက်စီးကနေ မြင်တွေ့နိုင်ပါတယ်။
(၃)ကယ်လီဖိုးနီးယားပြည်နယ်က Mammoth ရေအိုင်
သင့်ကိုယ်သင် အံဩစရာကောင်းသော အသဲပုံစံရေပူစမ်း ချိူင့် အစွန်းနားလေးမှာ ထိုင်ရင်း သဘာ၀အလှတရားကိုခံစားနေတယ်လို့ တွေးကြည့်လိုက်ပါ။ တောင်ရဲ့အရွယ်အစား ၊ ချိူင့်ဝှမ်းနှင့် ကြည်လင်သောတောင်ကျရေများကိုဖော်ကြူးကာ သူရဲ့နာမည်ကိုပေးထားတာဖြစ်ပါတယ်။
(၄)ဖင်လန်နိုင်ငံက Kakslauttanen ဟိုတယ်
အာတိတ်လို့ သင်ကြားလိုက်တာနဲ့ ပထမဆုံးသင်ဘာကိုတွေးမြင်မိပါသလဲ။ အေးချမ်းလှတဲ့ ဆောင်းနှင်းကျချိန်မှာ ဖြူဖွေးသော ရှူခင်း များနဲ့ မြူနှင်းများ ပိတ်ဖုံးလွမ်းနေတဲ့ ဟိုတယ်ထဲရှိ မှန်ကနေ သစ်တောရဲ့အလယ်ကအလှတရားများကိုခံစားကြည့်လိုက်ပါ။ ထို ဟိုတယ်နေရာလေးဟာ အလှတရားကိုခံစားဖို့ အကောင်းဆုံးအကြံပြုထားသော နေရာဖြစ်ပြီး မြောက်ပိုင်းနဂါးငွေ့တန်းအလင်းရောင်များကိုလည်းမြင်တွေ့နိုင်ပါတယ်။
(၅)အင်္ဂလန်နိုင်ငံ Cornwall က St. Michael’s တောင်
St. michaelတောင်ဟာ ကမ္ဘာပေါ်ရှိ ကျွန်းများထဲတွင် ဒဏ္ဍာရီအဆန်ဆုံး ၊ ရှေးအကျဆုံး နှင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ လောက်က မယုံကြည်လောက်နိုင်တဲ့သမိုင်းများနဲ့ အံအားသင့်စရာကောင်းတဲ့နေရာဖြစ်ပါတယ် ။ St. Aubyn မိသားစုရဲ့ ရဲတိုက်ကြီးနဲ့ ခံတပ်အဆောက်ဦးများဟာ ၁၆၅၀မတိုင်ခင်ကတည်းက တည်ရှိနေခဲ့တဲ့သမိုင်းကြောင်းတွေလည်းရှိပါတယ်။
(၆)မက်စီကို နိုင်ငံက Cenote Ik-Kil
မက်စီကို နိုင်ငံဟာ ချိုင့်ဝှမ်းရေအိုင် လှိုဏ်ဂူစိမ့်စမ်းများ ပေါများပြီး သဘာ၀အလှတရားကို အကောင်းဆုံး ခံစားနိုင်တဲ့နေရာကတော့ lk-Kil ပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ထိုနေရာကိုသွားမယ်ဆိုလျှင် ၂၆မီတာ လောက် အောက်ထဲကို ဆင်းရမှာဖြစ်ပြီး lk-Kilရှိ ရေဟာ ၄၀မီတာ အနက်ရှိပြီး အချင်းက ၆၀မီတာရှိပါတယ်။
(၇)စကော့တလန်က Smooလှိုဏ်ဂူ
Smoo လှိုဏ်ဂူဟာ စကော့တလန်ရှိ စိတ်၀င်စားစရာအကောင်းဆုံးနှင့် ရှေးဒဏ္ဍာရီဆန်သော လှိုဏ်ဂူတစ်ခုဖြစ်ပါတယ်။ ဗြိတိန်ရဲ့ အကြီးမားဆုံးဂူတစ်ခုလည်းဖြစ်ပါတယ်။ Smoo လှိုဏ်ဂူဥမင် ရဲ့ဆိုလိုရင်းမှာ အပေါက်တစ်ခု (a hole) နှင့်ပုန်းကွယ်နေတဲ့နေရာ (hidding place)ပဲဖြစ်ပါတယ်။ ဒါကြောင့်အဲ့နေရာဟာ လူသူ သိပ်မနေတဲ့နေရာဖြစ်ပြီး အတွေ့ကြုံ အထူးအဆန်းများကိုရရှိနိုင်တဲ့ ဥမင်တစ်ခုပဲဖြစ်ပါတယ်။
Credit-beesportnews