အရမ်းလှနေတာကြောင့် အသက် ၂၆နှစ်ရှိပြီဖြစ်သော်လည်း ရည်းစားတစ်ယောက်မှ မရပဲ ဖြစ်နေသည့် မော်ဒယ်မလေး

အချစ်ဆိုသော အရာသည် ဆန်းကြယ်သော အရာတစ်ခုဖြစ်ပြီး လုပ်ယူ၍မရသည့် အရာတစ်ခုလည်းဖြစ်သည်။

သို့ဖြစ်၍ ဆွစ်ဇာလန်နိုင်ငံမှ Celine Centino အမည်ရှိသော အသက် ၂၆နှစ်အရွယ် နာမည်ကြီး မော်ဒယ်မလေးသည် သူမဧ။် အရမ်းလှပသော ရုပ်ရည်အသွင်အပြင်ကြောင့် ရည်းစားတစ်ယောက်မှ မရပဲဖြစ်နေရာ တစ်ခါလောက်ပဲဖြစ်ဖြစ် ရည်းစားထားကြည့်ဖူးချင်နေခဲ့သည်။

မိန်းကလေးသည် အထက်တန်းကျောင်းသူအရွယ်က ယခုလိုပုံစံမျိုးမဟုတ်ပဲ ဖက်တီးမလေးဖြစ်ခဲ့ရာ အတန်းဖော်နှင့် သူငယ်ချင်းများဧ။် လှောင်ပြောင်ခြင်း အနိုင်ကျင့်ခြင်းတို့ကို ခံခဲ့ရကာ ခင်မင်ရင်းနှီးမည့်သူပင်မရှိခဲ့သည့်အတွက် ကျောင်းထွက်ချင်သည်ထိ စိတ်ဓာတ်တွေ ကျခဲ့ရသည်။

ထို့ကြောင့် မိန်းကလေးသည် အသက် ၁၉နှစ်အရွယ်တွင် စွန့်စားပြီး ပလက်စတစ်ခွဲစိတ်မှုကိုဒေါ်လာ၃၆၀၀၀ကုန်ကျခံပြီး ပြုလုပ်ခဲ့ရာ အသက်၂၆နှစ်တွင် ချောမောလှပသော မိန်းမလှလေးဖြစ်ခဲ့ပြီး နာမည်ကြီး မော်ဒယ်မလေးတစ်ဦးအဖြစ်သို့ရောက်ရှိခဲ့သည်။

သို့သော်လည်း မိန်းကလေးသည် ကောင်လေးများနှင့် ချိန်းတွေ့သည့်ခါတိုင်း အရမ်းလှနေတာကြောင့် ကောင်လေးတွေက မျက်နှာကို စေ့စေ့ပင်မကြည့်ရဲပဲ ရှက်ကိုးရှက်ကန်းဖြစ်နေကြသဖြင့် ရည်းစားတစ်ယောက်မှ မရခဲ့ပဲဖြစ်နေသည်။

Credit-Hlaing (Love Feeling)

Zawgyi








  • Leave a Comment

Categories