ချမ်းသာတဲ့သူတွေကိုမရွေးဘဲ ချစ်သူကောင်လေးအဖြစ် Taxi ကားမောင်းသူကိုရွေးချယ်ခဲ့လို့ ဝေဖန်ခံနေရတဲ့ မော်ဒယ်မလေး

ချမ်းသာကြွယ်ဝပြီး လှပတဲ့ရုပ်ရည် နဲ့ ၂၂ နှစ်အရွယ် Jubjang Nutchanart Chaichan အမည်ရှိ မော်လ်ဒယ်မလေးဟာ ၂၅ နှစ်အရွယ် Wutthichai Saeng-ngern လို့ခေါ်တဲ့ မရှိဆင်းရဲသား မော်တော်ယာဉ်မောင်းသူကို ရွေးချယ်ခြင်းကြောင့် အင်တာနက်ပေါ်က လူတွေရဲ့ လှောင်ပြောင်မှုတွေ ရရှိခဲ့ပါတယ် ။ Saeng-ngern က တစ်လမှာ ဘတ်ငွေ ၁၅၀၀၀ (ဒေါ်လာ ၄၆၀) ခန့်သာ ဝင်ငွေရရှိတာပါ ။ Chaichan ကတော့ စံပြပုဂ္ဂိုလ်အဖြစ် ရရှိတဲ့ဝင်ငွေနဲ့ အလွန်ဝေးကွာသော်လည်း သူတို့ဟာ ၅ နှစ်နီးပါးအတူတကွ နေထိုင်ခဲ့ကြတဲ့စုံတွဲတွေကြောင့် ဘာပြဿနာမှ မရှိခဲ့ပါဘူး ။

“ ကျွန်မဘာလို့ ဒီလူကိုရွေးချယ်ရတာလဲ ဆိုတော့ ကျွန်မတို့က နည်းအမျိုးမျိုးနဲ့ ကွဲပြား ကြတယ်ဆိုပေမဲ့ ကျွန်မတို့မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်စ်တဲ့အချစ်က တူညီမှုရှိတယ် ။ ဘာပဲစားစား တူတူစားမယ်။ သူဘယ်တွေဘဲသွားသွား ကျွန်မလိုက်မယ် ။ သူလေး နဲ့ အတူ ရှိနေတဲ့အချိန်တွေမှာ ကျွန်မအရမ်းပျော်တယ်” လို့ Chaichan က ဂုဏ်ယူစွာကြေငြာခဲ့ပါတယ် ။ သူတို့နှစ်ယောက်စလုံး အတူတကွ စတင်နေထိုင်တဲ့အချိန်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာမဟမ်ဧရိယာမှာ အဝတ်အထည်နဲ့ ဖိနပ်တွေ ရောင်းတဲ့ စတိုးဆိုင်တစ်ခုဖွင့်ရန် ဆုံးဖြတ်ခဲ့သော်လည်း သူတို့ရဲ့ စီးပွားရေးမအောင်မြင်ခဲ့ပါဘူး ။ Saeng-ngern က မော်တော်ကားအငှားယာဉ်မောင်းနှင်စဉ် သူတို့ကိုယ်တိုင်ထောက်ပံ့နိုင်ရန် Chaichan က မော်ဒယ်လ်ကမ်းလှမ်းမှုများကို စတင်ခဲ့ပါတယ် ။

သူတို့ဟာ ချမ်းသာချင်မှ ချမ်းသာကောင်းမယ်ဆိုပေမဲ့ နှစ်ယောက်စလုံးက သူတို့ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ နေလိုတာကြောင့် Saeng-ngern ရဲ့ ဝင်ငွေဟာ နည်းပါးသော်လည်း Chaichan က သူကို ဂုဏ်ယူကြောင်း အမြဲပြောဆိုလေ့ရှိပါတယ် ။ Chaichan နဲ့ Saeng-ngern တို့ဟာ သူတို့အနာဂတ်အတွက် အတူတကွစုဆောင်းနေကြပါတယ် ။ သူတို့က မကြာမီလက်ထပ်ရန်နဲ့ ကလေးအချို့မွေးရန် စီစဉ်ထားကြပါပြီ ။ သူမခင်ပွန်းနဲ့ သူတို့ရဲ့အနာဂတ်ကလေးများကို ထောက်ပံ့ပေးဖို့လိုတာကြောင့် Chaichan ဟာ အလွန်အလုပ်များလိမ့်မယ်လို့ အချို့အင်တာနက်သုံးသူတွေက စိုးရိမ်ကြပါတယ် ။

1

2

3

4

5

6

7

Credit-JRose (KB Chimmy One)

Zawgyi






  • Leave a Comment

Categories